Channel Myanmar

Dany Boon

Driving Madeleine (2022) 7.0
Driving Madeleine (2022)  ဒီဇာတ်ကားလေးက အဘိုးအဘွားကိုချစ်တတ်တဲ့သူတွေအတွက် ကြည့်ပြီးရင်ရင်ထဲတစ်ခုခုကျန်ခဲ့စေမယ့် ကားမျိုးပဲဖြစ်ပါတယ်။ IMDb-7/10 နဲ့Rotten Tomato-100%အထိ ရရှိထားတဲ့ဇာတ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ချားလ်ဟော့မန်းဟာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ မိသားစုအတွက်ရုန်းကန်နေရတဲ့ တက္ကစီသမားတစ်ဦးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့မက်ဒလိန်းကယ်လာဆိုတဲ့ အသက်၉၂နှစ်အရွယ် အဖွားအိုတစ်ယောက်ကိုလူအိုရုံကိုပို့ဖို့ သူ့ရဲ့ကားကိုငှားခဲ့ပါတယ်။ ပို့ရမယ့်နေရာက ပဲရစ်မြို့ရဲ့တစ်ဖက်ခြမ်းဖြစ်တော့ မလိုက်ချင်ပေမယ့်လည်း ငွေကြေးအခက်အခဲကြောင့် လိုက်ပို့မိတဲ့အခါမှာဒီအဖွားအိုနဲ့ စကားပြောမိရင်း မက်ဒလိန်းရဲ့အတိတ်ကအဖြစ်အပျက်တွေကိုပြန်လည်တူးဖော်ကြပါတော့တယ်။ ဒီခရီးစဉ်တိုလေးတစ်ခုအတွင်းမှာပဲ ချားလ်နဲ့မက်ဒလိန်းတို့ကြားမှာ ဘယ်လိုသံယောဇဉ်တွေဖြစ်သွားမလဲ။ မက်ဒလိန်းရဲ့အတိတ်မှာရောဘယ်လိုကြမ်းတမ်းမှုတွေနဲ့ကြုံတွေ့ခဲ့ရလဲဆိုတာကို ကရုဏာသက်စွာ ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။  File size…1.23 GB / 607 MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe
movie

Driving Madeleine (2022)

The Crime Is Mine (2023) 6.6
The Crime Is Mine (2023) The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie

The Crime Is Mine (2023)

2023
Murder Mystery 2 (2023) 5.7
Murder Mystery 2 (2023) Murder Mystery 2 (2023) =================== IMDb Rating - 5.7/10နာမည်ကြီး မင်းသား Adam Sandler နဲ့ မင်းသမီး Jennifer Aniston တို့ အဓိကသရုပ်ဆောင်ရိုက်ကူးထားတဲ့ Mystery Murder 2 ပြန်လာပါပြီ။ ဇာတ်​လမ်းကတော့ ​​တစ်ကားလုံး ရယ်စရာဟာသတွေနဲ့ တစ်လွဲတွေကို တွေ့မြင်ရမယ့် Mystery, Comedy Genre ပဲ ဖြစ်ပါတယ်။Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာ အလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့ သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကို ခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီး ထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာ သူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာ လိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သား ဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါ တယ်။အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရား ခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ သံသယဝင်ခံရတာက Nick ...
movie

Murder Mystery 2 (2023)

