Channel Myanmar

Daniella Wang

Dangerous Evidence ( 2024 ) 5.8
Dangerous Evidence ( 2024 ) ဘဝမှာအဆင်ပြေဖို့အတွက် အလွယ်နည်းလိုက်ပြီးပိုက်ဆံရှာချင်တဲ့ မိန်းကလေးတစ်ယောက်ဟာ မပတ်သက်သင့်တဲ့သူနဲ့ပတ်သက်မိပြီး မယူသင့်တဲ့ပစ္စည်းကိုယူခဲ့မိတဲ့အတွက်ကြောင့် လိုက်သတ်ခံနေရတယ်။ရဲအရာရှိတစ်ယောက်ဟာ မိန်းကလေးကိုကယ်တင်ခဲ့တဲ့အတွက် သူ့သမီးလေးကိုပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ အရေးကြီးသက်သေဖြစ်နေတဲ့မိန်းကလေးကို ခေါ်လာပြီး သမီးလေးနဲ့လဲယူလို့ရမယ်လို့ပြန်ပေးသမားတွေကပြောလာတဲ့အခါ...... ပြစ်မှုကျူးလွန်တဲ့ နောက်ကွယ်ကအဖွဲ့အစည်းရဲ့လျှို့ဝှက်ချက်ဟာဘာတွေဖြစ်နေမလဲ...... ဘာကြောင့်များ မိန်းကလေးလက်ထဲကသက်သေပစ္စည်းကို လိုချင်နေကြတာဖြစ်မလဲ..... အမှန်တရားနဲ့သမီးလေးကြားမှာ ဘာကိုရွေးရပါ့မလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 9 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Dangerous Evidence ( 2024 )

[18+] Due West: Our Sex Journey (2012) 5.3
[18+] Due West: Our Sex Journey (2012) (function(f,b,n,j,x,e){})();ဒီဇာတ်ကားကတော့ ဟောင်ကောင် Erotic movie ထဲမှာ အမှတ်ရလောက်စရာ လိင်ပညာပေးဇာတ်ကားပါပဲ။တင်းကျပ်တဲ့အိမ်ထောင်စုတစ်ခုက ယောကျာ်းလေးတစ်ယောက်ဟာ အချိန်တန်အရွယ်ရောက်လာချိန်မှာကိုယ်ခန္ဓာကတောင်းဆိုတဲ့ သွေးသားဆန္ဒနဲ့ ရှက်ရွံ့မှုတွေကြား ဗျာများပြီး ပေါက်ကရဖြစ်ချင်ရာဖြစ်လာတာကိုဟာသခပ်များများ အဖော်အချွတ် စိတ်ကူးယဉ်ခန်းခပ်များများနဲ့တင်ဆက်ထားပါတယ်။အချစ်ဦးဆိုတာ တချို့လူတွေအတွက် ပထမဆုံးထိတွေ့မှုအခြေခံတဲ့ဆက်နွယ်မှုဆိုတာမျိုးတွေထိ ပွင့်ပွင့်လင်းလင်းချပြထားပါတယ်။တချို့အခန်းတွေဆို Erotic ဆန်လွန်းအောင် တော်တော်မိမိုက်နေအောင် ရိုက်ကူးထားပါတယ်။ဇာတ်ဆောင်ကောင်လေးက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတဲ့ တင်ဆက်ထားပုံကြောင့်သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့ ရိုးသားမှု ညစ်ညမ်းမှုတွေအကုန်မြင်နိုင်ပါတယ်။အင်တာနက်ပေါ်က ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ကို အခြေခံလို့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ File size…(2.7 GB)/(1.2 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:58:47 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie

[18+] Due West: Our Sex Journey (2012)

