Channel Myanmar

Daniel Stisen

King Arthur: Legend of the Sword (2017) 6.7
King Arthur: Legend of the Sword (2017) 2017 မေလထဲမှာ ရုံတင်ပြသခဲ့ပြီး အခုချိန်မှာ IMDb 6.7 နဲ့ပါ။ဇာတ်လမ်းကျောရိုးကတော့ အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး ပုံပြင် တွေထဲက အာသာဘုရင်ရဲ့ ဇာတ်ကြောင်းပါပဲ။ ဒီဇာတ်ကြောင်းကိုပဲ အမျိုးမျိုး ပြုပြင်ဖန်တီးပြီး ရိုက်ကူးထားကြတဲ့ကားတွေ မနည်းပါဘူး။ ဒီရုပ်ရှင်ထဲမှာတော့ ဘုရင် အူသာ ပန်ဒရက်ဂွန် လုပ်ကြံခံရပြီး သူ့ရဲ့ ညီ ဗော်တီဂန်က ထီးနန်းကို သိမ်းပိုက်ထားတယ်။ ဘုရင်လောင်း အာသာလေးက ကလေးကတည်း ထွက်ပြေးတိမ်းရှောင်နေရပြီး သူ့ကိုယ်သူ ဘုရင်လောင်းမှန်းမသိဘူးပေါ့။ မှော်ဆရာမာလင် ပေးခဲ့တဲ့ အိတ်စ်ကာလီဘာ မှော်ဓားဟာ အာသာအရွယ်ရောက်လာချိန်မှာ အလိုလိုပြန်ပေါ်လာပြီး ထုံးစံအတိုင်း ကျောက်တုံးထဲစိုက်နေ နှုတ်မရဖြစ်နေပါတယ်။ ဘုရင်ဗော်တီကန်က အာသာရှိနေမယ့် အသက်အရွယ် ပတ်ဝန်းကျင်လူငယ်အားလုံးကို ဒီဓားကို စမ်းသပ်ပြီး ဆွဲနှုတ်ခိုင်းတဲ့နည်းနဲ့ အာသာကို လိုက်ရှာပါတော့တယ်။ အာသာ မှော်ဓားကို ဆွဲနှုတ်နိုင်သွားချိန်နောက်ကစပြီး ဘုရင် ဗော်တီဂန်န် နဲ့ အာသာတို့ စတင်ရင်ဆိုင်မိပါတော့တယ်။ ...
movie

King Arthur: Legend of the Sword (2017)

2017
4K HEVC
Jurassic World: Fallen Kingdom (2018) 6.4
Jurassic World: Fallen Kingdom (2018) Jurassic World Fallen Kingdom (2018) ကယခင်ထွက်ရှိခဲ့တဲ့ 2015 Jurassic World ကားရဲ့ sequel ဖြစ်ပါတယ်။ယခင်သရုပ်ဆောင်တွေအပြင် cast အသစ်တွေပါ ပါဝင်အားဖြည့်ထားပါတယ်။ဒါရိုက်တာ J. A. Bayona ကရိုက်ကူးထားပြီးUniversal Pictures ကနေ ထုတ်လုပ်ဖြန့်ချိထားပါတယ်။ ဇာတ်လမ်းကိုတော့ ယခင်ကားအပြီး နောက်ပိုင်းမှာ ဇာတ်လမ်းတည်ထားပါတယ်။အိုက်စလာနျူဘလာကျွန်းမှာ အသစ်ဖန်တီးလိုက်တဲ့အင်ဒိုမီးနပ်စ် ဒိုင်နိုဆောကြောင့် ဥယျာဉ်ကြီးလည်း ပျက်စီးပြီးဒိုင်နိုဆောတွေလည်း သူ့သဘာဝနဲ့သူ နေနေကြတယ်။ ကျွန်းပေါ်မှာ ငြိမ်နေခဲ့တာ ကြာပြီဖြစ်တဲ့ မီးတောင်က ပြန်နိုးထလာလို့ ကျွန်းတစ်ခုလုံးပျက်စီးကိန်း စိုက်လာပါတယ်။တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကလည်း ဒိုင်နိုဆောတွေကိုကယ်တင်ပေးဖို့ ဆန္ဒပြတာတွေ ရှိသလို တစ်ဖက်မှာလည်းကယ်တင်လိုက်လို့ လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိလာမှာကို ကြောက်နေကြတယ်။ လူသားတွေဆိုတာ လောဘနဲ့ စစ်နဲ့ကို ခွဲထားလို့ကို မရတဲ့မျိုးစိတ်တွေ ဖြစ်တဲ့အတွက်အဲဒီလို လောဘစိတ်က လူသားမျိုးနွယ်ကို ဘယ်လောက်ဒုက္ခပေးသွားသလဲဆိုတာကို ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ယခင်ကားလိုပဲ သည်းထိတ်ရင်ဖိုတွေ စွန့်စားရတာတွေလှည့်ကွက်တွေနဲ့ ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကား ဖြစ်တာမလို့ကြည့်ရှုလိုက်ကြပါဦး။ Rating ...
movie

