Channel Myanmar

Dan Jeannotte

Falling in Love in Niagara (2024) 6.7
Falling in Love in Niagara (2024)  အသစ်စက်စက်ထွက်ရှိထားတဲ့ IMDb 6.7 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်‌လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးက Niagara Falls လို့အမည်ရတဲ့ ကနေဒါနိုင်ငံက ခရီးသွားဧည့်ဆွဲဆောင်တဲ့နေရာတစ်ခုမှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Niagara Falls ဆိုတဲ့နာမည်အတိုင်း ဒီမြို့မှာ နိုင်အာဂရာရေတံခွန်ကြီးတည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျကြတဲ့နေရာဖြစ်နေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလင်း နဲ့ ဂျေဆင်တို့က လက်ထပ်ကြတော့မဲ့ စုံတွဲတစ်တွဲ‌ပါ။ မက်ဒလင်းတို့အတွဲက ဟန်းနီးမွန်းကို နိုင်အာဂရာမြို့ဆီသွားဖို့အတွက် စဉ်းစားထားကြပါတယ်။ မက်ဒလင်းက အရာရာမှာ အရမ်းစည်းစနစ်ကြီးပြီး တစ်ခုခုဆိုရင် အမြဲအစီအစဉ်ဆွဲပြီးတော့မှ အတိအကျလုပ်ကိုင်တတ်သူပါ။ ဟန်းနီးမွန်းအတွက်လည်း နိုင်အာဂရာခရီးစဉ်ကို အချိန်ဇယားနဲ့ အတိအကျကို ကြိုတင်စီစဉ်ထားတာပေါ့။ ခင်ပွန်းလောင်းဖြစ်သူ ဂျေဆင်ကတော့ မက်ဒလင်ရဲ့ အရာရာတိကျသေချာအောင် အမြဲ စီစဉ်နေတတ်တဲ့အကျင့်ကိုမကြိုက်တော့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ငါးပတ်အလိုမှ မင်္ဂလာပွဲကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတော့တယ်။ဒီလိုနဲ့ အသည်းကွဲကျန်ရစ်ခဲ့တဲ့သူ မက်ဒလင်းကို ကူညီအားပေးဖို့ကတကြောင်း ကြိုတင်ဘွတ်ကင်လုပ်ပြီး ငွေပေးချေထားပြီးသားဖြစ်တဲ့ ဟန်းနီမွန်းခရီးစဉ်ကို အဆုံးရှုံးမခံသင့်တာက‌တကြောင်းကြောင့် မက်ဒလင်းရဲ့အစ်မဖြစ်သူ ဟာလီက မက်ဒလင်းနဲ့အတူ နိုင်အာဂရာကို ခရီးထွက်ဖို့ရာ စည်းရုံးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။ ...
movie

Falling in Love in Niagara (2024)

Our Christmas Mural (2023) 6.1
Our Christmas Mural (2023) ဒီတစ်ခေါက်မှာတော့ IMDB 6.1 ရရှိထားတဲ့ ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုလစ်ဗီယာက ပန်းချီပညာရှင် ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကြုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်အဖြစ်အပျက်တစ်ခုကြောင့် ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့သူပါ။ ခရစ္စမတ်ကာလမှာ တစ်ဦးတည်းသောသားလေး ပါကာ့ကို ခေါ်ပြီး မိဘအိမ်ပြန်နေဖို့ စီစဉ်ထားရာကနေ သူ့ဘဝရဲ့အလှည့်အပြောင်းလေး တစ်ခုဖြစ်ခဲ့ပါတော့တယ်။အဲဒါကတော့ သူမရဲ့မိဘအိမ်ဖြစ်တဲ့ ဝယ်လ်လင်တန်ကို ရောက်ရှိသွားခဲ့ရာကနေ အဲဒီမြို့လေးမှာ ဘုနဲ့ဘောက်ဖြစ်စွာ လူတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါပဲ။ စကတည်းက ယဉ်သလိုဆိုသလို ရန်ဖြစ်ပြီး စတွေ့ခဲ့တဲ့ ဝယ်လ်ဆိုတဲ့သူက သူမနဲ့ အမှတ်မထင်ဘဲ အလုပ်အတူလုပ်ရဖို့ ဖြစ်လာခဲ့ချိန်မှာတော့.. ဖြစ်ချင်တော့ အဲဒီမြို့လေးမှာ နံရံဆေးရေးပန်းချီပြိုင်ပွဲတစ်ခု ရှိနေခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကို ဖိတ်ခေါ်နေခဲ့တာပါ။အိုလစ်ဗီယာက ဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ သူ့အမေဖြစ်သူ ကောင်းမှုကြောင့် ဝင်ပြိုင်ဖြစ်သွားခဲ့တယ်ပေါ့လေ။ စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးနေသူ အိုလစ်ဗီယာတစ်ယောက် နံရံဆေးရေးပန်းချီကိုသတ်မှတ်အချိန်အတွင်း ပြီးဆုံးအောင်ဆွဲနိုင်ပါ့မလား.. သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းကရော ဘာများဖြစ်မလဲ.. ဝယ်လ်နဲ့ရော ဘုနဲ့ဘောက်ဖြစ်ရာကနေ ဘယ်လိုတွေ love spark လေးတွေ‌ ပေါက်ဖွားလာမလဲ ဆိုတာကိုတော့.. ...
movie

