Channel Myanmar

Daniel Giménez Cacho

Cronos (1993) 6.7
Cronos (1993)  IMDB - 6.7Rotten Tomatoes - 90%1990 ကျော်ကဇာတ်လမ်းဖြစ်တဲ့အတွက် သူ့ခေတ်သူ့အခါမှာတော့အတော်လေးပေါက်တယ်လို့ ဆိုရမှာပါ။ အကောင်းဆုံး ဒါရိုက်တာ ၊အကောင်းဆုံးသရုပ်ဆောင် စတဲ့ဆုတံဆိပ်ပေါင်းများစွာကို ဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့၁၅၃၆ ခုနှစ်မှာအဂ္ဂိရတ်ဆရာတစ်ယောက်ဖြစ်တဲ့ အူဘာတိုဖူလ်ကာနလီ ဟာထာဝရအသက်ပေးစွမ်းနိုင်မယ့်စက်တစ်ခုကိုတီထွင်ခဲ့ပါတယ်။ရဲတွေစုံစမ်းမှုတွေကြောင့် ထွက်ပြေးရင်း မက်စီကိုနိုင်ငံ ဗယ်လာကုဇ်မှာပုန်းနေခဲ့တယ်။ နှစ်ပေါင်း ၄၀၀ ကြာပြီးနောက်မှာ အူဘာတိုဖူလ်ကာနလီဟာအမိုးပိပြီးနှလုံးကိုသစ်ချောင်းထိုးမိကာသေဆုံးသွားခဲ့တယ်။သူရဲ့တီထွင်မှုတွေ ပိုင်ဆိုင်မှုတွေကို ရဲအရာရှိတွေဟာ ပြည်သူတွေကိုမချပြခဲ့ပဲလေလံတင်ရောင်းချခဲ့တယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲကတစ်ခုကGRAND BAZAAR ရှေးဟောင်းပစ္စည်းအရောင်းဆိုင် မှာရှိနေခဲ့တယ်။ဒီလာဂွာဒီယာ လုပ်ငန်းစုကလည်း သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုအသည်းအသန်လိုက်ဝယ်နေတယ်။ GRAND BAZAAR ပိုင်ရှင် အဖိုးကြီးက ရုပ်ထုတစ်ခုထဲကနေရွှေရောင်အင်းစက် စက်ရုပ်ပစ္စည်းလေးကိုရှာတွေ့ပြီးနောက်မှာတော့........  File size…1.40 GB/ 589 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo ...
movie

Cronos (1993)

Get the Gringo (2012) 6.9
Get the Gringo (2012) q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie

Get the Gringo (2012)

BARDO, False Chronicle of a Handful of Truths (2022) 7.1
BARDO, False Chronicle of a Handful of Truths (2022) BARDO, False Chronicle of a Handful of Truths (2022)~ Directed by Alejandro González Iñárrituဒီကားက မက္ကဆီကန်ဒါရိုက်တာရိုက်တဲ့ မက္ကဆီကန်ကားစစ်စစ် ဘယ်လောက်စစ်လဲဆို ဒီတစ်ကားလုံး မက္ကဆီကန် လူမျိုးရေး၊ ဘာသာရေး၊ သမိုင်း ဒါတွေနဲ့ပဲ အခြေတည်ထားတယ်။ သို့ပေမဲ့လည်း ဒီကားရဲ့နာမည် Bardo ဆိုတဲ့ စကားလုံးက တကယ်ဆို ဗုဒ္ဓဘာသာကပဲလာတဲ့ စကားလုံး။ ပါဠိလိုဆို antarābhava (အန္တရဘဝ) စုတိနဲ့ ပဋိသန္ဓေအကြားက ဘဝပေါ့။ သေခြင်းရယ် တစ်ဖန်ပြန်လည်မွေးဖွားခြင်းရယ်ကြားက ကြားပိုင်းဘဝအကူးအပြောင်းကာလလို့ ပြောကြတယ်။ ဒါပေမဲ့ သူပြတဲ့ပုံစံကတော့ မူရင်းအယူအဆနဲ့ နည်းနည်းတော့ ကွဲလွဲနေမယ်ထင်ပါတယ်။ဒီကားကို စစဖွင့်ချင်းမှာတော့ Alejandro က ခင်ဗျားကို တော်တော်လေး အူကြောင်ကြောင်နိုင်သလို စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဇာတ်ဝင်ခန်းတွေကို ဟိုကူးဒီကူးနဲ့ ပြနေလိမ့်မယ်။ အဲဒီလိုပြနေတဲ့အခန်းတွေက စိတ်ကူးယဉ်ဆန်လွန်းပေမဲ့လည်း အမှန်တရားတစ်စိတ်တစ်ဒေသ ...
movie

BARDO, False Chronicle of a Handful of Truths (2022)

