Channel Myanmar

Daniel Caruso

Disturbia (2007) 6.8
Disturbia (2007)  မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်းထူးဆန်းတာတွေကြုံလာဖူးလား.... ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ  စာသင်ခန်းထဲမှာဆရာကိုလက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာအိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲကသူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးကလူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီးသူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာတော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama,Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.13GB / 858MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Disturbia (2007)