Channel Myanmar

Daniel Annie Pope

Raid (2023) 7.7
Raid (2023) Raid (2023) IMDb 7.7/10ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် အခုထွက်ရှိတာတဲ့အက်ရှင်ကားလေးကတော့ အင်ဒိုးနီရှားအက်ရှင်ကား Raidမဟုတ်တဲ့ တမီလ်Raid အက်ရှင်ဇာတ်ကြမ်းပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ အက်စ်ပီကာသီရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး ၂၀၁၈ခုနှစ်ထွက် ကန်နာဒါရုပ်ရှင် Tegaruကို ပုံစံပြောင်းပြန်လည်ရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိပရာဘာကာရန်ဟာ ချင်းနိုင်းမြို့က ရာဇဝတ်ကောင်တွေအကုန်လုံးကို ကိစ္စတုံးပေးချင်တဲ့အတွက် လူမိုက်တွေအားလုံးရဲ့နောက်ကွယ်ကလက်မည်းကြီး ဂန်းစတားအန်ကယ်နဲ့ ဒဲ့ငြိပါတော့တယ်။ အဲဒီမှာပဲ စီးနင်းမှုတွေလုပ် လူဆိုးတွေနဲ့ ရဲတွေချ လူဆိုးတွေအချင်းချင်းချ လုံးဝအက်ရှင်အလန်းစားတွေနဲ့ ပတ်ချနေတဲ့ကြားထဲက ဇာတ်အရှုပ်အရှင်းတွေကိုတော့ ပရိသတ်ကြီးပဲ တိုက်တာခိုက်တာတွေကြည့်ရင်း ရှုမြင်ခံစားကြပါတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Raid (2023)

2023
Love (2023) 5
Love (2023) Love (2023) ===========အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်း တစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာ ကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲ အရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့...။Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကို ပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်...။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့ V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ) File size…1.4GB  / 700MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~ BpL~ YH~ Yunni ~ Zwe Yan
movie

Love (2023)

2023
Theerkadarishi (2023) 8.9
Theerkadarishi (2023) Theerkadarishi (2023)IMDb 9.4/10 CM မှာတင်ဆက်ပေးထားတဲ့ 2018ကတည်းကထွက်ခဲ့ပြီး ongoing series ဖြစ်တဲ့ 9-1-1(2018) ဇာတ်လမ်းတွဲလိုမျိုးကို မတူညီတဲ့ Vibe နဲ့ ကြည့်ရမဲ့ ရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း အရေးပေါ်အတွက် ဖုန်းခေါ်ဆိုမှုလက်ခံတဲ့ဆီကို ဖုန်းတစ်ကောလ်ဝင်လာပါတယ်။ တစ်နေရာမှာ အမျိုးသမီးတစ်ဦး အန္တရာယ်ကြုံရတော့မယ် သူ့ကို အမြန်ကယ်တင်ပါ ဆိုပြီး။ ဆက်တဲ့သူက သူဘယ်သူလဲ ဘယ်ကလဲ ပြောမသွားပါဘူး။ နောက်ရက်လဲရောက်ရော သူပြောတဲ့အတိုင်းပဲ အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရပါတယ်။အဲလိုပဲ ဆက်တိုက်ဆက်တိုက် သူဖုန်းဆက်ပြီး ဖြစ်မယ်ပြောတဲ့ လူသတ်မှု မတော်တဆမှုတွေက တကယ်ပဲ ဖြစ်လာတဲ့အခါမှာတော့...။ သူပြောလို့ပဲ အဲဒီကိစ္စတွေက ဖြစ်ရတာလား။ သူကပဲအဲဒီကိစ္စတွေကို ရှေ့ဖြစ်ကြိုဟောကိန်းထုတ်နိုင်တာလား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ အဲဒီကိစ္စတွေကို ကျူးလွန်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~BpL~Moon~Yunniနဲ့ တက်သစ်စဘာသာပြန်Thaik Sanတို့ပဲဖြစ်ပါတယ်) File size…2.81GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~BpL~Moon~Yunni
movie

Theerkadarishi (2023)

2023
Massu Engira Maasilamani (2015) 5.9
Massu Engira Maasilamani (2015) Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB  / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Massu Engira Maasilamani (2015)