2012
The Incredible Water Monster ( 2023 ) 6
The Incredible Water Monster ( 2023 ) ယခုတစ်ခေါက်သိပ္ပံဇာတ်လမ်းကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ဇီဝဗေဒပါမောက္ခ စုလိယဟာ နိုင်ငံခြားမှာ ရေမိစ္ဆာကြီးက တျန်းချစ်မြစ်မှာ ပေါ်ပေါက်လာကြောင်း သတင်းရခဲ့တယ်။ ထိုရေမိစ္ဆာကြီးနဲ့ ပျောက်ဆုံးသွားတဲ့ သူမအဖေတို့ အဆက်အနွယ်တချို့ရှိမယ်လို့ ခံစားမိခဲ့တယ်။ သူမအဖေ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကို ရှာဖွေရန် သူမတစ်ယောက်တည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကို ရောက်လာခဲ့တယ်။ထိုရွာမှ ရွာသားတွေက သူတို့ရွာမှာ အပန်းဖြေစခန်း တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေတာ ဖြစ်တဲ့အတွက် ရေမိစ္ဆာအကြောင်း စုံစမ်းသူများကို ဆန့်ကျင်ခဲ့တယ်။ သူမ ရွာထဲဝင်တာနဲ့ အမှောင်ခန်းထဲမှာ အဖမ်းခံလိုက်ရတယ်။ထိုအမှောင်ခန်းထဲမှာ မထင်မှတ်ထားပဲ သူမရဲ့ သူငယ်ချင်းဖြစ်သူ စန်းဟားနဲ့ ချန်လုံတို့ကို တွေ့ခဲ့တယ်။ သူတို့တတွေဟာ နယ်မြေတစ်ခု ငြိမ်းချမ်းစေဖို့အတွက် အဆင့်မြင့်အတိုင်းအတာ ပတ်ဝန်းကျင်အပေါ် နားလည်မှုနဲ့ အချိန်ခရီးသွားခြင်း ဟာကွက်တွေကို အသုံးချပြီး ရေမိစ္ဆာနဲ့ ပြင်ပအန္တရယ်များကို တိုက်ခိုက်ခဲ့ပါတယ်။သူတို့တတွေ ရေမိစ္ဆာကြီးကို နှိမ်နင်းနိုင်ပါ့မလား...... ထိုရေမိစ္ဆာကြီးကလဲ လိယရဲ့ အဖေနဲ့ ဘယ်လို ပတ်သက်နေလဲ ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : ...
movie

The Incredible Water Monster ( 2023 )

The Five Immortals of Northeast China ( 2023 ) 5.8
The Five Immortals of Northeast China ( 2023 ) ချင်းခေတ်နှောင်းပိုင်းတောတောင်တွေကြားထဲကရွာလေးတစ်ရွာမှာ ရွာသားတွေက မြေခွေး ၊ဖျံနီညို၊ ဖြူ၊ မြွေ၊ ကြွက်ဆိုတဲ့သတ္တဝါ (၅)မျိုးကိုနတ်အဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတယ်။တစ်နေ့မှာတော့ရွာရဲ့လူချမ်းသာဖြစ်တဲ့စွန်းမျိုးနွယ်ဟာ ကြွက်တွေကိုအမျိုးတုန်းလိုက်ရှင်းတဲ့အတွက် ကြွက်နတ်ကိုပြစ်မှားမိလို့ ဒုက္ခရောက်သွားခဲ့တယ်ဆိုတဲ့ထူးဆန်းဖြစ်ရပ်ဖြစ်လာခဲ့တယ်။ဂျင်ဆင်းနဲ့ပူဇော်ရမယ့်လို့ဆိုကြတဲ့အတွက် စွန်းမျိုးနွယ်ရဲ့ညီဟာ တောင်ပေါ်တက်ပြီး ဂျင်ဆင်းရှာတဲ့ခရီးတင်ပါတော့တယ်...... ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်မျိုးပြီးတစ်မျိုးဖြစ်လာခဲ့တယ် တကယ်ပဲ တောင်တွင်းနတ်(၅)ပါးပေးတဲ့အပြစ်တွေလား...... အမှန်တရားဟာဘယ်လိုဖြစ်နေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Mystery Runtime : 1h 21 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

The Five Immortals of Northeast China ( 2023 )

The Painted Wall of Liaozhai ( 2023 ) 5.9
The Painted Wall of Liaozhai ( 2023 ) လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ......သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား...... နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ...... လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ...... [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Romance Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Painted Wall of Liaozhai ( 2023 )

