Channel Myanmar

Dana Kimmell

Friday the 13th: The New Blood (1988) 5.2
Friday the 13th: The New Blood (1988) Friday the 13th: The New Blood (1988)ရေအောက်မှာ နစ်မြုပ်ပြီး ငြိမ်သက်သွားတဲ့ ဂျေဆင်ကို စိတ်စွမ်းအားရှင် ကောင်မလေးတစ်ယောက်က ပြန်နိုးထစေပြန်ပါတယ်။ ဒီလိုနဲ့ပဲ ၇ ကားမြောက်ဇာတ်လမ်း ဖြစ်လာခဲ့တာပေါ့။အရက်သမားအဖေကြီးက မိခင်ကို နှိပ်စက်နေလို့ အဖေကိုမုန်းနေတဲ့ စိတ်စွမ်းအားရှင် ကလေးမလေးက သူ့ရဲ့စိတ်တန်ခိုးနဲ့ အဖေကို မတော်တဆ သတ်မိခဲ့ပါတယ်။ အဲဒီမှာတင် ယူကြုံးမရစိတ် နောင်တတွေနဲ့ စိတ်ကျန်းမာရေးထိခိုက်လာတဲ့ ကလေးမလေးကို စိတ်ရောဂါဆေးရုံပို့ထားရတာပေါ့။နှစ်တွေကြာပြီးချိန်မှာ သူ့ရဲ့ဆရာဝန်က သူပြန်မလာချင်ဆုံးဖြစ်တဲ့ ခရစ်စတယ်ရေကန်ကိုခေါ်လာပြီး စိတ်ဒဏ်ရာနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းခဲ့ပါတယ်။ အဲဒီမှာတင် အဖေကို ပြန်ရှင်လာဖို့ ဆုတောင်းမိတဲ့ စိတ်စွမ်းအင်နဲ့ ဂျေဆင်နိုးထလာပြီး ရေကန်စခန်းကို ပြန်ရောက်လာပြန်ပါတယ်။ဒီလိုနဲ့ စခန်းမှာရှိသမျှလူတွေကို လိုက်သတ်နေတဲ့ဂျေဆင်ကို စိတ်စွမ်းအင်ကောင်မလေး ဘယ်လိုနှိမ်နင်းသွားမယ်ဆိုတာ ကြည့်လိုက်ကြရအောင်လား။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 865MB Quality - ...
movie

Friday the 13th: The New Blood (1988)

1988
Friday the 13th: The Final Chapter (1984) 6
Friday the 13th: The Final Chapter (1984) Friday the 13th: The Final Chapter (1984)အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။ဒီတော့ မောင်နှ‌မလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Friday the 13th: The Final Chapter (1984)

1984
Friday the 13th Part III (1982) 5.6
Friday the 13th Part III (1982) Friday the 13th Part III (1982)ဒီဇာတ်ကားက ဂျေဆင် ရဲ့ သုံးကားမြောက်ဖြစ်ပြီး သူ့ရဲ့ ဝိသေသဖြစ်တဲ့ ဟော်ကီမျက်နှာဖုံးကို ရသွားတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်။ထုံးစံအတိုင်း သွေးရဲရဲ သံရဲရဲ သတ်ဖြတ်မှုနဲ့ အထက်ပိုင်းဗလာကျင်း လိင်မှုကိစ္စတွေကတော့ ဖောဖောသီသီ မြင်နေရဦးမှာပါပဲ။ဒုတိယဇာတ်ကားမှာ ဂျေဆင်ကို အနိုင်ယူနိုင်ခဲ့ပေမဲ့ လူသေတွေကြားမှာ သွေးပျက်ခဲ့ရသူ ခရစ်က ခရစ်စတယ်ရေကန်စခန်းကို ပြန်လာခဲ့ပါတယ်။ သူခံစားရတဲ့ စိတ်ဒဏ်ရာကို ပြန်လည်ကုစားဖို့ သူရှောင်နေတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်တိုးဝင်ခဲ့တာပါ။ဆိုင်ကယ်ဂိုဏ်းဝင်နှစ်ယောက်ကိုသတ်ပြီး ဟော်ကီမျက်နှာဖုံးရသွားတဲ့ ဂျေဆင်ဗော်ဟီးက သေမင်းတိုင်းပြည်ကနေ မရဏလမ်းအတိုင်း အကြိမ်ကြိမ်ပြန်လာပြီး လူတွေကို သတ်ဖြတ်တတ်သူပီပီ ခရစ်စတယ်ရေကန်စခန်းနားကလူတွေကို အမဲလိုက်သတ်ဖြတ်နေပါတယ်။ဂျေဆင်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က သူ့ကို နှိမ်နင်းခဲ့သူ ခရစ်ကိုပဲ နောက်တစ်ကြိမ် ပြန်ရင်ဆိုင်ရတဲ့အခါ ဟော်ကီမျက်နှာဖုံးစွပ်နဲ့ လူသတ်သမားကြီး ဘယ်လိုမျိုးအကွက်တွေနဲ့ လူသတ်ပြဦးမလဲဆိုတာ ဒီကားမှာ ဆက်ကြည့်ကြပါဦးစို့။(ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ...
movie