Our Christmas Mural (2023)

Death Race(2008) 6.7
Death Race(2008) Death Race(2008)*****************ကြမ်းကြမ်းတမ်းတမ်းကားမောင်းပြိုင်ပွဲတွေ အပစ်အခက်နဲ့အက်ရှင်တွေကို ကြည့်ရတာသဘောကျတဲ့ပရိသတ်ကြီးအတွက် Death Race ဇာတ်ကားလေးကားရှိတဲ့အထဲမှာ ပထမဆုံးကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Resident Evil ဇာတ်ကားတွေကို ရိုက်ကူးပေးခဲ့တဲ့ဒါရိုက်တာကြီး Paul W.S. Anderson ကရိုက်ကူးပေးထားပြီး ပရိသတ်တွေနဲ့မစိမ်းတဲ့ အက်ရှင်မင်းသားကြီး Jason Statham နဲ့အတူ Natalie Martinez, Ian McShane, Joan Allen နဲ့ Tyrese Gibson တို့ကအဓိကပါဝင်သရုပ်ထားပါတယ်။မိန်းမနဲ့သမီးလေးကိုအလုပ်ကြမ်းလုပ်ရင်းနဲ့ စောင့်ရှောက်နေတဲ့ပြိုင်ကားမောင်းသမားဟောင်း ဂျန်ဆန်အိမ်းစ်ဟာ ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို အလုပ်ပြုတ်တဲ့နေ့မှာပဲ မိန်းမဖြစ်သူကိုသတ်တဲ့အမှုနဲ့ အမှုဆင်ချောက်ချခံရပါတယ်။ သူရောက်သွားတဲ့ထောင်ကလည်း တစ်သက်တစ်ကျွန်းအကျဉ်းသားတွေပဲရှိတဲ့ ထောင်တစ်ခုဖြစ်ပြီး အဲ့ဒီကနေလွတ်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကလည်း သေခြင်းတရားပြိုင်ပွဲလို့ခေါ်တဲ့ ကားပြိုင်ပွဲကို ငါးကြိမ်နိုင်ရမှာပဲဖြစ်ပါတယ်။ ဖရန်ကင်စတိုင်းဆိုတာကတော့ အဲ့ဒီကားပြိုင်ပွဲကို လေးကြိမ်အထိအနိုင်ရခဲ့ပြီး ပရိတ်သတ်ရဲ့စိတ်ဝင်စားမှု အခံရဆုံးကားမောင်းသမားပဲဖြစ်ပါတယ်။ အဲ့ဒီဖရန့်ဟာမတော်တဆမှုကြောင့် နောက်ဆုံးကားပြိုင်ပွဲမှာသေဆုံးခဲ့ပြီး အားပေးမှုအများဆုံးလူဖြစ်တဲ့ နောက်တစ်ခါနိုင်ရုံနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရမယ့်ဖရန့်နေရာမှာ ဂျန်ဆန်ကိုအစားဝင်ဖို့အတွက် ထောင်ပိုင်ကကမ်းလှမ်းလာတဲ့အခါမှာတော့...မိန်းမကိုသတ်ခဲ့တဲ့သူကိုလိုက်ရှာရင်းနဲ့ အပြင်မှာရှိနေတဲ့သမီးလေးဆီကိုပြန်သွားနိုင်ဖို့ ဂျန်ဆန်အနေနဲ့ ဘယ်လိုတွေကြိုးစားမလဲဆိုတာကို အက်ရှင်တွေအပြည့်နဲ့ ခံစားကြရမှာပဲဖြစ်ပါတယ်File Size :(3.1GB)(1.1GB) and (380 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:45:00 Genre :Action, Crime , Sci-Fi Subtitle : ...
movie

Death Race(2008)

