Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Daniel Riordan
6.6
Dreamgirls (2006)
အခုတစ်ခါ Dream Girls ဆိုတဲ့ ဂီတရုပ်ရှင်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် ဂီတရုပ်ရှင်ဆိုတဲ့အတိုင်း တကားလုံးမှာ သီချင်းတွေတစ်ဝကြီးနားဆင်ပြီးကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကလည်း Beyonce' တို့ Jennifer Hudson တို့လို နာမည်ကြီးအဆိုတော်တွေအပြင် Jamie Fox တို့ရော နာမည်ကြီးတွေပါဝင်ထားတာဖြစ်ပါတယ် Beyonce' ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ ''Listen'' ကို ဒီဇာတ်ကားအတွက်သီဆိုခဲ့တာဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ အဆိုတော်ဖြစ်ချင်တဲ့ အိပ်မက်ရှိတဲ့ အက်ဖီ, ဒီနာနဲ့လော်ရယ်တို့သူငယ်ချင်းသုံးယောက်ဟာ ဒရင်းမက်စ်ဆိုတဲ့ နာမည်နဲ့ အဖွဲ့လိုက်သီချင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ကြပါတယ် တရက်မှာတော့ ကားတစ်တေလာဆိုတဲ့ပရိုဂျူဆာတစ်ယောက်က သူတို့သုံးယောက်ရဲ့ အဆိုပါရမီကိုသိရှိသွားပြီး သူတို့ကို ဒရင်းမ်စ်အဖွဲ့ဆိုတဲ့နာမည်နဲ့မြေတောင်မြှောက်ပေးပါတော့တယ်အဆိုတော်အနေနဲ့အောင်မြင်ဖို့ကိုမျှော်လင့်ခဲ့ရပြီး တကယ်တမ်းအောင်မြင်လာတဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုးနဲ့ သူတလူငါတမင်းနဲ့စိတ်ဝမ်းကွဲလာကြပါတယ် အကြောင်းကတော့ အရင်က သူတို့အဖွဲ့မှာ အက်ဖီက ခေါင်းဆောင်နေရာကသီဆိုလေ့ရှိပြီး ကျန်တဲ့ ဒီနာနဲ့လော်ရယ်တို့က နောက်လိုက်အနေနဲ့ဆိုရပါတယ်ဒါကို ကားတစ်က အက်ဖီကို ဖယ်ပြီး ဒီနာကိုခေါင်းဆောင်နေရာပေးပြီး ဆိုခိုင်းတဲ့အခါ သူတို့အဖွဲ့လေးမှာ သဘောထားမတိုက်ဆိုင်တာတွေ မနာလိုမှုတွေရှိလာပြီး အဲ့ဒါတွေအပြင် ကားတစ်တေလာနဲ့ နှလုံးသားရေးရာတွေပါ ...
movie
Dreamgirls (2006)
5.7
Jingle All the Way (1996)
Jingle All the Way (1996)ခရစ္စမတ်နီးလာတိုင်း ကျွန်တော်တို့ကြည့်လေ့ကြည့်ထရှိတဲ့ကားလေးဆိုရင်တော့ Home Alone (1990) လေးပဲဖြစ်မယ်ထင်ပါတယ်။ ဘာလို့ကြည့်လဲဆိုရင်တော့ ငယ်ဘဝကို ပြန်ခံစားချင်လို့ ကြည့်တယ်ဆိုပါတော့ဗျာ။ 1990 ကျော်ခုနှစ်များဆီက အငွေ့အသက်တွေ၊ ထိုနေ့ခေတ်များဆီက ခရစ္စမတ်ကျင်းပပုံတွေ၊ ခေတ်တစ်ခေတ်ရဲ့ သဘောသဘာဝတွေရဲ့ ခံစားလို့ရတဲ့ ရုပ်ရှင်လေးတွေပဲဆိုပါတော့။ဒီလိုရုပ်ရှင်လေးတွေထဲမှာ ကျွန်တော့်အတွက်တော့ Home Alone ပြီးရင် အကြိုက်ဆုံးခရစ္စမတ်ကားလေးဖြစ်တာကတော့ ဒီကားလေးပဲဗျ။ တကယ်ကောင်း၊ ရှယ်ကောင်း၊ တော်တော်ကောင်းပါတယ်။ တကယ်ကြည့်ထိုက်တယ်ဗျ။ ဇာတ်လမ်းလေးက အစ အလယ်ကနေ အဆုံးဇာတ်ဝင်ခန်းထိကို ကောင်းတာဗျ။ တကယ်လည်း တစ်ကားလုံးတောက်လျှောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ကို ကြည့်နေရတဲ့ကားပါ။ ပြီးတော့ ပိုထူးဆန်းတာကို ပြောပြပါဆိုရင်တော့ ဒီဇာတ်ကားလေးကို ကျွန်တော်တို့ရဲ့အက်ရှင်မင်းသားကြီး၊ Terminator မင်းသားကြီးအာနိုးလ်က သရုပ်ဆောင်ထားတာပါပဲ။ မင်းသမီးဟာလည်း ၉၀ ကျော်ခုနှစ်များရဲ့နာမည်ကျော်မင်းသမီး ရိတာဝေလ်ဆန်က ပါဝင်သရုပ်ဆောင်ထားပါတယ်။Comedy/ Family အမျိုးအစားမလို့ ဘယ်လိုကားမျိုးလေးလဲဆိုတာကိုတော့ ခန့်မှန်းလို့ရလောက်မယ်ထင်ပါတယ်။ သုံးခဲ့တဲ့ဘက်ဂျက်ရဲ့ ...
movie
Jingle All the Way (1996)
1996
6.1
Amsterdam (2022)
ဒီရုပ်ရှင်ကတော့ ပထမကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နာမည်ကျော် ဖြစ်ရပ်မှန် အရှုပ်တော်ပုံ အမှုကြီးတစ်ခုအကြောင်းကို ရိုက်ကူးထားတာပါပဲ။ ဘာဖြစ်ရပ်မှန်လဲဆိုတာတော့ ကြိုမပြောပြတော့ပါဘူး။ စုံထောက်ကားဆန်ဆန်ဖြစ်လို့ ပဟေဠိတွေ ကြိုသိမသွားအောင်ပါ။ ပါဝင်ထားတာကတော့ နာမည်ကြီးသရုပ်ဆောင်များလွန်းလို့ ဘယ်သူက စပြောရမလဲတောင်မသိပါဘူး။ အဆိုတော် တေလာဆွစ်ပါ ပါလိုက်ပါသေးတယ်။ ခေါင်းဆောင်မင်းသားက ခရစ်ရှန်ဘေး၊ မင်းသမီး မာဂေါ့ရော်ဘီ၊ ဂျွန်ဒေးဗစ်ဝါရှင်တန်၊ အာညာ တေလာဂျွိုင်း၊ ခရစ်စ် ရော့ခ်၊ တေလာဆွစ်၊ ရာမီမာလက်ခ် တို့ပါပါတယ်။ ဒါပေမဲ့ ရုံတင်တော့ အရှုံးပေါ်ထားပါသေးတယ်။ ၉၇ သန်းလောက်ကို ရှုံးတာပါ။ ဝေဖန်ရေးဆရာတွေကတော့ ဒီဇိုင်းတွေ၊ သရုပ်ဆောင်တွေကို အရမ်းချီးကျူးထားပါတယ်။ ဒါရိုက်တာရဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်ပုံကို မကြိုက်ကြလို့ဖြစ်သွားတာပါ။ ဘာပဲပြောပြော ဒီလူတွေစုပြီး သရုပ်ဆောင်ထားတာနဲ့တင် ကြည့်လို့တန်ကိုတန်လွန်းတဲ့ ရုပ်ရှင်ဖြစ်နေပါပြီ။ဇာတ်လမ်းအကျဉ်းဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန် ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းတစ်ခုဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီပေး၊ ကုသပေးနေတဲ့သူပါ။ ဒါပေမဲ့ ဆေးတွေမျိုးစုံစမ်းသပ်နေတဲ့အတွက် ဆေးကောင်စီက ...
movie
Amsterdam (2022)