Channel Myanmar

Daniel Arce

Blackthorn (2011) 6.5
Blackthorn (2011)  IMDB rating - 6.5 Rotten Tomatoes- 75%Rating မြင့်တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါတယ်။၁၉၀၈ ခုနှစ် ဝန်းကျင်မှာဇာတ်အိမ်တည်ထားပြီး တစ်ချိန်က နာမည်ကြီးသရုပ်ဆောင် Sam Sherpard က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့Blackthorn နေရာမှာသရုပ်ဆောင်ထားပြီး Blackthorn ရဲ့ငယ်ဘဝကိုGame of Throne ဇာတ်လမ်းတွဲထဲက ဂျိန်းလန်နစ်စတာကြီး(Nikolaj Coster-Waldau) ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က နာမည်ကြီး တောပုန်းလူဆိုးကြီးဘုချ်ကတ်စစ်ဒီ ဟာ ဂျိန်းစ်ဘလက်သွန်းဆိုတဲ့နာမည်နဲ့ ဘိုလီဗီးယားနိုင်ငံကမထင်မရှားရွာလေးမှာ မြင်းမွေးပြီးအသက်မွေးနေထိုင်တယ်။ တစ်နေ့သူချစ်ရတဲ့အမျိုးသမီးတစ်ယောက်က သေဆုံးသွားပြီးဆိုတဲ့သတင်းကိုကြားတဲ့အတွက်ကျန်ခဲ့တဲ့သားကိုစောင့်ရှောက်ဖို့ဆိုပြီး အမေရိကန်နိုင်ငံကိုပြန်ဖို့ပြင်ဆင်ပါတော့တယ်။ဘဏ်မှာအပ်ထားတဲ့ သူ့ပိုက်ဆံတွေကိုအကုန်ထုတ်ပြီး မြင်းတစ်ကောင်နဲ့ထွက်လာပြီး လမ်းမှာ ထွက်ပြေးလာတဲ့အယ်ဂွာဒိုဆိုတဲ့ စပိန်သားတစ်ယောက်ကသူ့ကိုလူမှားပြီးသေနတ်နဲ့ပစ်လိုက်တာ လူတော့မထိပေမယ့် မြင်းကတော့ထွက်ပြေးသွားပါတယ်။ ရှိသမျှအကုန်ထုတ်ထားတဲ့ပိုက်ဆံတွေ ပါသွားတဲ့အတွက် အယ်ဂွာဒိုကိုသတ်မယ်အလုပ်မှာသူ့မှာ ပိုက်ဆံတွေအများကြီးရှိကြောင်း ၊ သူ့ကိုကယ်ပေးရင်ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေပြန်ပေးနိုင်ကြောင်းပြောတဲ့အခါမှာ ဇာတ်လမ်းကစတင်ပါတော့တယ်။  File size…2.02GB / 887MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ...
movie

Blackthorn (2011)