Jurassic World: Fallen Kingdom (2018)

2018
4K HEVC
The Siege (2023) 5.4
The Siege (2023) The Siege (2023) ============အက်ရှင်ကား ကြိုက်သူများအတွက် ၂၀၂၃ ခုနှစ်မှာ အသစ်ထွက် ရှိလာတဲ့ အက်ရှင်ကားအသစ် တင်ဆက်ပေးလိုက်ပါတယ်။ ဘက် ဂျက်အကြီးကြီး ရုပ်ရှင်မျိုးတော့ မဟုတ်ပေမယ့် သူ့ဘက်ဂျက်နဲ့ နိုင်သလောက် လုပ်ပြထားတဲ့ ပုံစံမျိုးပါ။ တစ်ချို့ပြကွက်တွေမှာ John Wick လို ရုပ်ရှင်မျိုးကိုမှ မတူတဲ့ပုံစံတစ်မျိုးနဲ့ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ဝေါ်ကာဟာ ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ပါ။ မစ်ရှင် တစ်ခုမှာ သူ့ရဲ့ ရုပ်ကိုမြင်သွားလို့ ခဏလောက် ခြေရာဖျောက်နေရင်း အထောက်အထားအသစ်လုပ်ဖို့အတွက် ပြန်လည်ခန့်အပ်ရေးစင် တာကို ရောက်လာခဲ့ပါတယ်။ ပြန်လည်ခန့်အပ်ရေးစင်တာဆိုကတော့ John Wick ထဲက Continental Hotel လိုမျိုးပဲ လုပ်ကြံရေးသမား တွေအတွက် ညအိပ်ဖို့၊ အထောက်အထားအသစ်တွေ လုပ်ဖို့ ကူညီ ပေးတဲ့နေရာတစ်ခုပါ။စင်တာမှာ ဝေါ်ကာရောက်နေတုန်း လူဆိုးအဖွဲ့တစ်ဖွဲ့က သူတို့သူဌေး ဖမ်းဆီးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ့ကို ကယ်ထုတ်သွားတဲ့ အယ်လ်ဒါ့ကို ဝင်ရှာဖို့အတွက် စင်တာကို ဝင်စီးပါတော့တယ်။ အယ်လ် ဒါလည်း ဝေါ်ကာ့အကြောင်းကို သိထားပြီးသားဆိုတော့ သူတို့ကို ကူညီဖို့အတွက် ဝေါ်ကာ့ကို အကူအညီတောင်းပါတော့တယ်။ ဝေါ်ကာ လည်း ပဲလှော်ကြား ဆားညှပ်ဆိုသလိုပဲ လူဆိုးဂိုဏ်းလက်ထဲကနေ အမျိုးသမီး နှစ်ယောက်ကို ...
movie

