Channel Myanmar

Daniel Grao

Killer Book Club (2023)
Killer Book Club (2023)   ဇာတ်လမ်းအကျဉ်းကတော့တက္ကသိုလ်တစ်ခုက ကျောင်းသားတစ်စုဟာ ရသစာပေခံစားချက်တွေကိုမျှဝေဖို့စာအုပ်အသင်းတစ်ခုဖွဲ့ခဲ့ကြတယ်။ အဲ့မှာတစ်ယောက်ကသေမင်းတမန်လူပျက်စာအုပ်အကြောင်းဆွေးနွေးပြီးနောက်ပိုင်း မတော်တဆလူသတ်မှုတစ်ခုမှာ သူတို့အားလုံးပါဝင်ခဲ့သလိုဖြစ်သွားကြတယ်။ နောက်တော့အမည်မသိစာရေးဆရာက သူတို့ရဲ့အကြောင်းကို အခြေခံပြီးတော့လူမှုမီဒီယာအပေါ်မှာ သည်းထိတ်ရင်ဖို အခန်းဆက်ဝတ္တုတစ်ပုဒ်ကိုဖန်တီးပြီးတစ်ပိုင်းမှာတစ်ယောက်ချင်းစီကို သတ်ပစ်မယ်ဆိုပြီး liveလွှင့်ပြီးခြိမ်းခြောက်ပြောဆိုခဲ့တာပေါ့။ သူတို့အဖွဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်ကင်းမဲ့နေချိန်မှာ တက္ကသိုလ်ကျောင်းဝင်းအလယ်မှာ ရှင်သန်ဖို့အတွက်ကြိုးပမ်းလာကြပြီး နောက်တစ်ခန်းမှာ ဘယ်သူကသားကောင်ဘယ်သူကလူသတ်သမားဖြစ်သွားမလဲဆိုတာကို horror movie ပီပီသွေးထွက်သံယို တင်ဆက်မှုကောင်းကောင်းနဲ့ ကြည့်ရှုခံစားကြပါလို့ ညွှန်းဆိုလိုက်ရင်း.... File size…1.13GB / 500MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Horror  , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zwel Zan Aung
movie

Killer Book Club (2023)

The House Among the Cactuses/ La Casa Entre Los Cactus (2022) 5.7
The House Among the Cactuses/ La Casa Entre Los Cactus (2022) september 2022 က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင်ဇတ်ကားဖြစ်ပြီး IMDb rating 5.7/10 ရှိပါတယ်၊ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Carlota Gonzalez-Adrio ဟာ best new director နဲ့ best new film ဆု ၂ဆု အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်၊ ဇာတ်ကားရဲ့နာမည်က ရှားစောင်းပင်တွေကြားက အိမ်...တဲ့ နာမည်ကိုကြည့်လိုက်တာနဲ့တင် ပူပြင်းခြောက်သွေ့နေတဲ့ ပတ်ဝန်းကျင်၊ လူသူအရောက်အပေါက်နည်းတဲ့နေရာက အိမ်တစ်လုံးကို မြင်ယောင်မိမှာပါ၊ အဲ့ဒီအိမ်မှာနေတဲ့ လင်မယားမှာ သမီး ၅ယောက်ရှိတယ်၊ genre က drama, thriller ဆိုတော့ အပေါ်ကမိသားစုနေတဲ့အိမ်လေးမှာ သည်းထိတ်ရင်ဖိုစရာအဖြစ်အပျက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဇာတ်ကားပြီးတဲ့အထိ စိတ်ဝင်တစားနဲ့ဆက်ကြည့်ဖြစ်သွားအောင် ရိုးရိုးလေးပဲ ဆွဲဆောင်သွားပါလိမ့်မယ်၊ ကြည့်ပြီးသွားတဲ့အခါ လူတွေကို အပြင်ပိုင်းအမြင်နဲ့ပဲကြည့်ပြီး လွယ်လွယ်မယုံတတ်ဖို့ကိုလည်း တွေးမိသွားစေလိမ့်မယ်ထင်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး File size…(1.2 GB)/(688 MB) Quality….Webrip 1080p ...
movie

The House Among the Cactuses/ La Casa Entre Los Cactus (2022)

