Channel Myanmar

Dan Williamson

Chicken Run: Dawn of the Nugget (2023) 6.7
Chicken Run: Dawn of the Nugget (2023) ကမ္ဘာကျော်ကာတွန်းကားတွေထဲက တစ်ကားဖြစ်တဲ့ Chicken Run 2000 ရဲ့ အဆက်ဖြစ်တဲ့Chicken Run: Dawn of the Nugget လာပါပြီ။နာမည်ကြီးဇာတ်ကားတွေကို မရှည်ရှည်အောင် ဆွဲဆန့်ပြီးရိုက်ကြတဲ့ခေတ်ထဲမှာ ကောင်းပါ့မလားလို့ ထင်ရပေမဲ့ဒီတစ်ကားကတော့ ကောင်းသွားပါတယ်။Rating လည်း Imdb 7.1 အထိ ရထားပါပြီ။ သရုပ်ဆောင်တွေကတော့ Westworld ဖန်တွေကြိုက်မဲ့Thandiwe Newton က အဓိက မင်းသမီး ဂျင်ဂျာ၊ ရော့ကီနေရာမှာShazam မင်းသား Zachary Levi၊ သူတို့ရဲ့ သမီး မော်လီနေရာမှာတော့Game of thrones ထဲက အချစ်တော်လေးBella Ramsey က ပါဝင်ထားပါတယ်။  ဇာတ်လမ်းအကျဉ်းကြက်ခြံကနေ ထွက်ပြေးလာကြတဲ့ ဂျင်ဂျာတို့တစ်သိုက်ဟာလူမရှိတဲ့ကျွန်းတစ်ခုပေါ်မှာ လွတ်လွတ်လပ်လပ် အခြေချနေကြတာ ကြာပါပြီ။ဂျင်ဂျာနဲ့ ရော်ကီမှာလည်း မော်လီဆိုတဲ့ သမီးလေး ရလာပါပြီ။သူတို့ဟာ လူတွေနဲ့ဝေးရမှာ နေဖို့ကြိုးစားပြီး သူတို့သမီးမော်လီကိုလည်း ကြက်ခြံတွေအကြောင်း မပြောထားမိပါဘူး။အရွယ်ရောက်လာတဲ့မော်လီဟာ လောကကြီးကိုစူးစမ်းရင်းနဲ့ ရန်သူဟောင်း ...
movie

Chicken Run: Dawn of the Nugget (2023)

2023