Channel Myanmar

Dan Leonard

The Art of Getting By (2011) 6.6
The Art of Getting By (2011) The Art of Getting By (2011)_____IMDb - 6.6/10    ဒီဇာတ်ကားဟာ ရည်မှန်းချက်ပျောက်ဆုံးနေတဲ့ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာဖြစ်ပါတယ်။ ဆယ်ကျော်သက်ဘဝမှာလူတိုင်းတွေ့ကြုံကြရမယ့် ချစ်ရသူ၊ မိတ်ဆွေတွေနဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ၊ သစ္စာမဲ့သူတွေကြောင့်နာကျင်ခံစားရတာတွေ၊ မိသားစုပြဿနာ အစရှိတာတွေအားလုံးကို လက်တွေ့ဆန်ဆန်တွေ့မြင်ကြရမှာဖြစ်လို့ ကြည့်ရှုသူအားလုံးကိုယ်တိုင်ခံစားနားလည်နိုင်ကြမှာဖြစ်ပြီး နှစ်သက်ကြမှာပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ မော်ဂန်ကျောင်းမှာတက်နေတဲ့ ဆယ်ကျော်သက်လေးဂျော့်ဂျ်ဟာ ဘဝရည်မှန်းချက်ကင်းမဲ့ပြီး စိတ်ခွန်အားတွေပျောက်ဆုံးနေသူပါ။ ကျောင်းစာတွေမှာအခြေအနေမကောင်းပဲ မကြာခဏစည်းကမ်းဖောက်ဖျက်မှုကြောင့် အောင်လက်မှတ်အတွက်ကျောင်းရဲ့သတိပေးခြင်းကိုခံရတဲ့အထိပါပဲ။ ပြန်လည်ပြင်ဆင်ဖို့ကြိုးစားရင်းနဲ့ သူချစ်ရတဲ့ကောင်မလေး နဲ့ သူငယ်ချင်းတွေရလာတဲ့အခါ ဘဝအဓိပ္ပါယ်ကိုပြန်လည်တွေ့ရှိပြီလို့ထင်ခဲ့တဲ့အချိန်မှာ သစ္စာမဲ့သူတွေနဲ့အိမ်တွင်းရေးပြဿနာတွေကြောင့် သူ့ရဲ့ဘဝဟာပိုပြီးနစ်မြုပ်ခဲ့ရပါတယ်။ ဘဝရှေ့ရေးအတွက်ကျောင်းအောင်လက်မှတ်ရရှိဖို့ နောက်ဆုံးရာဇသံရောက်ရှိလာတဲ့အချိန်မှာတော့ ဂျော့ဂျ်တစ်ယောက် ကျရောက်လာတဲ့လောကဓံတွေကိုအရှုံးမပေးပဲ ခွန်အားအဖြစ်ဘယ်လိုပြောင်းလဲအသုံးချပြီးကြိုးစားသွားမလဲဆိုတာကို သင်ခန်းစာယူဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။    Translated by Linn Kyaw Swar Aung Encoded by sithu
movie

The Art of Getting By (2011)

2011