Channel Myanmar

Dan Cox

The Secret Life of Bees (2008) 7.2
The Secret Life of Bees (2008)    လီလီဆိုတဲ့ကောင်မလေးက သူမအရမ်းငယ်သေးတဲ့အချိန်မှာလုပ်မိတဲ့မတော်တဆမှုတစ်ခုကြောင့် အမေဖြစ်သူဆုံးပါးသွားခဲ့ပါတယ်။ အဖေဖြစ်သူနဲ့လည်းမတည့်တဲ့မိန်းမငယ်လေး လီလီဟာ အဖေဖြစ်သူဆီကနေ အမေ့အကြောင်းတွေမေးပေမယ့် အဖေဖြစ်သူကမပြောပြတာမို့ လူမည်းအိမ်အကူအမျိုးသမီးတစ်ယောက်နဲ့အိမ်ကနေထွက်ပြေးလာပြီး အမေ့အကြောင်းရှာပုံတော်ဖွင့်ပါတော့တယ်.....ဒီဇာတ်လမ်းကလေးဟာ 1900 ခုနစ်တွေမှာ လူဖြူလူမည်းလူတန်းစားခွဲခြားမှုတွေ လူမည်းတွေမတရားခံရမှုတွေကို မြင်တွေ့ရပြီး ဘဝရဲ့လောကဓံရိုက်ချက်တွေကို ပြသထားတာမို့ အများကြီးညွှန်းစရာမလိုဘဲ ကြည့်ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲရှင်............ File size…(1.6 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

The Secret Life of Bees (2008)

Talladega Nights: The Ballad of Ricky Bobby (2006) 6.6
Talladega Nights: The Ballad of Ricky Bobby (2006)    အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie

Talladega Nights: The Ballad of Ricky Bobby (2006)