2023
Murder Mystery (2019) 6.1
Murder Mystery (2019) Murder Mystery (2019) =================၂၀၁၉ထွက်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင် ထားတဲ့ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကိုစလိုက်ရအောင်ဗျာ ... နယူးယောက်က  စုံထောက်စာမေးပွဲကိုခဏခဏကျတဲ့ ရဲအရာရှိတစ်ယောက်နဲ့ သူ့မိန်းမ ကအိမ်ထောင်သက် ၁၅နှစ် ပြည့်မှာ ဇနီးသည်ရဲ့အလိုဆန္ဒကိုလိုက်လျောသော အားဖြင့် မင်္ဂလာဦးပေးထားခဲ့တဲ့ ဥရောပခရီးထွက်ဖို့ဖြစ် လာခဲ့ပါတယ်။ လေယာဉ်ပေါ်‌ရောက်တော့ ကယ်ဗန်ဒစ်ချ် ဆိုတဲ့လူတစ်ယောက်နဲ့ရင်းနှီးသွားတယ်။ စကားတွေ ပြော ဖြစ်ရင်းနဲ့ သူ့ဦးလေးဘီလီယံနာ အဖိုးကြီးမင်္ဂလာဆောင် ဂုဏ်ပြုပွဲလုပ်တဲ့အပန်းဖြေသင်္ဘောကိုခေါ်လို့လင်မယား နှစ်ယောက်လိုက်သွားတာပေါ့။ညဖက်ရောက်တော့အခန်းထဲမှာအဖိုးကြီးရဲ့မိသားစုတွေ မိတ်ဆွေရှေ့မှာ အဖိုးကြီးက သူ့ဇနီးသည်ငယ်ငယ်လေးကို သူပိုင်ဆိုင်သမျှ ဘီလီယံနာ ၇၀ လုံးလွှဲပေးဖို့လက်မှတ် ထိုးခါနီး ရုတ်တရက်မီးပြတ်ပြီး အဖိုးကြီးအသတ်ခံလိုက် ရတယ်။ ဇာတ်လမ်းကအဲ့ကနေစတော့တာပဲ . . .ဒါနဲ့ ရဲလင်မယားနှစ်ယောက်က သံသယရှိတဲ့လူတွေကို စုံစမ်းကြတယ်၊ သူတို့သံသယရှိတယ်လို့ထင်တဲ့သူတွေက လည်း တစ်ယောက်ပြီးတစ်ယောက်သေသွားကြတယ်။ ဘယ်လိုအလွဲလေးတွေနဲ့လိုက်စုံစမ်းကြမလဲဆိုတာ ရယ် စရာတွေကြည့်ရင်းရင်းအပန်းဖြေရင်းကြည့်ကြမယ်ဗျာIMDB rating 6.1ရထားတဲ့ ဟာသ ကားလေးမို့အားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (800 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 1h 37min Format : Mp4 Genre : ...
movie

Murder Mystery (2019)

