Channel Myanmar

Daniel Johnson

Rise of the Footsoldier: Vengeance (2023)
Rise of the Footsoldier: Vengeance (2023)  ဒီနှစ်ထဲမှာ အသစ်ထွက်ရှိလာတဲ့ ခရမ်းချဉ်သီးပုပ် ၆၀နဲ့ IMDb 6.1 ရရှိထားတဲ့ Rise of the Footsoldier franchise ရဲ့ sequel ရုပ်ရှင်သစ်တခုဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာလည်း Rise of the Footsoldier ရဲ့ပင်တိုင်သရုပ်ဆောင်ကြီး ခရိတ်ဖဲဘရက်စ်က ပတ်တိတ် နေရာကနေ ထပ်မံသရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မှောင်ခိုလောကမှာ ဆေးအရောင်းအ၀ယ်အလုပ်လုပ်နေတဲ့ ပတ်ရဲ့မိတ်ဆွေဖြစ်သူဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံလိုက်ရတာကြောင့် ပတ်တိတ်ဟာ မိတ်ဆွေဖြစ်သူအတွက် လက်စားချေပေးဖို့ရာ ဒီလူသတ်မှုရဲ့ နောက်ကွယ်ကတရားခံကို လိုက်လံစုံစမ်းရင်းကနေ မှောင်ခိုလောကရဲ့ထုံးစံအတိုင်း ရဲတပ်ဖွဲ့တွေ ဂိုဏ်းတွေနဲ့ ဇာတ်ရှုပ်ရပါတော့တယ်။ဇာတ်လမ်းအကြောင်းကို အများကြီးမပြောတော့ပါဘူး ဖိုက်တင်ပလေးတာတွေကတော့ ကြမ်းတယ်လို့ပြောလို့ရမယ့်အထဲမှာပါပါတယ်။ သရုပ်ဆောင်ချက်တွေနဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက တော်တော်အဆင်ပြေတဲ့အထဲမှာပါတာမလို့ အက်ရှင်ကားကြမ်းကြမ်းကြည့်ချင်နေတဲ့သူတွေအတွက်ကတော့ သင့်တော်မှာဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.6 GB)/(861 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre...Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Rise of the Footsoldier: Vengeance (2023)

Rustin (2023) 6.6
Rustin (2023) Rustin (2023)~ IMDb - 6.6/10, Rotten Tomatoes - 85% ~Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်…အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် ...
movie

Rustin (2023)

2023
Dear Zoe (2022) 5.1
Dear Zoe (2022) Dear Zoe (2022)(1080p ရပါပြီ)9/11 (စက်တင်ဘာလ ၁၁ ရက်နေ့) US ရဲ့ မမေ့နိုင်တဲ့ ဝမ်းနည်းပူဆွေးစရာကောင်းသောနေ့ ... အဲ့နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာအဆောက်အဦးကို လေယာဉ်တစ်စင်း ဝင်တိုက်ခဲ့လို့ လူအများအပြား သေကြေပျက်စီးခဲ့ကြတယ်။Dear Zoe ဆိုတဲ့ ဒီဇာတ်လမ်းလေးကတော့ အဲ့လို လူအများအပြား သေကြေပျက်စီးခဲ့တဲ့ 9/11 နေ့မှာ ဇိုဝီဆိုတဲ့ ကလေးမလေးတစ်ယောက် သေဆုံးခဲ့ရပြီး (9/11 ဖြစ်စဉ်ကြောင့်မဟုတ်) ကျန်ရစ်သူ မိသားစုဝင်တွေ အထူးသဖြင့် ကလေးမလေးရဲ့ အစ်မဖြစ်သူ တက်စ် (Sadie Sink) တစ်ယောက် ဘယ်လို စိတ်ဒဏ်ရာတွေနဲ့ ပူဆွေးခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။တက်စ် တစ်ယောက် သူ့ညီမလေး သေရတာ သူ့ကြောင့်ပါဆိုပြီး လိပ်ပြာမလုံ ဝမ်းနည်း ပူဆွေး စိတ်ဒဏ်ရာ ရတာတွေကို ဘယ်လိုများ ပြန်လည် ကုသနိုင်မလဲ? သူ့ညီမလေးကရော ဘယ်လိုပုံစံနဲ့ သေဆုံးသွားခဲ့တာလဲ? ဇာတ်လမ်းလေးကို ...
movie

Dear Zoe (2022)

2022
Ma Rainey’s Black Bottom (2020) 6.9
Ma Rainey’s Black Bottom (2020) Ma Rainey's Black Bottom ( 2020 ) ========================= IMDb Rating - 6.9/102021တုန်းက အော်စကာ(၅)ခု ဆန်ခါတင်ဝင်ခဲ့ပြီး (၂)ဆုရခဲ့တဲ့ ဘလက်ပန်သာကြီး Chadwick Bosemanရဲ့ နောက်ဆုံးရုပ်ရှင်ပါ။ ဘာလို့နောက်ဆုံးလို့ပြောရလဲဆိုတော့ (၂၀၂၀)မှာပဲ သူဆုံးသွားခဲ့ပါပြီ။ ရုပ်ရှင်အများကြီး မရိုက်လိုက်ရပေမဲ့ သရုပ်ဆောင်စွမ်းရည်ကို ရိုက်သလောက်ရုပ်ရှင်တွေနဲ့ ပြသွားခဲ့တဲ့ Bosemanရဲ့ ဇာတ်ဆောင်ဆုနဲ့ အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ကံဆိုးစွာနဲ့ပဲ ဆာအန်သိုနီဟော့ကင်းတို့ ဂယ်ရီအိုးမန်းတို့လို ဝါရင့်ဆရာကြီးတွေ ဆန်ခါတင်စာရင်းထဲပါနေတာကြောင့် ဆုမရခဲ့ပါဘူး။ ထပ်မမြင်ရတော့မဲ့ Chadwick Bosemanကြီးရဲ့ သရုပ်ဆောင်စွမ်းရည်အမြင့်ဆုံးရုပ်ရှင်တွေ ထဲကတစ်ကားဖြစ်သလို Chadwick Bosemanကြီးကို အလွမ်းပြေကြည့် လို့ရမယ့် သူ့နောက်ဆုံးရုပ်ရှင်လည်းဟုတ်ပါတယ်။ဒီရုပ်ရှင်က Blues ဂီတရဲ့မိခင် Ma Raineyကိုအမှီပြုပြီး Ma Raineyနဲ့ သူ့တီးဝိုင်းအဖွဲ့ရဲ့ ဓာတ်ပြားသွင်းတဲ့တစ်နေ့တာအကြောင်းကိုပဲ ဇာတ်အိမ် တည်ထားတယ်။တစ်နေ့တာဆိုတဲ့အချိန်ကလေးထဲမှာ အကြောင်းအရာမျိုးစုံ ကိုပြသွားတဲ့ဇာတ်လမ်းတွေ ကျွန်တော်တို့ အများကြီး ကြည့်ခဲ့ကြပြီးပါပြီ။ဒီကောင်ကတော့ အဲ့ဒီဇာတ်လမ်းတွေထက် ပိုမှောင်မိုက်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားတယ်။ ဇာတ်အိမ်ဟာ ဒီရုပ်ရှင်ရဲ့ Genreမှာ ရေးထားတဲ့ Musical Dramaဆိုတဲ့စကားလုံးနဲ့ လုံး၀ဆန့်ကျင့်နေတယ်။ ဒီရုပ်ရှင်ဟာ အမေရိကက လူမဲတွေရဲ့ ဘ၀နဲ့ ...
movie

Ma Rainey’s Black Bottom (2020)

2020