Channel Myanmar

Daniel Zettel

Blindness (2008) 6.5
Blindness (2008)  IMDB - 6.5ဒီဇာတ်လမ်းကတော့ တစ်မူထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဇာတ်လမ်းထဲက ဇာတ်ကောင်အကုန်လုံးကိုအမည်နာမသတ်မှတ်မထားသလိုဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ နောက်ကြောင်းရာဇဝင်ကိုဖော်ပြထားခြင်းမရှိပါဘူး။ကျွန်တော့်အမြင်တော့ဒါရိုက်တာက ဒီဇာတ်လမ်းရဲ့ဇာတ်ကောင်တစ်နေရာကခံစားကြည့်ရှုစေချင်တာဖြစ်မယ်။ဇာတ်လမ်းအကျဉ်းလေးပြောပြပါမယ်အစမှာ ဂျပန်အမျိုးသားတစ်ယောက်ဟာ လမ်းပေါ်မှာကားမောင်းနေရင်းနဲ့ အမြင်အာရုံရုတ်တရက်ပျောက်ဆုံးသွားပါတယ်။ အမြင်အာရုံပျောက်ဆုံးတယ်ဆိုပေမယ့် မျက်စိကန်းနေတဲ့သူလိုအမည်းရောင်ပဲမြင်ရတာမဟုတ်ဘဲ အဖြူပြင်ကြီးပဲမြင်နေရတာပါ။လမ်းပေါ်ကလူညစ်တစ်ယောက်ရဲ့အကူအညီနဲ့ ဂျပန်အမျိုးသား ဟာအိမ်ကိုပြန်ရောက်ခဲ့တယ်ဆိုပေမယ့် သူ့ကားတော့အခိုးခံလိုက်ရတယ်။ သူ့မိန်းမအိမ်ပြန်လာကိုစောင့်ပြီးလင်မယားနှစ်ယောက်မျက်စိအထူးကုဆရာဝန်ဆီကိုသွားပြကြပါတယ်။ဆရာဝန်စစ်ဆေးကြည့်တဲ့အခါမျက်လုံးမှာ ထူးထူးခြားခြားဘာမှမဖြစ်တဲ့အတွက်မစိုးရိမ်ဖို့ပြောပြီး ကျန်တာစစ်ဆေးဖို့အတွက်ဆေးရုံကိုလွှတ်လိုက်ပါတယ်။ကြည့်စရာလူနာတွေကုန်သွားတော့ မျက်စိဆရာဝန်ဟာ အိမ်ကိုပြန်လာပြီးကြုံတွေ့ခဲ့တာတွေကိုမိန်းမဖြစ်သူကိုပြောပြတယ်။နောက်နေ့မှာ အဲ့ဆရာဝန်လည်းမျက်စိမမြင်ရတော့ပါဘူး။ ဒါဟာကူးစက်ရောဂါတစ်မျိုးပဲသိသွားတယ်။ အခြားတစ်ဖက်မှာလည်းမြို့အတွင်းမှာ တစ်ယောက်စ နှစ်ယောက်စ စဖြစ်လာတဲ့အတွက်အစိုးရကရောဂါကူးစက်‌သူတွေကို စိတ်ကျန်းမာရေးဆေးရုံးဟောင်းဆီမှာစုနေဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ ဆရာဝန်ရဲ့မိန်းမက သူ့ယောက်ျားကိုစိတ်မချတဲ့အတွက်သူ့ကိုယ်သူရောဂါကူးစက်နေပါတယ်လို့လိမ်ပြီးတော့လိုက်သွားတယ်။ဆေးရုံတစ်ခုလုံးမှာ ဆရာဝန်ရဲ့မိန်းမတစ်ယောက်သာ မျက်လုံးမြင်တဲ့အတွက်အစအစအရာရာ ဦးဆောင်ပြီးလုပ်‌‌ပေးတယ်။အစပိုင်းမှာ အဆင်ပြေပေမယ့်နောက်ပိုင်းလူတွေတစ်စတစ်စများလာ‌တော့သူ့အတွက်ဝန်ပိလာပါတယ်။ စရိုက်ပေါင်းစုံလူပေါင်းစုံရှိလာတဲ့ဒီဆေးရုံဟာ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာတယ်။ ကြီးနိုင်ငယ်ညှင်းစိတ်သဘောရှိတဲ့ လူတစ်ချို့ရဲ့ကြီးစိုးမှုကြောင့် အခက်အခဲတွေကြုံလာတဲ့အခါမှာ‌တော့....  File size…2.29GB / 1.13GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 1m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Blindness (2008)

