Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Darbha Appaji Ambarisha
4.3
Agnyaathavaasi (2018)
Agnyaathavaasi (2018) "နန်းပြင်က အိမ်ရှေ့မင်းသား"2018 က ထွက်ရှိခဲ့တဲ့ နာမည်ကြီး တေလဂူး Action/Thriller ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အိန္ဒိယရဲ့ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းသား Pawan Kalyan နဲ့ မင်းသမီးချောလေး Keerthy Suresh တို့ ပါဝင်ထားကြပါတယ်"Revenge is the best dish best-served cold" "လက်စားချေခြင်းဆိုတာ အေးမှ စားလို့ကောင်းတဲ့ ဟင်းလျာတစ်ခွက်ပါပဲ"တစ်ခုမတူတာကတော့ ဒီကားထဲက မင်းသားက လက်စားချေခြင်းကို အေးမှ စားသုံးမယ့်လူမျိုးမဟုတ်ပဲ... မြန်နိုင်သမျှအမြန်ဆုံး သူ့ရဲ့အဖေနဲ့ ညီလေးကို သတ်သွားတဲ့သူတွေကို လက်စားချေလိုစိတ်ဖြစ်နေသူပါ သူ့ရဲ့ ဝသီအရ "သစ်ပင်တွေကို အထပ်ထပ်ညှင်းပန်းပြီးမှ သက်တောင့်သက်သာ ထိုင်လို့ရတဲ့ ကုလားထိုင်တစ်လုံးဖြစ်သလိုမျိုးပဲ ... သူ့ရဲ့ ရင်ထဲက အာဃာတရန်ငြှိုးတွေ ချုပ်ငြိမ်းပြီး သက်တောင့်သက်သာ နေနိုင်ဖို့ လက်စားချေခြင်းကို အမြန်ဆုံးလုပ်နိုင်မှ အေးမယ်လို့ တွေးထားသူပါဇာတ်လမ်းအစမှာ ဗင်ဒါဆိုတဲ့ AB ...
movie
Agnyaathavaasi (2018)
2018
Uniki (2022)
Madam Collector - Uniki 2022 ( မမခရိုင်မှူး)ယခုတစ်ခါ ထပ်မံတင်ဆက်ပေးမဲ့ကားလေးကလဲ ပရိသတ်များအကြိုက်တွေ့မှာဖြစ်တဲ့ ဇာတ်လမ်းလေးမျိုးဖြစ်ပြီး မင်းသမီးချောလေး ချစ်ထရာရှူလာက မမခရိုင်မှူးအဖြစ် အဓိက ပါဝင်ထားပါတယ်ဇာတ်လမ်းလေးကတော့ သာမန်လူတန်းစားမိသားစုကနေ ပညာတော်လို့ ခရိုင်မှူးဖြစ်လာတဲ့ ဆူဘာဟာ သူ့လက်ထက်မှာ စနစ်ကြီးတသ်ခုလုံးကို မြေလှန်ပစ်မယ်လို့ အလုပ်စဝင်တဲ့နေ့ထဲက ကြွေးကြော်လာတာပါအိန္ဒိယထုံးစံ ကြီးနိုင်ငယ်ညှဉ်း ရာထူးကြီးတဲ့ကောင်နဲ့ ပေါင်းအနိုင်ကျင့် စတဲ့ဟာတွေကို ခရိုင်မှူးမမတစ်ယောက် ဆတ်ဆတ်ထိမခံ ဖြေရှင်းပေးရင်း တစ်ရက်မှာတော့ ချောင်းရိုက်ခံလိုက်ရပြီး ဆေးရုံရောက်သွားပါတယ်ခရိုင်မှူးပါချောင်းရိုက်ခံရအောင် ဘယ်သူတွေကြိုးကိုင်ထားလဲ ခရိုင်မှူးမမကရော ဒီလိုအန္တရာယ်တွေကို မမှုပဲ ဆက်တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ အမျိုးသမီးအသားပေး မိုတီပေးတဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ဒိုင်ယာလော့ခ်ကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီး အတွက် ခံစားကြည့်ရှုကြဖို့ အကြံပေးရင်း တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီးSaiiမှ ရေးသား ပေးထားကာ ဘာသာပြန်တွေကတော့ Thaik San , V နဲ့ Saii တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် ...