2015
Maanaadu (2021) 9.1
Maanaadu (2021) Maanaadu Synopsis===============================Time-loop ဆိုတဲ့အချိန်​​​ကျော့သံသရာကို Edge of Tomorrow,Happy Death Day 1& 2, A Day တို့လို ​ဟောလိဝုဒ်ဗားရှင်း၊ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာ​တွေရှိသလို ဒီတစ်​ခေါက်မှာ​တော့ Tamil Time-loopဇာတ်လမ်း​လေးတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် IMDb user၁​သောင်းခွဲရဲ့ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbusterအဆင့်လို့ ပြောလို့ရ​​​အောင် ရုံဝင်​ငွေများစွာနဲ့ အောင်မြင်မှု​တွေရရှိထားတဲ့ကားပါဒူဘိုင်းမှာအလုပ်လုပ်​နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာ​ဆောင်က​နေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်​​ပေါ်မှာ သူနဲ့.မင်္ဂလာ​ဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့​တွေ့ဆုံခဲ့ပါတယ်၊ထိုမှတဆင့် မင်္ဂလာပွဲကို​ရောက်၊ သတို့သမီးကို ဖြတ်ခုတ်​အပြီးထွက်​ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုး​ပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ ရဲ​တွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုကို ကြံ​နေကြတာပါ၊ ဒါက​တော့ ၁၂ကြိမ်​မြောက်အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့အစီအစဉ်ပါနဂိုစီစဉ်ထားတဲ့ လုပ်ကြံ​ရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီး​သေသွားလို့ အဗ္ဗဒူကိုခြိမ်း​ခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊အဗ္ဗဒူအ​နေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့​ပေမယ့် အခင်းဖြစ်တဲ့​နေရာမှာပဲ​သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ တကယ်မ​သေခဲ့ဘဲဆီသာနဲ့ ပထမဆုံး​တွေ့ခဲ့တဲ့ ...
movie

Maanaadu (2021)

2021
Jango (2021) 7.0
Jango (2021) ဒီတစ်ခါမှာတော့ 2021 ထွက် Tamil သိပ္ပံစိတ်ကူးယဥ်science fiction film လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်​အချိန်စက်ဝန်းထဲမှာ ပိတ်မိနေတဲ့ ခွဲစိတ်ဆာဂျင်တစ်ယောက်ဟာထူးဆန်းတဲ့လူသတ်သမားတစ်ယောက်လက်ကနေ သူ့မိန်းမကိုကယ်ဖို့ကြိုးစားတာကို သိပ္ပံသဘောတရားတွေနဲ့ ချိန်ထိုးရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းအစမှာတော့ ဂူအာရမ် တစ်ယောက် သူ့ရဲ့ကွဲကွာသွားတဲ့ ဇနီး နီရှား နဲ့ပြန်ပေါင်းထုပ်ဖို့ ကြိုးစားတာနဲ့ အစပြုထားပါတယ်အဲ့နောက်မှာတော့ ဂူအာရမ် တစ်ယောက် time frame တစ်ခုတည်းမှာပဲပိတ်မိသွားပြီး သူနိုးလာတိုင်း တူညီတဲ့နေ့တစ်ရက်တည်းကိုပဲ ပြန်ဖြတ်သန်းနေရပါတော့တယ်ဒီလို ပိတ်မိ​နေတဲ့ အချိန်စက်ဝန်းထဲကနေ ဂူအာရမ် တစ်ယောက် ရုန်းထွက်နိုင်ပါ့မလားအရာအားလုံး ပုံမှန်ပြန်ဖြစ်ဖို့ ဂူအာရမ် တစ်ယောက် ဘယ်လိုအဖြေရှာမလဲသူ့မိန်းမကိုရော လူသတ်သမားရန်ကနေ ကယ်ထုတ်နိုင်ပါ့မလားသိပ္ပံဆန်းကြယ်အပြင် Killer Concept လေးလည်း ပါတာမို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့CM ပရိသတ်တွေလည်း လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်။အညွှန်းကို Nadi Myint Naing ကရေးသားထားပြီး ဘာသာပြန်ကတော့Murphy ~ Nadi Myint Naing ...
movie

Jango (2021)

