Channel Myanmar

Danielle Pinnock

Candy Cane Lane (2023)
Candy Cane Lane (2023)  Coming to America, The Nutty Professor, Shrek, Daddy Care အစရှိတဲ့ ရုပ်ရှင်ပေါင်းများစွာနဲ့ လူသိများတဲ့ အမေရိကန်ဟာသ သရုပ်ဆောင် Eddie Murphyရဲ့ အသစ်ဆတ်ဆတ် Christmas ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ Gravity Falls, Goosebumps, Good Burger 2 အစရှိတဲ့ ရုပ်ရှင်ကောင်းတွေထဲက comedian Jillian Bellကနေ အကောင်းဆုံး ဗီလန်သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ အေးချမ်းလှတဲ့ ဒီဇင်ဘာ ခရစ္စမတ် ပိတ်ရက်လေးမှာ မိသားစုနဲ့ အတူကြည့်ရှု့သင့်တဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ -ခရစ္စတိုဖာလို့ခေါ်တဲ့ ခရစ်က ခရစ္စမတ်ကို အလွန်နှစ်သက်ပြီး သစ်သားတွေနဲ့ ကိုယ်တိုင် လက်နဲ့ထုလုပ်ပုံဖော်ရတာကို ကြိုက်နှစ်သက်သူ ဝါသနာရှင်တစ်ဦးပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူလုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့အခြေနေကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ပြုတ်လို့ ဘူနေတဲ့အချိန်မှာ ခရစ်ရဲ့မြို့မှာ ကန်ဒီကိန်းလိမ်းလို့ ခေါ်တဲ့ အိမ်အလှပြိုင်ပွဲကို ...
movie

Candy Cane Lane (2023)

Tell It Like a Woman (2022)
Tell It Like a Woman (2022) Tell It Like A Woman (2022)Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ...
movie

Tell It Like a Woman (2022)

2022