Channel Myanmar

Daniel Lundh

22 Bullets (2010) 6.6
22 Bullets (2010)  ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကိုအခြေပြုပြီးရိုက်ကူးထားတာပါ...။လက်တွေ့ဘဝမှာဆိုရင် "Jacky Imbert"၊ ရုပ်ရှင်ထဲမှာဆိုရင်တော့"ချာလီမာတီ"ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့်ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး...။ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာဘယ်သူတွေမှန်းသိအောင်ရှာကာတစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်...။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

22 Bullets (2010)

O Jerusalem (2006) 6.0
O Jerusalem (2006) O' Jerusalem (2006)အို ဂျေရုစလင်..သင့်ကိုကျွန်ုပ်မေ့ခဲ့ပါမူ...ညာလက်တော်သည် တီးခတ်နိုင်စွမ်းပျောက်ဆုံးပါစေ...ကျွန်ုပ်ပျော်ရွှင်မှုကို ဂျေရုစလင်ထက် ဦးစားပေးခဲ့ပါမူ ကျွန်ုပ်လျှာသည်အာခေါင်ဖြင့်ကပ်၍ သီဆိုနိုင်စွမ်းတို့ အားလုံးပျောက်ကွယ်ပါစေ။  (:ဆာလံ-၁၃၇)အားလုံးပဲ လတ်တလော ပဋိပက္ခဖြစ်နေတဲ့ အစ္စရေး-ဟားမတ်စ်ကိစ္စကို အားလုံးစိတ်၀င်စားနေကြမှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးက မနေ့တစ်နေ့ကမှ ထဖြစ်တာမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်ပြီးကတည်းက စလာခဲ့ကြတာပါ။ အစ္စရေးနဲ့ အာရပ်နိုင်ငံများရဲ့ နာမည်ကျော် ၆ရက်စစ်ပွဲဆိုရင်လည်း မသိသူရှားပါလိမ့်မယ်။ ဒီကားလေးကတော့ "O Jerusalem" ဆိုတဲ့စာအုပ်ကို ပြန်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီကားထဲမှာ ဗြိတိသျှတွေရဲ့မလည်ရှုပ်ပုံတွေ၊ ဂျူးတွေနဲ့ အာရပ်တွေနဲ့ ကမ္ဘာမကြေတဲ့ရန်ပွဲစဖြစ်လာပုံတွေအပြင် အစ္စရေးနိုင်ငံဖြစ်တည်လာတဲ့အကြောင်းတွေ ဘာသာကြီးသုံးခုရဲ့အထွတ်အမြတ်ဖြစ်တဲ့ဂျေရုဆလင်မြေပေါ်က သွေးချောင်းစီးတိုက်ပွဲတွေကို သူငယ်ချင်းနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရောစပ်တင်ဆက်ထားပါတယ်။"O Jerusalem" စာအုပ်ကို Dominique Lapierre နဲ့ Larry Collins ဆိုတဲ့ စာရေးဆရာ ၂ဦးက ၂နှစ်တာ အချိန်ယူ သုတေသနလုပ်ရေးသားခဲ့ပြီး အင်တာဗျူးထောင်ပေါင်းများစွာနဲ့ တခြားကိုးကားချက်များစွာကို လေ့လာရေးထားတာပါ။ လက်ရှိအစ္စရေးတိုင်းပြည် မွေးဖွားလာပုံအကြောင်းကို တင်ဆက်ပြသထားတဲ့ စာအုပ်လည်းဟုတ်ပါတယ်။ ...
movie

O Jerusalem (2006)

A Paris Proposal(2023) 6.7
A Paris Proposal(2023) A Paris Proposal(2023)*********************Romance တွေ ပေါက်ဖွားရာ ပဲရစ်မြို့လေးမှာ ဖြစ်ပျက်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ ရိုမန့်စ် ဒရမ်မာ ဇာတ်ကားလေးဖြစ်ပါတယ်။နယူးယော့ခ်မြို့က ကြော်ငြာ အေဂျင်စီ ကုမ္ပဏီတစ်ခုမှာ စရိုက်မတူတဲ့ သူတို့ ၂ ဦး "အန်နာ ဘိုးမန်း" နဲ့"ဆက်ဘာရှန် လောရန့်" ။ ဆက်ဘာရှန်က အပူအပင်ကင်းကင်းနဲ့ လွတ်လွတ်လပ်လပ်တွေးခေါ်တတ်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့ ငွေစာရင်း မန်နေဂျာ အန်နာဘိုးမန်းကတော့စာရင်းနဲ့ ချက်ကျ လက်ကျ တွေးပြီး စိုးရိမ်တတ်တဲ့သူတစ်ဦး။ ပဲရစ်မြို့က နာမည်ကြီး စိန်ဘရန်းဖြစ်တဲ့ဂျူးရန်း ဒိုင်းမွန်းစ်က အမေရိကမှာ လုပ်ငန်းတိုးချဲ့ဖို့အတွက် အန်နာတို့ရဲ့ အေဂျင်စီကိုကြော်ငြာအတွက် ငှားခဲ့တယ်။ ဒီလိုနဲ့ သူတို့ ၂ ဦး ပဲရစ်မြို့ကြီးကို ရောက်သွားပြီးဘယ်လိုအချစ်ဇာတ်လမ်းမျိုး ကြုံရမလဲ အလုပ်ကိစ္စရော အဆင်ပြေပါ့မလားဆိုတာတော့..... File Size :(1.6GB) and (691MB) Quality :Web-Dl 1080P,720p Format…mp4 Duration…01:24:00 Genre ...
movie

A Paris Proposal(2023)

Midnight in Paris (2011) 7.7
Midnight in Paris (2011)  City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း.... အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း...အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်.... ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ " နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့" တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့...အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating - 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်) File size__( 860 MB) and ( ...
movie

Midnight in Paris (2011)

2011