City of God(2002) 8.7
City of God(2002) City of God(2002) ******************* IMDb....8.7 Rotten......90% အော်စကာ....၄ဆုဒီကားဇတ်လမ်းလေးအစမှကောင်လေး ၂ယောက်လမ်းလျှောက်လာတယ် တစ်ယောက်က ကင်မရာလေးတစ်လုံး လွယ်ထားတယ်... သူတို့လမ်းလျှောက်ရင်းပြောတဲ့စကားတွေက ဓာတ်ပုံရိုက်ရင် အန္တရယ်များလို့ အသတ်ခံရနိုင်တဲ့ အကြောင်း တစ်ယောက်ကလည်း ဒါမှသူအလုပ်ရနိုင်တဲ့အကြောင်းအခြေအတင်ပြောလာကြတယ်... အဲ့ဒီအချိန်မှာပဲ အဖွဲ့တစ်ဖွဲ့က ကြက်တစ်ကောင်ကိုသေနတ်နဲ့လိုက်ပစ်ဖမ်းနေတယ်..... ကောင်လေး ၂ယောက်ရှေ့မှာ ကြက်ကရောက်နေတော့ သေနတ်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်ကလှမ်းအမိန့်ပေးလိုက်တယ်.... ကြက်ကိုဖမ်းလိုက်စမ်းတဲ့ တစ်ချိန်ထဲမှာပဲ သေနတ်ကိုင်အဖွဲ့ကို ဖမ်းဖို့ ရဲအဖွဲ့က ကောင်လေး ၂ယောက်ရဲ့ နောက်မှာ ရောက်လာတယ်....လက်နက်ကိုင်၂ဖွဲ့ကြားမှ ကောင်လေး ၂ယောက် ........သူတို့ ၂ယောက်ဟာ ဘာလုပ်ရမှန်းမသိတဲ့ အနေအထား .......ကောင်လေးက သူတို့နယ်မြေရဲ့အကြောင်းကိုဆက်ပြောပြတယ် ကျွန်တော်တို့ဆီမှာ ပြေးရင်လည်း သူတို့ကလိုက်ဖမ်းမိမယ် ရပ်နေရင်လည်း သူတို့ကဖမ်းမှာပဲတဲ့........ ဒါကဇတ်လမ်းအစ....... လူတစ်ယောက်ဟာ ပတ်ဝန်းကျင်အနေအထားရဲ့လွှမ်းမိုးမှု အမှောင်ရိပ်ဟာ တစ်ချိန်လုံးလွှမ်းခြုံခံနေရရင် ရုန်းထွက်ဖို့ခက်ပါတယ် ဒီလိုအနေအထားမှာ အမှန်တရားဆိုတာဘာလဲ မေးခွန်းထုတ်နိုင်ဖို့ရယ် အဖြေရယ်ရှာဖို့ရာ အတော်ကိုမလွယ်ပါဘူး......ဘရာဇီးရဲ့ City of god မှာ ဒီလိုအဖြစ်အပျက်တွေပါ ...သေနတ်တွေအလွယ်တကူရတယ် ငွေရှာဖို့ လုတယ်... မူးယစ်ဆေးရောင်းဝယ်ဖောက်ကားတယ်... လူသတ်တတ်မှ ဆေးခြောက်ရှုတတ်မှ လူရာဝင်တဲ့နေရာမျိုး ....ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အနက်ရောင်တွေ ထုံလွှမ်းနေတယ်.... နေရာစုံမယ် ကိစ္စဟူသမျှကို သေနတ်တရမ်းရမ်းနဲ့ဖြေရှင်းတယ်.....ကျွန်တော်ဟာ ...
movie

City of God(2002)

2002
Trash (2014) 7.2
Trash (2014) Trash (2014) IMDb - 7.2/10_____Rotten - 66%   Trash (2014) Crime /Drama ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အမှိုက်ပုံက ဇာတ်လမ်းတစ်ပုဒ်… အမှိုက်ပုံမှာစပြီး ဘယ်မှာဆုံးမယ်ဆိုတာတော့….ဒီဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်တွေကတော့ အမှိုက်ပုံက ပြန်အသုံးဝင်မယ့် ရောင်းလို့ရမယ့် ပစ္စည်းလေးတွေကို ရှာဖွေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အသက်(၁၄)နှစ်အရွယ် Raphael, Gardo, နဲ့ Rat လို့ အမည်ရတဲ့ ကောင်လေး(၃)ယောက်ပါ။Raphael, Gardo, နဲ့ Rat တို့ဟာ တစ်မြို့လုံးရဲ့ အမှိုက်များလာရောက်စုပုံရာ အမှိုက်ပုံ အနီးအနားမှာ ကျူးကျော်နေထိုင်လျက်ရှိကြတဲ့ မိသားစုတွေ အိမ်ခြေမဲ့တွေ အောက်ခြေလူတန်းစားတွေထဲက ကလေးတွေပါ..Jose Angelo - သူက အသက် (၉)နှစ်အရွယ်ရှိတဲ့ Pia လို့အမည်ရတဲ့ ကလေးမလေးရဲ့ ဖခင်တစ်ဦး သူ့သမီးလေးရဲ့ အခေါင်းကို ဂူသွင်းပြီး အိမ်အပြန်အလာ.. အကြောင်းတစ်ခုကြောင့် ရဲတွေရဲ့ လက်က လွတ်မြောက်အောင်ထွက်ပြေးရင်း မလွတ်နိုင်တဲ့အဆုံး .. သူ့ရဲ့ ပိုက်ဆံအိတ်ကို ...
movie

Trash (2014)

2014