Friday the 13th Part III (1982)

1982
30 Minutes or Less(2011) 6.1
30 Minutes or Less(2011)  IMDb – 6.1/10 Rotten Tomatoes -45%ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်။ချက်ကြီးဘော်ဒါငှက်ကြီး(နစ်ခ်) ကပီဇာဆိုင်မှာဒယ်လ်လီဗာရီပို့တဲ့သူ။ ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းကခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ။ တစ်ဖက်မှာလည်းဘုရင်ကြီးဒွီဝိန်းနဲ့သူ့နောက်လိုက်တပည့်ကျော်ထရားဗစ်ဆိုတာရှိသေးတယ်။ချက်ကြီးတို့လို ငယ်ပေါင်းကြီးဖော် တွေပဲ။ဘုရင်ကြီးတို့က ၁၀၉-၁၁၀ တွေ။ သူ့ဖားသားကြီးအငြိမ်းစားဗိုလ်မှူးအိမ်မှာ လက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ်နေတဲ့ဘဲတွေ။ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့၁၀၉-၁၁၀ ကောင်တွေကို ရှယ်ဟောက်တာပေါ့။အလုပ်မရှိအကိုင်မရှိအာဝါးဒါးရိုက်မနေနဲ့ အဖြစ်ရှိအောင်လုပ်ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်း ပွားခံရပါများတော့ ဘိုးတော်ကြီးကိုကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီး သေရင်အမွေတွေရမယ် သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။ အဲဒါနဲ့ဘိုးတော်ကြီးကိုလုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာ ပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)ကမဆီမဆိုင် သားကောင်ဖြစ်သွားတယ်။ ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ်ထိပ်ကွက်ဖို့ကြိုးစားကြတာတွေ တခွီခွီနဲ့ကြည့်ရမှာဖြစ်တယ်။ဒီရုပ်ရှင်မှာ The Social Network, Justice League,Now you see me ဇာတ်ကားတွေမှာပါဝင်တဲ့ Jesse Eisenberg ကငှက်ကြီးအဖြစ်ပါဝင်ထားပြီး Master of None series မှာနာမည်ကြီးတဲ့ Aziz Ansari က ချက်ကြီးအဖြစ်ပါဝင်ပြီး တခြားဟောလိဝုဒ်မှာနာမည်ကျော်ဟာသသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။Box Office မှာလည်းဒေါ်လာသန်း၄၀ကျော်ရရှိထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…1.41GB ...
movie

30 Minutes or Less(2011)

Sweet Sixteen (1983) 5.2
Sweet Sixteen (1983) ၁၆နှစ်အရွယ်... မီးကောင်ပေါက်မတို့အရွယ်တဲ့... ဒီအရွယ်တွေ သိပ်ထိန်းရခက်တယ် အရာရာကိုစမ်းသပ်ချင်နေမယ်... စူးစမ်းချင်နေမယ် ကောင်မလေးတစ်ယောက်... နာမည်က Melissaတဲ့.. ၁၆နှစ်ပြည့်ဖို့ တစ်ပတ်ပဲလိုတော့တဲ့ အချိန် သူ့အဖေရဲ့ အလုပ်ကြောင့် သူတို့မိသားစု နေရာအသစ်ကိုပြောင်းလာတယ် ဒီလိုကိုယ်မသိတဲ့နေရာမှာ ရှင်းနေတာတွေကိုရှုပ်အောင်လုပ်တော့မယ်တဲ့လေ မပြည့်စုံသေးတဲ့ အလှတရားတွေနဲ့... သူ့ရဲ့ အရှုပ်ထဲ ပထမဆုံးရောက်လာသူက Jhonny Jhonny ကိုလျှောက်လည်ကြရအောင်တဲ့ Jhonny မငြင်းပါ.. သူတို့ပျော်ခဲ့ကြတယ်... အဲ...နောက်တစ်နေ့မနက်.. Jhonnyပျောက်သွားပြီ တည်ငြိမ်နေတဲ့မြို့လေး... စတင်လှုပ်ခက်လာပြီ Melissa...အရမ်းလှတဲ့ Melissa.. ဘာတွေရှုပ်အုံးမှာလဲ Melissa.. ဒီရုပ်ရှင်ကားဟာ ဟောင်းပေမဲ့ ကောင်းနေဆဲ ရုပ်ရှင်ကား ဖြစ်ပြီး 18+ အခန်းတွေ ပါနေလို့ အသက်မပြည့်သေးသူများ ၊ မိသားစုများ နှင့် အတူမကြည့်သင့်ပါ... ဘာသာပြန်ပေးထားသူကတော့ Min Thant Naing ဖြစ်ပါတယ်
movie

Sweet Sixteen (1983)

1983