The Royal Nanny (2022) 6.9
The Royal Nanny (2022) The Royal Nanny (2022)ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ spy kids တို့ spy next door တို့လိုမျိုး ပေါ့ပေါ့ပါးပါးလဲဖြစ်မယ် ခိုင်မာတဲ့ဇာတ်အိမ်လေးလဲရှိမယ် မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး အပန်းဖြေကြည့်ရှုဖို့ဆိုရင်တော့ နောက်ဆုံးထွက်လာတဲ့ ဒီဗြိတိန်ကားလေးကို ညွှန်းဆိုပေးပါရစေ ‌ ဗြိတိန်တော်ဝင်မိသားစုကို အန္တရာယ်ပေးမယ့်သူတွေရှိနေလို့ အနီးကပ်အသွင်ယူအနေနဲ့ ကလယ်ရာဟာ ‌ကလေးထိန်းအဖြစ်တာဝန်‌ထမ်းဆောင်ဖို့ အကြောင်းဖန်လာပါတယ် ဒီခြိမ်းခြောက်မှုကို ကြိုးကိုငါနေတာဘယ်သူလဲဆိုတာ ဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ခရစ္စမတ်လို ဟောလီဒေးvibe ကို ရရှိနေမှာမလို့ ပရိသတ်ကြီးတို့ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.5GB | 688MB | 329MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai ...
movie

The Royal Nanny (2022)

2022
RED 2 (2013) 6.6
RED 2 (2013) RED 2 (2013) IMDb - 6.6/10_____Rotten - 44%    ဒီတစ်ခါတော့ RED 1 ရဲ့အဆက် RED 2 ဆိုတဲ့အက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ပထမဇာတ်ကားထဲမှာလိုပဲ အချစ်နဲ့ အက်ရှင်ကိုခပ်မြူးမြူးလေး ပေါင်းစပ်ရိုက်ကူးထားတာပါ ပထမကားကိုကြည့်ထားပြီးတဲ့ပရိသတ်တွေကိုအေးဂျင့်ဟောင်းကြီးဖရန့်ခ်နဲ့ ဆာရာတို့ရဲ့ အချစ်ဇာတ်လမ်းကိုတော့ အထူးအထွေ မိတ်ဆက်ပေးဖို့မလိုတော့ဘူးထင်ပါတယ် ဖရန့်ခ်ကသူ့ကောင်မလေးကို အရမ်းချစ်ပြီး ဘာမှမဖြစ်စေရအောင်သူပဲ ကာကွယ်ပေးချင်နေပါတယ် ဆာရာကလဲ အဲလိုကာကွယ်ခံရတဲ့ဘဝကိုငြီးငွေ့နေပြီး သူ့ချစ်သူအရိပ်အောက်ကလွတ်ဖိ မာဗင်ရဲ့အကူအညီယူပြီး ကြိုးစားပါတော့တယ် အေးဂျင့်တွေရဲ့ အလုပ်ကိုဘာမှသေချာနားမလည်တဲ့ ဆာရာတစ်ယောက် ဘယ်လိုအလွဲတွေလုပ်မလဲဆိုတာ ဟာသရှုထောင့်ကနေ ထင်သာမြင်သာရိုက်ပြထားပါတယ် ဒါ့အပြင် ဒီကားထဲမှာ ထပ်ထူးခြားတာကတော့နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ ကိုရီးယားမင်းသား လီဗြောင်ဟွန်း ပါဝင်သရုပ်ဆောင်ထားပါတယ် ထုံးစံအတိုင်း သူ့ရဲ့ အလန်းစားတိုက်ကွက်တွေကိုဖရန့်ခ်တို့ RED အုပ်စုရဲ့ ပစ်ခန်းခတ်ခန်းအက်ရှင်ပြကွက်တွေနဲ့အတူပေါင်းစပ်လိုက်တဲ့အခါ တကယ့်ကိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းတစ်ခုဖြစ်လာတာပါ ဖရန့်ခ်တို့ ဘာပြသနာတွေရင်ဆိုင်ရမလဲ ဘယ်လိုတွေဖြေရှင်းကြလဲ အောင်မြင်ပါ့မလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ဇိမ်ပြေနပြေနဲ့ ကြည့်ရှုခံစားကြပါဦးလို. ဇာတ်လမ်းဇာတ်အိမ်ရော ရိုက်ကွက်တွေရောရိုးမသွားစေရဘဲ ပထမဇာတ်ကားနဲ့ အပြတ်အသတ်ယှဉ်နိုင်တဲ့ဇာတ်ကားဆိုတာ ကြည့်လိုက်တာနဲ့ ပြောစရာမလိုအောင်သိနိုင်တယ်ဆိုတာ အာမခံပါတယ်ဗျာ အက်ရှင်ကြိုက်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ တကယ့်ကို ပြောင်မြောက်တဲ့အက်ရှင်ကားတစ်ကားဆိုတာလဲ ညွှန်းပေးပါရစေနော်   (ဘာသာပြန်သူ ကတော့ မေသရဖီလွင် ပါ )    File Size : (850 MB) Quality : ...
movie

RED 2 (2013)

2013