2022
[18+] Y Tu Mamá También (2001) 7.7
[18+] Y Tu Mamá También (2001) Y Tu Mamá También (2001)~ IMDb - 7.7/10, Rotten Tomatoes - 92% ~(လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ)သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ ​သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု... ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ...မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ...မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ ...
movie

[18+] Y Tu Mamá También (2001)

2001
Memoria (2021) 6.7
Memoria (2021) Memoria (2021)==============IMDb Rating - 6.7/10Modern Life ,Modern Noise လို့ဆိုရလောက်အောင် ကျွန်တော်တို့ရဲ့ယနေ့ခေတ် ဘဝနေထိုင်မှုပုံစံတွေက မနက်ကနေညအထိအလုပ်လုပ်ငွေရှာရင်း ဘဝရဲ့ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာပါတယ်။ ဒီလိုပါပဲ ယခင် ကျေးငှက်လေးတွေရဲ့တေးသံသာတွေနဲ့ပြည့်နှက် နေတဲ့ ပတ်ဝန်းကျင်ကမနက်ကတည်း ကားသံ၊ လူသံ၊ စက်မောင်းသံတွေနဲ့ပတ်ဝန်းကျင်က ဆူညံလို့နေပါတော့တယ်။ ဘဝနေထိုင်မှုအတွက်ပဲရှင်သန်လှုပ်ရှားရင်းနေလာရတော့ ဒီလို အသံတွေနဲ့အသားကျလာကြပါတယ်။ ဒါပေမယ့် အသားမကျသေးသူအတွက်တော့ အများနဲ့ မသက်ဆိုင်သောသူသဖွယ်ခံစားနေရမှာပါ။ဒီဇာတ်လမ်းကလည်း လက်ရှိလူနေမှုဘဝလှုပ်ရှားမှုတွေ..လူမှုဆက်ဆံရေးပုံစံတွေကို နောက်ခံမှာ မြုပ်နှံထားပြီး Tilda Swintonရဲ့ သရုပ်ဆောင်ချက်တွေနဲ့ အေးအေးဖြည်းဖြည်းချင်း ပုံဖော် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားလေးက ခေတ်ပေါ်ပန်းချီကားတစ်ချပ်လိုမျိုး အပေါ်ယံကြည့်လိုက်ရင် အဓိပ္ပါယ်မရှိသယောင်ဖြစ်ပေမယ့် ပန်းချီကားအပေါ်မှာသေချာခံစားကြည့်လိုက်ရင်တော့ ရင်ထဲမှာ ခံစားချက်အတွေးတွေဖြစ်လာစေမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - ...
movie

Memoria (2021)

2021
Siberia (2019) 5.1
Siberia (2019) Siberia 2019ဒီရုပ်ရှင်ကတော့ ဝီလမ်ဒဖိုးတစ်ယောက် အဓိက သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါပဲ။ အမျိုးအစားကတော့ survival နဲ့psychological ပေါင်းထားတာပါပဲ။ ကလင့်ထ်ဆိုတဲ့လူတစ်ယောက်ဟာ လူ့လောကထဲမှာနေကြည့်ပြီးခဲ့ပြီးအဆင်မပြေမှုတွေ များလွန်းလို့ ကမ္ဘာ့အစွန်း့ နှင်းတောကြီးထဲမှာ တစ်ယောက်တည်း လာနေနေတဲ့သူတစ်ယောက်ပေါ့။တစ်ယောက်တည်းလာနေနေသူတွေရဲ့ ထုံးစံအတိုင်း ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ရှာဖွေနေတယ်၊ အတိတ်ကအဖြစ်တွေကို စဉ်းစားနေတယ်၊ တစ်ယောက်တည်း စိတ်ကူးယဉ်တယ်၊ အိပ်မက်မက်တယ်၊ အရှိတရားနဲ့ မရှိတရားကိုရောနှောတယ်။ လူတစ်ယောက် လူသူမနီးတဲ့နေရာမှာ ဘာတွေတွေးတတ်လဲဆိုတာ ရိုက်ပြတာပါပဲ။ ဒါရိုက်တာရဲ့အဆိုအရတော့ အိပ်မက်တွေကို ရုပ်ရှင်ရုပ်ပြလို့ဖြစ်နိုင်လားဆိုတဲ့ စကားကို အဖြေပေးလိုက်တာပေါ့။ဇာတ်ကြောင်းကို ပြောပုံကလည်း A B C D မဟုတ်ဘူး D B A C လို ဖြစ်နေတာမို့ အလကားနေရင်းhigh သွားချင်တဲ့သူတွေကြည့်ဖို့တော့ အသင့်တော်ဆုံးပါပဲ။တချို့ဇာတ်ဝင်ခန်းတွေမှာ အသက်၁၈နှစ်နဲ့အောက် မကြည့်ရှုသင့်ပါ Translated by  ...
movie

Siberia (2019)

2019
The Promise (2016) 5.9
The Promise (2016) ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ  အများစုက  မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့်  အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie

The Promise (2016)

2016