Channel Myanmar

Dana Wing Lau

On Fire (2023)
On Fire (2023)  ဒီဇာတ်ကားက သဘာဝဘေးအန္တရာယ်ဇာတ်လမ်းမျိုးတွေကို နှစ်သက်သူတွေ ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမည်ဆိုရင် အဆုတ်ရောဂါကို ခံစားနေရတဲ့ဖခင် ၊ကိုယ်ဝန်ရှစ်လရှိပြီဖြစ်တဲ့ ဇနီးဖြစ်သူနဲ့ သားတစ်ယောက်တို့နဲ့ ဒေဗ့်တို့မိသားစုဟာ တောအုပ်ကလေးတစ်ခုအနီးက ကားအိမ်ကလေးမှာနေထိုင်ကြပါတယ်။ယောက္ခမဖြစ်သူဟာ အဆုတ်ရောဂါခံစားနေရသော်လည်း မကြာခဏဆေးလိပ်ခိုးသောက်တတ်သောကြောင့် ချွေးမဖြစ်သူနဲ့ သိပ်ပြီးအဆင်မပြေသည့်အပြင် ဆေးကုသစရိတ်တွေကြောင့်လည်း မိသားစု စီးပွါးရေးအကျပ်အတည်းကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင်း ကမ္ဘာတစ်ဝှမ်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းမှုတွေ ဖြစ်ပွါးနေရာမှ သူတို့နေထိုင်ရာမြို့လေးဆိီသို့လည်း တောမီးအန္တရာယ်ရောက်လာသောအခါ သူတို့မိသားစု မီးဘေးအန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကြမလဲ။ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းနိုင်ပါမလား......စသည်ဖြင့် အခက်အခဲတွေကို ကျော်လွှားပုံကို ရင်တထိပ်ထိပ်နဲ့ ကြည့်ရမည့် ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…(1.5 GB)/(732 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre...Drama, Action, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

On Fire (2023)

Hypnotic (2023) 5.5
Hypnotic (2023) Hypnotic (2023)ဒါရိုက်တာ Robert Rodriguez ရိုက်ကူးပြီး ဘန် အက်ဖလစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါ။ လှည့်ကွက်လေးတွေပါတဲ့ အက်ရှင် သရေလာ အမျိုးအစားပါပဲ။ ဘန်ဟာ ရွတ်ခ်ဆိုတဲ့ ရဲစုံထောက်တစ်ယောက်ပါ။ သူ့ရဲ့သမီးလေးကို တစ်နေ့မှာ လူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးလုံးဝ ပြန်ရှာမတွေ့တော့ပါဘူး။ သူ့ကိုပြန်ပေးဆွဲသွားတဲ့လူကလည်း သူ့သမီးရဲ့နေရာကိုလုံးဝမမှတ်မိဘူးဖြစ်နေပါတယ်။ အဲဒီအမှုကို လက်လျှော့လိုက်ရပြီး သူ အခြားအမှုတစ်ခုကိုလိုက်ရင်းနဲ့ လူတွေကို အိပ်မွေ့ချပြီး အမိန့်ပေးချင်ရာပေးနိုင်တဲ့အစွမ်းရှိသူတစ်ယောက်နဲ့ တွေ့သွားပါတော့တယ်။ အဲဒီလူက သူ့သမီးပျောက်ဆုံးမှုနဲ့ ထူးထူးခြားခြား ဆက်စပ်နေပြီး အဲဒီလူနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ...အညွန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 622MB | 305MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron
movie

Hypnotic (2023)

2023
Unhuman (2022)
Unhuman (2022) Unhuman (2022)၂၀၂၂ဇွန်လ ၃ရက်မှာထွက်ရှိခဲ့တဲ့ Horror ရုပ်ရှင်ကား တစ်ကားကို တင်ဆက်ပေးပါရစေ။အစမှာတော့ ကျောင်းသားတစ်စုဟာ ကာယဆရာဦးဆောင်တဲ့ ကျောင်းလေ့လာခရီးတစ်ခုကိုထွက်လာကြတာဖြစ်ပါတယ်။ လမ်းမှာ ကားရှေ့မှန်ကို သွေးတွေလာစင်လို့ ကားကလမ်းဘေးထိုးကျသွားပြီး ဇွန်ဘီတစ်ကောင်ကြောင့် ကျောင်းသားတွေဟာ ကြောက်လန့်တကြား ထွက်ပြေးကြရင်း အဆောက်အဦးပျက်တစ်ခုထဲရောက်သွားပါတယ်။ ကျောင်းသားတချို့ကိုတော့ဆုံးရှုံးလိုက်ရပေမဲ့ ကျန်တဲ့သူတွေက ဇွန်ဘီတွေရန်ကကာကွယ်ဖို့ ပြင်ဆင်ကြပါတယ် ။ အဲဒီနောက်မှာတော့ ကျောင်းမှာအမြဲ အနိုင်ကျင့်ခံရတဲ့ ကောင်လေးနှစ်ယောက်က ဟီးရိုးဖြစ်လာပြီး ဇွန်ဘီတွေကိုဘယ်လိုရှင်းထုတ်ကြလဲ တွေ့မြင်ရမှာပါ ။သူတို့ကရောအမှန်တကယ် ဟီးရိုးတွေလား သရုပ်အမှန်က ဘာဖြစ်မလဲ ။ ဇွန်ဘီတွေကရော ဘယ်ကဘယ်လိုရောက်လာကြပြီး အရေးကြီးလာတဲ့အခါ သူတို့ဘယ်လိုစည်းစည်းလုံးလုံးကျော်ဖြတ်သွားကြမလဲဆိုတဲ့အဆုံးသတ်ကို စိတ်ဝင်တစားနဲ့ ဆက်လက်ကြည့်ရှုကြပါဦး ခင်ဗျာ။အညွှန်းနဲ့ ဘာသာပြန်ကတော့ Junior ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 684MB | 280MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Junior Encoder ..... ...
movie

Unhuman (2022)