The Siege (2023)

2023
Last Man Down (2021)
Last Man Down (2021) လူ့အဖွဲ့အစည်းတစ်ခုလုံးကို ပျက်သုဉ်းစေနိုင်လောက်တဲ့အထိ ဖျက်ဆီးခဲ့တဲ့ ရောဂါကပ်တစ်ခုမှာ ဇနီးသည်သေဆုံးသွားခဲ့ပြီးတဲ့နောက် အထူးတပ်ဖွဲ့စစ်သည်တော်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျွန်ဝုဒ်ဟာ သူ့တာဝန်ကိုစွန့်ပစ်ပြီး တောကြီးမျက်မည်းထဲမှာ တကိုယ်တည်းဘဝနဲ့ အသက်ဆက်နေပါတယ်။နှစ်တစ်ချို့ကြာပြီးတဲ့နောက် ဒဏ်ရာတွေနဲ့ မိန်းမတစ်ယောက် သူ့ရှေ့ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီးတဲ့နောက် ငြိမ်းချမ်းနေတဲ့သူ့ကမ္ဘာမှာ အပြောင်းအလဲတွေဖြစ်ဖို့ဖန်လာတာပါပဲ။ မာရီယာဂျွန်ဆင်ဆိုတဲ့အမျိုးသမီး၊ ဓာတ်ခွဲခန်းက အစမ်းသပ်ခံဘဝကနေ ထွက်ပြေးလာခဲ့သူ၊ ဒီကပ်ရောဂါကို ကုသနိုင်ဖို့အရေးမှာ သူ့သွေးဟာ အခရာဖြစ်တဲ့အတွက် ကြေးစားတပ်ဖွဲ့တွေက အသည်းအသန်အလိုရှိနေတဲ့ မိန်းကလေး။သူ့နောက်ကိုလိုက်နေခဲ့တဲ့ ကြေးစားတပ်ဖွဲ့ခေါင်းဆောင်ဟာ တစ်ချိန်က သူ့ဇနီးကိုသတ်ခဲ့တဲ့ ကမ္ဘာ့ရန် တပ်မှူး စတုန်းလဲဖြစ်နေတာကိုသိလိုက်တဲ့အချိန်မှာတော့ ဝုဒ်တစ်ယောက် ဒီမိန်းကလေးကိုဖြစ်တဲ့နည်းနဲ့ကယ်တင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။သူနဲ့မိန်းကလေးနဲ့ နှစ်ယောက်က တစ်ဖက်၊ လက်နက်အင်အား လူအင်အားမယှဉ်သာအောင် တောင့်တင်းလှတဲ့ကြေးစားတပ်ဖွဲ့ကြီးကတစ်ဖက် ဒါတွေကိုရင်ဆိုင်ဖို့ဘယ်လိုရှေ့ဆက်စွန့်စားကြမလဲ။ဇာတ်လမ်းကိုအရိုးရှင်းဆုံးပုံစံနဲ့တည်ဆောက်ထားပြီး အဲ့ဒီပေါ်မှာမှအက်ရှင်ခန်းတွေနဲ့ပဲတောက်လျှောက်ကြမ်းပြထားပါတယ်။ ၁၉၈၀၊၉၀ ဗန်ဒိန်းတို့ စတားလုံးတို့ ငယ်ငယ်တုန်းက ခေတ်စားခဲ့တဲ့ အပစ်အခတ် အညှစ်အသတ် (အညစ်အပတ်လေးလဲ) မလွတ်တဲ့ ဇာတ်ကြမ်းပုံစံမျိုးဖြစ်ပါတယ်။  File size…(1.3 GB) and (750 MB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
movie

Last Man Down (2021)

Maleficent (2014) 7.0
Maleficent (2014) Maleficent (2014) IMDb - 7.0/10_____Rotten - 54%  Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie

Maleficent (2014)

2014