2021
Laabam(2021)
Laabam(2021) Laabam (2021)ကဲ .. ဒီနေ့မှာလည်း Tamil ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Laambam တဲ့ Tamil ဘာသာစကားနဲ့ဆိုရင်တော့ “အကျိုးအမြတ်” ။လောကမှာလူတွေက ဘယ်အရာကိုမဆို အကျိုးအမြတ်ရမှ လုပ်ချင်ကြတာမဟုတ်လား။အကျိုးအမြတ်မရဘဲ ဘယ်သူကမှတော့ အချိန်ကုန်လူပန်းခံပြီး ဘာမှမလုပ်ချင်ကြဘူး။အဲဒီအကျိုးအမြတ်မှာ နှစ်မျိုးရှိိတယ်။ စည်းစိမ်ဥစ္စာဆိုတဲ့အကျိုးအမြတ်ရယ်၊ကိုယ့်စေတနာအကျိုးကြောင့်ပြန်ရတဲ့ ကရုဏာမေတ္တာအမြတ်ရယ်။ဒီဇာတ်လမ်းလေးကိုတော့ Peruvayal လို့ခေါ်တဲ့ရွာလေးအကြောင်းကိုအခြေတည်ပြီးရိုက်ကူးထားတာပါ။ မင်းသားဖြစ်တဲ့ Pakkiri ကဇာတိရွာလေးကစွန့်ခွာသွားခဲ့ရပြီး တစ်ဖန်ပြန်ရောက်လာတဲ့အချိန်မှာသူရွာလေးရဲ့စီးပွားရေးလုပ်ငန်း ကစဉ့်ကလျားဖြစ်နေတာကိုတွေ့ခဲ့တယ်။ဒါကိုဖာသိဖာသာနေလို့ရပေမယ့် ကိုယ့်ဇာတိကရွာသူရွာသားတွေကိုဆွေမျိုးသားချင်းတွေလိုသဘောထားပြီး လယ်ယာမြေလုပ်ငန်းကိုတွင်တွင်ကျယ်ကျယ်အတူတူလုပ်ကြဖို့ ရတဲ့အကျိုးအမြတ်ကိုခွဲဝေယူကြဖို့စည်းရုံးပြီး “လယ်ယာမြေအဖွဲ့အစည်း” တစ်ခုတည်ထောင်လိုက်တယ်။သူ့ကြိုးစားအားထုတ်မှုကြောင့် အရာအားလုံးအောင်မြင်ပြီးအဆင်ပြေနေတဲ့အချိန်မှာ ဘီလူးခေါင်းဆောင်းထားတဲ့Vangamudi ကြီးက ပြည်သူပိုင်မြေနေရာမှာ သူ့အကျိုးအတွက်ဘိုင်အိုဒီဇယ်စက်ရုံကြီးဆောက်ဖို့ လယ်မြေတွေကိုအပိုင်သိမ်းဖို့ကောက်ကျစ်တဲ့နည်းလမ်းမျိုးစုံသုံးကြိုးစားပါတော့တယ်။ဒီလိုနဲ့အဆုံးသတ်မှာ အများအကျိုးသယ်ပိုးပြီးအားလုံးရဲ့မေတ္တာကိုရရှိထားတဲ့ လူထုခေါင်းဆောင် Pakkiri နဲ့ကိုယ့်အကျိုးအတွက်သာကိုယ်ကြည့်ပြီး အမျိုးစုံယုတ်မာတဲ့Vangamudi တို့နှစ်ဦးရဲ့ဘဝအဆုံးသတ်ဘယ်လိုဖြစ်မယ်ဆိုတာကိုတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါတော့နော်။ File size…2.17GB / 1.3GB Quality…1080p True WEB DL  Format…Mp4 Duration….2h 24min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu & ...
movie

Laabam(2021)

2021
HEVC 1080p 5.1
Rangoon (2017) [Tamil] 7.2
Rangoon (2017) [Tamil] IMDb Rating (7.2) ရရှိထားတဲ့ တမီးလ်ဇာတ်ကားပါ။ထူးခြားချက်ကတော့ မြန်မာပြည်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကိုကြည့်ဖြစ်စေခဲ့တဲ့ ဗြိတိသျှကိုကိုမောင် Kyaw Swa Naing  ရဲ့ Facebook ကနေကူးယူဖော်ပြညွှန်းပေးချင်ပါတယ်။----------------------------------------Rangoon ဆိုတဲ့ ကုလားကား​။၁၉၈၈ မှာ မြန်​မာပြည်​က​နေ အိန္ဒိယကို ​ပြောင်​းလာတဲ့ တမီလ်​မိသားစုတစ်​စုက ​ကောင်​​လေး။ အရွယ်​​ရောက်ပြီး ​ရပ်​ကွက်​ထဲ ဇ ရှိတဲ့ ဇိုး​ပေါက်​စ​ဖြစ်​လာတဲ့အခါ ​ရွှေ​မှောင်​ခိုလုပ်​ငန်​းရှင်​ကြီးက ဆွဲစားလိုက်​တယ်​။​လုပ်​ငန်​းရှင်​ကြီးရဲ့ လက်​ရုံးဖြစ်​လာတဲ့ သူတို့ ​သူငယ်​ချင်​းသုံး​ယောက်​ဟာ ရန်​ကုန်​ကို ​ရွှေ​မှောင်​ခို သွင်​းဖို့...မိုး​ရေး-တမူးနယ်​စပ်​က​နေ တဆင်​့ ဝင်​လာခဲ့တယ်​။ဇာတ်​လိုက်​ရဲ့ အ​ဖေက တချိန်​က ​​ရွှေဘုံသာလမ်​းက ​ရွှေပွဲစား ဆို​တော့ အခက်​အခဲမရှ်ိပဲ...ရန်​ကုန်​က သူတို့ ပို့ရမယ်​့ ​ရွှေ ဆိုင်​ရာအဖွဲ့အစည်​းရဲ့ ဥက္ကဌ ဆီ ​ရွှေ​တွေပို့နိုင်​ခဲ့တယ်​။ဒါ​ပေမယ်​့..ရန်​ကုန်​ က သူတို့တည်​းတဲ့ ဟိုတယ်​က​နေ ပြန်​အထွက်​မှာ..မြန်​မာ​ရွှေကုန်​သည်​ဘက်​က လက်​ငငး် ​ချေလိုက်​တဲ့ ​ငွေသား သိန်​း ၆၀၀ ပါတဲ့အိတ်​ထဲမှာ စက္ကူ​တွေချည်​းဖြစ်​​နေတဲ့အခါ.....ဇာတ်​လမ်​းက​တော့ ...
movie

Rangoon (2017) [Tamil]

2017