The Tree of Blood (2018) 6.4
The Tree of Blood (2018) ရီဘီကာ နဲ့ မာ့ခ် တို့စုံတွဲနှစ်ယောက်ဟာ သူတို့နှစ်ဦးနှစ်ဖက်ကမိသားစုတွေရဲ့ အမှတ်တရတွေလွှမ်းခြုံထားတဲ့ဘက်စ်ခ်ပြည်နယ် ကျေးလက်ဒေသက လယ်ကွင်းအိမ်လေးတစ်လုံးဆီ ရောက်လာကြပါတယ်။အဲ့အိမ်မှာမိသားစုကိုယ်စီရဲ့အဖြစ်အပျက်တွေကို အပြန်အလှန်ပြောပြပြီး ဖြစ်ရပ်တွေချိတ်ဆက်နေပုံကို အဖြေရှာကြဖို့ဖြစ်ပါတယ်။ရီဘီကာဟာ အဆိုတော်မိန်းကလေးတစ်ယောက်ရဲ့သမီးဖြစ်ပြီး ဖခင်ကိုမသိရပဲမွေးလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ ရီဘီကာရဲ့အမေနဲ့ ဗစ်တာဆိုတဲ့လူတစ်ယောက်တွေ့ပြီး လက်တွဲခဲ့ကြပါတယ်။ ဗစ်တာရဲ့ညီဖြစ်သူအိုလ်မိုရဲ့မင်္ဂလာပွဲမှာ ရီဘီကာနဲ့ မာ့ခ်တို့ စတွေ့ပြီးချစ်ကြိုက်ခဲ့ကြတာဖြစ်ပါတယ်။မာ့ခ်ရဲ့အမေဟာ ဗစ်တာရဲ့ညီအိုလ်မိုရဲ့ဇနီးဖြစ်သူစာရေးဆရာမ အမ်မိုင်ယာရဲ့အယ်ဒီတာဖြစ်ပြီးအိုလ်မိုရော ဇနီးဖြစ်သူအမ်မိုင်ယာနဲ့ပါ ပတ်သတ်ခဲ့ဖူးသူဖြစ်ပါတယ်။ဒီအထိဆိုရင် ဒီစာကိုဖတ်နေတဲ့သူလည်းခေါင်းရှုပ်နေလောက်ပါတယ်။ ဒီဇာတ်ကားကိုဝေဖန်သူတွေကလည်း ကြည့်ရှုသူအတွက်တော်တော်ရှုပ်ထွေးတယ်လို့ဝေဖန်ထားကြပါတယ်။ ဒါပေမယ့်အချိန်ပေးပြီးသေသေချာချာကြည့်နိုင်ရင်တော့တော်တော်စိတ်ဝင်စားစရာကောင်းတာတွေ့ရမှာပါ။ရီဘီကာ နဲ့မာ့ခ်တို့ မိသားစုအ​ဖြစ်အပျက်တွေပြောကြရင်းနာကျင်စရာအမှန်တရားတွေ ပေါ်လာပြီးမိသားစုရဲ့မှောင်မိုက်နက်နဲတဲ့ လျှို့ဝှက်ချက်ကြီးကိုသိရဖို့လမ်းစပေါ်လာပါတော့တယ်။ဒီကားဟာ စပိန်နိုင်ငံကဇာတ်ကားဖြစ်ပြီးမိသားစုနဲ့ကြည့်ဖို့မသင့်တော်တဲ့ 18+တွေ၊သတ်ဖြတ်တာတွေ၊အဆုံးစီရင်တာတွေပါပါတယ်။ကြည့်ပြီးရင်စိတ်ထဲတစ်မျိုးကြီးကျန်နေခဲ့တဲ့အခန်းမျိုးတွေလည်းပါပါတယ်။ရှုပ်ရှုပ်ထွေးထွေးစဥ်းစားရင်းကြည့်ပြီးအဖြေရှာရတဲ့ဇာတ်လမ်းနက်နဲတဲ့ဇာတ်ကားတွေကိုမှကြိုက်တယ်ဆိုရင်တော့လက်လွှတ်မခံဖို့ပြောချင်ပါတယ်။  Translated by : Pyi T NyeinEncoded by : YKQuality : 1080p Blu-Ray and 720p Blu-RayFile Size : 2.2GB and 1.4GBDuration : 2h 20minsSubtitle : Myanmar (Hardsub)   
movie

The Tree of Blood (2018)