2019
Micmacs (2009) 7.2
Micmacs (2009) Micmacs (2009)ဘာဇီးလ် ဆိုတဲ့ကောင်လေးရဲ့ ဖခင်စစ်သားဟာ မြေမြှုပ်မိုင်းကြောင့်သေဆုံးသွားပြီး ဘာဇီးလ်ရဲ့အမေလည်း ခင်ပွန်းဖြစ်သူကိုဆုံးရှုံးရတဲ့သောကကြောင့် စိတ်ကျန်းမာရေးဆေးရုံကိုရောက်သွားပါတယ်။ ဘာဇီးလ်ဟာ မိဘမဲ့ဂေဟာရောက်သွားပြီး တစ်နေ့မှာတော့ ဂေဟာကထွက်ပြေးသွားပါတယ်။ နှစ်၃၀အကြာမှာ ဗီဒီယိုအခွေဆိုင်တစ်ဆိုင်မှာအလုပ်လုပ်​နေရင်း လမ်းပေါ်မှာ သေနတ်ပစ်ခတ်သံတွေကြားပြီး ဆိုင်ကိုလာမှန်လို့ ထွက်ကြည့်ရာကနေ ခေါင်းကိုကျည်ဆန်မှန်သွားပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေဘဲ ခေါင်းထဲမှာကျည်ဆန်ကျန်နေခဲ့ပြီး ဆေးရုံကဆင်းလာတဲ့အချိန်မှာတော့ သူ့ရဲ့အလုပ်နေရာကိုအစားထိုးခံလိုက်ရပါတယ်။ သူ့အစားဝင်လုပ်နေတဲ့မိန်းကလေးက ဆိုင်နားမှာပစ်ခတ်မှုဖြစ်တုန်းက ကျည်ဆန်တစ်တောင့်ကို ရထားကြောင်း ပြောပြီး ဘာဇီးလ်ကိုပေးလိုက်ပါတယ်။ နေစရာမရှိတော့တဲ့ဘာဇီးလ်ဟာ လမ်းပေါ်မှာလှည့်လည်ဖျော်ဖြေရင်း ပိုက်ဆံရှာနေခဲ့ရာက အဖိုးကြီးတစ်ယောက်နဲ့တွေ့ခဲ့ပြီး ဘာဇီးကို သူ့ရဲ့မိသားစုဆီခေါ်သွားခဲ့ပါတယ်။ အဖိုးကြီးရဲ့မိသားစုဟာ ကားသင်္ချိုင်းအပျက်အစီးတွေထဲ အိမ်ဖြစ်အောင်ဖန်တီးပြီး နေထိုင်နေကြတဲ့ အိမ်ခြေရာမဲ့တွဖြစ်ကြပေမယ့် သာမန်လူတွေမဟုတ်ဘဲ ပစ္စည်းအပျက်တွေသုံးပြီးစက်ပစ္စည်းတွေတီထွင်နိုင်သူ၊ ဘယ်အတိုင်းအတာပမာဏကိုမဆို မျက်လုံးနဲ့ကြည့်ရုံနဲ့တိုင်းထွာတတ်သူ၊ ခန္ဓာကိုယ်ကို ကောက်ကွေးနိုင်သူ စတဲ့ စွမ်းရည်ကိုယ်စီနဲ့ လူထူးဆန်းတွေစုနေကြတာဖြစ်ပါတယ်။ဘာဇီးဟာ အဲ့မိသားစုနဲ့အတူနေထိုင်ပြီး တွေပစ္စည်းအပျက်လိုက်ကောက်တဲ့အလုပ်ကိုလုပ်ရင်း လမ်းပေါ်မှာ သူရင်းနှီးနေတဲ့တံဆိပ်နှစ်ခုကိုတွေ့လိုက်ရပါတယ်။ သူ့အဖေကိုသေစေခဲ့တဲ့မြေမြှုပ်မိုင်းပေါ်က တံဆိပ်နဲ့၊ သူ့ခေါင်းထဲမှာဝင်နေတဲ့ ကျည်ဆန်ရဲ့ တံဆိပ်တွေကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ရှိနေကြတဲ့ ကမ္ဘာ့ထိပ်တန်းလက်နက်ကုမ္ပဏီကြီးနှစ်ခုဖြစ်နေပါတယ်။ အဲ့လက်နက်ကုမ္ပဏီတစ်ခုထဲကိုခိုးဝင်ခဲ့ပြီးနောက် သူတို့ဖြန့်ချီနေတဲ့လက်နက်တွေကြောင့် လူတွေသေကြေဒုက္ခရောက်နေကြတာကို သိသွားရတဲ့ဘာဇီးလ်ဟာ သူ့ရဲ့လူထူးဆန်းမိသားစုကိုအကူအညီတောင်းပြီး လက်နက်ကုမ္ပဏီနှစ်ခုရဲ့ပိုင်ရှင်နှစ်ယောက်ကို သင်ခန်းစာပေးနိုင်ဖို့ အစီအစဥ်ဆွဲပါတော့တယ်။ဒီကားကတော့ ပြင်သစ်ဇာတ်ကားဖြစ်ပြီး၊ Comedy အမျိုးအစားဖြစ်တာမို့ ဟာသလေးတွေနဲ့ ဇာတ်လမ်းပုံစံ သွက်သွက်လက်လက်ပေါ့ပေါ့ပါးပါးဖြစ်ပါတယ်။ Hugo ဇာတ်ကားလို fantasy ဆန်ဆန်ကားမျိုး၊ Tim Burton ရဲ့ဇာတ်ကားတွေလို ကာတွန်းဆန်သလိုလို ထူးထူးဆန်းဆန်းကားမျိုးကြိုက်တဲ့သူတွေ သဘောကျမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။File size… 2.9GB and 753MB Quality…. ...
movie

Micmacs (2009)

2009