Channel Myanmar

Daphne Matthews

Senior Year (2022)
Senior Year (2022) 293MBSenior Year (2022)ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလားစတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်‌ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးPitch Perfect ထဲက Fat ...
movie

Senior Year (2022)

Wrong Turn (2021) 5.4
Wrong Turn (2021) Wrong Turn (2021)ဒီကားကတော့ အသစ်စက်စက် ထွက်ထားတဲ့ Wrong Turn ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အရင်ဇာတ်လမ်းတွေနဲ့ ကျောရိုးတူပေမယ့် နောက်ပိုင်း တော်တော်လေးကွဲတယ်လို့ ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အားလပ်ရက် တောင်တက်အပျော်ခရီးထွက်လာတဲ့လူငယ်တစ်စုက တောင်တက်ဖို့မြို့ငယ်တစ်မြို့ကိုရောက်လာခဲ့ပါတယ်။ အဲ့ဒီမြို့မှာ တည်းခိုနေစဉ် ထူးဆန်းတာတွေလည်း ဖြစ်ပျက်ခဲ့ပြီး အဲ့ဒီကနာမည်ကြီး တောင်ကို တက်ခဲ့ပြီးချိန်မှာတော့ အပြန်လမ်းမရှိခဲ့ပါဘူး။အဲ့ဒီတောင်တက်အဖွဲ့ထဲပါသွားတဲ့ ဂျန်နီဖာဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့အဖေဖြစ်သူကတော့ သူ့သမီးဖြစ်သူပျောက်ဆုံးတာ ခြောက်ပတ်လောက် အကြာမှာ သူ့သမီးပျောက်ဆုံးတာ သွေးရိုးသားရိုးမဖြစ်နိုင်ဘူးဆိုပြီး စုံစမ်းဖို့ရောက်လာခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီ မြို့ကရဲကတော့ ဒီပျောက်ဆုံးမှုဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် အိမ်ကနေထွက်သွားပြီး အပျော်ရှာနေတဲ့ လူငယ်တစ်စုလို့သာ မြင်ပြီး ရေးကြီးခွင်ကျယ် ရှာဖွေမှုမပြုလုပ်ခဲ့ကြပါဘူး။အဲ့ဒီအတွက် ခံပြင်းနေတဲ့ ဂျန်နီဖာ အဖေဖြစ်သူ စကော့က ရဲတွေအစား သူကိုယ်တိုင်ရှာဖို့ဆုံးဖြတ်လိုက်ပြီး သူ့သမီးပျောက်ဆုံးသွားတဲ့ တောင်ပေါ်ကို ရှာဖွေဖို့လုပ်ပါတော့တယ်။ ဒီတောင်ကနဂိုတည်းက ပြန်လမ်းမရှိတဲ့တောင် ဆိုပြီး နာမည်ကြီးသလို တောင်ပေါ်တက်သူတိုင်းကလည်း စည်းကမ်းတွေ လိုက်နာရပါတယ်။ တောင်တက်ဖို့လမ်း အမှတ်အသားတွေကို တောင်ပေါ်မှာလုပ်ပေးထားပြီး အဲ့ဒီတောင်တက်အမှတ်အသားလုပ်ထားတဲ့ လမ်းကြောင်းကလွဲပြီး တစ်ခြားနေရာကိုသွားခွင့်မရှိပါဘူး။ဒါကိုသွေဖယ်ပြီး သွားခဲ့ကြတဲ့ လူငယ်တစ်စုကတော့ ဘယ်လို ကြောက်စရာ အဖြစ်အပျက်တွေနဲ့ကြုံခဲ့တယ်။ အသက်ရော ရှင်နိုင်ခဲ့ရဲ့လား လွတ်မြောက်လာခဲ့တာလားဆိုတာကိုတော့ ဒီကားကြည့်ရင်း တထိတ်ထိတ် တလန့်လန့်နဲ့အဖြေရှာနိုင်ပါတယ်။Wrong Turn ...
movie

Wrong Turn (2021)