Detective Dee and Dragon Hidden Lair ( 2023 ) 6.1
Detective Dee and Dragon Hidden Lair ( 2023 ) စုံထောက်ကြီးဒီး(ဒီးရန်ကျယ်) ရဲ့ စွန့်စားခန်း အမှုစစ်ဆေးရေး ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM က ပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ စွန့်စားခန်း ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ ။ထန်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ အကျင့်သီလနဲ့ ပြည့်စုံတဲ့ မင်းကြီးနဲ့ ဘုရင်မကြီးတို့ကြောင့် လော့ယန်တစ်မြို့လုံး စီးပွားလာဘ်လာဘတွေ တိုးတတ်ပြီး အေးအေးချမ်းချမ်းရှိနေခဲ့ပါတယ် ။ ဒါပေမဲ့ တစ်နေ့မှာတော့ လော့ယန်မှာ ထူးဆန်းလှတဲ့ အမှုကိစ္စတွေက ထွက်ပေါ်လို့လာခဲ့ပါတော့တယ် ။ ၎င်းကတော့ ပြည်သူတွေရဲ့ ရေကြောင်းစောင့်ကြပ်ရေးတပ်ဖွဲ့ဟာ မြစ်လည်ခေါင်မှာ အမည်မသိ လူသတ်သမားရဲ့ သတ်ဖြတ်ခြင်းကို ခံရပြီး တစ်ဖွဲ့လုံးအသက်ရှင်ကျန်ရစ်သူမရှိ သေဆုံးသွားခဲ့တာပါ ။ ပြည်သူတွေလဲ ဒီသတ်ဖြတ်မှုကြီးကြောင့် ထိတ်လန့်တစ်ကြားဖြစ်နေပြီးတော့ တလီဘုရားကျောင်းတော်မှ စုံထောက်ကြီးဒီးနဲ့ သူ့ရဲ့ အပေါင်းအပါတွေက ဒီအမှုကို စုံစမ်းဖို့ စတင်လုပ်ကိုင်ခဲ့ကြပါတယ် ။သဲလွန်စ တစ်ခုခြင်းစီနောက်ကိုလိုက်ရင်း ❏ စုံထောက်ကြီးဒီးနဲ့ အပေါင်းအပါတွေ ဒီအမှုကြီးကို ဘယ်လိုတွေ ဆက်လက်စုံစမ်းမှာလဲ ? ❏ အမှုစုံစမ်းနေစဥ်အတွင်းမှာ ဘယ်လိုထူးဆန်း တုန်လှုပ်ဖွယ်ရာ အကြောင်းအရာတွေကို တွေ့ရှိရမလဲ ? ❏ စုံထောက်ကြီးဒီးတစ်ယောက် အဖြစ်မှန်ကို ရှာဖွေကာ ထန်မင်းဆက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာ ...
movie

Detective Dee and Dragon Hidden Lair ( 2023 )

The Demon Hunter (2022) 4.2
The Demon Hunter (2022) The Demon Hunter (2022)၂၀၂၂ ခုနှစ်ကတော့ တရုတ်ကားလေးတွေ နည်းနည်းပြန်ဦးမော့လာတဲ့နှစ်လို့ထင်မိပါတယ် ။ အရင်ကြည့်နေကျလို မိတ်ကပ်အဖွေးသားတွေ CGI အထူးပြုလုပ်ချက်တွေအများကြီးနဲ့ ထိုင်ရာမထသရုပ်ဆောင်ချက်တွေ သိပ်မပါတော့ဘဲ သဘာဝဆန်လာတယ်လို့မြင်မိတဲ့ နောက်ထပ်ကားကောင်းလေးတစ်ကားထွက်လာပါပြီ။The Demon Hunter ဆိုတဲ့နာမည်အတိုင်း မကောင်းဆိုးဝါးဖမ်းပွဲလေးပေါ့။ မကောင်းဆိုးဝါးအများကြီးမပါပါဘူး.. ချောချောလေးတစ်ယောက်တည်းပါ။ အဲ့ဒီတစ်ယောက်တည်းကပဲ အစီအစဉ်တွေအကုန်ချထားပြီး လုံယွမ်တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်ဆီးသွားအောင်လုပ်ပါတော့တယ်။လုံယွမ်ပြည်ကြီးမှာ ကျိုင်းကောင်ကပ်ဆိုးတွေရော ဝမ်းရောဂါကပ်ဘေးတွေပါဖြစ်နေရတဲ့အထဲ မင်းကြီးကပါ နဂါးအဖြစ်ပြောင်းလဲသွားပြီး အဝေးကိုပျံထွက်သွားပါတယ်။ ပြည်သူတွေအတွက် လုပ်ပေးမယ့်ဆုတောင်းပွဲကလည်း နောက်သုံးရက်နေရင်စပါပြီ။ ဒီလိုမျိုးမူမမှန်တဲ့ပျောက်ဆုံးမှုတွေနဲ့ မိုးကောင်းကင်ကအပြစ်ပေးတဲ့ကပ်ဆိုးတွေကို စုံစမ်းစစ်ဆေးဖို့ နက္ခတ်ဌာနမှစစ်ဆေးရေးမှူး ပိုင်ယိထုန် နဲ့ မင်းကြီးအပေါ်ကိုသစ္စာစောင့်သိတဲ့ လင်လုံတို့ တာဝန်ယူလိုက်တဲ့အခါမှာတော့......အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre.....Thriller, Drama, Fantasy Quality….WEB-DL 1080p and 720p File size…1.2GB, 763MB, 244MB Format…mp4 Duration….1h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August
movie

The Demon Hunter (2022)

2022