movie
Uniki (2022)
2022
7.6
Ammu (2022)
Ammu (2022) 7.3/10 IMDb"အိမ်ထောင်ပြု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးတဲ့" အားလုံးသိကြတဲ့အတိုင်း မိဘပေးစားသူနဲ့ယူကြရတာမျိုးဟာ အိန္ဒိယမှာယနေ့အထိတိုင်ရိုးရာတစ်ခုလိုရှိနေဆဲပါ... ချစ်လို့ခင်လို့အိမ်ထောင်ပြုကြတာမှန်ရင်တောင် လူဆိုတာပြောင်းလဲတတ်တဲ့အမျိုးပါ... ဇာတ်လမ်းလေးကိုနည်းနည်းပြောရရင်...သူ့နာမည်က အမ်မူတဲ့၊ အကောင်းမြင်တတ်ပြီး ပျော်ပျော်နေတတ်တဲ့ မိန်းမလှလေးတစ်ယောက်ပေါ့။ အရွယ်ရောက်လာတော့ မိဘတွေ စီစဥ်ပေးတာကို လက်ခံပြီး ရာဗီဆိုတဲ့ ရဲအရာရှိတစ်ယောက်နဲ့ လက်ထပ်ခဲ့တာ။ သို့ပေမယ့် ဒီအိမ်ထောင်ရေးက ဒီလောက် ကြောက်စရာကောင်းတဲ့ ငရဲဖြစ်မယ်မှန်းလည်း အမ်မူ ကြိုမတွေးနိုင်ခဲ့။သူဒီလို မွန်းကြပ်စရာ၊ ကြောက်လန့်စရာ အခြေအနေကနေ ဘယ်လိုကြိုးစားပြီး ရုန်းထွက်ခဲ့လဲဆိုတာကို အသားပေး ရိုက်ပြထားတာပါ။ အမ်မူ တကယ်ရော ဒီအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်ခဲ့ရဲ့လား။ မထင်မှတ်ထားတဲ့ ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ အမ်မူရဲ့ Character Development ကိုလည်း ရင်တမမနဲ့စောင်ကြည့်ရမှာမို့ ၂၀၂၂ ရဲ့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းလို့ ညွှန်းလိုက်ပါတယ်ဗျာ။ File size…1.6GB / 788MB Quality…1080p WEB DL /720p Format…mp4 Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & OeliuJ & Hay Man
movie
Ammu (2022)
2022
8.2
Karthikeya 2 (2022)
Karthikeya 2 (2022)ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်...ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်...နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့..ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Karthikeya 2 (2022)
2022
4K HEVC Web-DL
5.9
Gaddalakonda Ganesh (2019)
Gaddalakonda Ganesh 2019ဒီတစ်ခေါက်မှာတော့ ၂၀၁၉ မှာ ထွက်ရှိထားတဲ့ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်အဟောင်းဒါပေမဲ့ရွှေဆိုသလိုပဲ ရုံဝင်ငွေ ၄၂.၅ ကုဋေထိရရှိထားတာမလို့အားလုံးကြည့်ရကျိုးနပ်စေမဲ့ကားလေးဖြစ်မှာ အသေအချာပါပဲဒါဆိုရင် အညွှန်းလေးကို ဖတ်ကြည့်လိုက်ရအောင်ရုပ်ရှင်ကို ဝါသနာကြီးတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်အတွက်လူဆိုးဂန်စတားတစ်ယောက်ရဲ့ ဘဝအကြောင်းကို ရိုက်ကူးဖို့ ကြံစည်ရာကနေရက်စက်ကြမ်းတမ်းလှတဲ့ ဂန္ဒလကွန်ဒါဂန္နီချ်အကြောင်း ရိုက်ကူးဖို့အကြောင်းဖန်လာပါတော့တယ်သူငယ်ချင်းနှစ်ယောက် အသက်ကိုဖက်နဲ့ထုတ်ပြီး ကျားခံတွင်းထဲဝင်သလိုမျိုး ဂန္နီချ်ဘဝဇာတ်ကြောင်းကိုသိရှိဖို့ကြိုးစားရာကနေပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ....လူဆိုးဂန်းစတား ဂန္နီချ်ကရော ရုပ်ရှင်ရိုက်ကူးဖို့ သဘောတူမှာလား....ဂန္နီချ်ရဲ့ ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မှာလဲ ဘယ်လိုမျိုးတွေကြုံတွေ့ခဲ့ရလဲ...တက်သစ်စဒါရိုက်တာလေးကရော အချစ်ကိုဘေးဖယ်ထားပြီးအာရုံစိုက်ထားတဲ့ ပွဲဦးထွက်ရုပ်ရှင်ကရောအောင်မြင်မှာလား....ဆိုတာအားလုံး စိတ်ဝင်တစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size…2.7GB / 1.5GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Shwe Pwint ~ Shwe Pyae ~ Haruko
movie
Gaddalakonda Ganesh (2019)
2019
7.4
Sundari [2021]
IMDb Rating 7.4ဒီဇာတ်ကားကတော့ တမူထူးခြားတဲ့ အိန္ဒိယတောင်ပိုင်းဇာတ်ကားလေးပါပဲ..ဆွန်ဒရီဆိုတဲ့ အမျိုးသမီးက နန်းဆန်တဲ့အလှနဲ့ ရိုးသားတဲ့ ကျေးတောသူလေးတစ်ယောက်ပါ...သူဟာမြို့သားတစ်ယောက်နဲ့ မထင်မှတ်ဘဲ အိမ်ထောင်ကျသွားပြီးခင်ပွန်းသည်ရှိတဲ့မြို့ကို လိုက်နေကြပါတယ်...သူမရဲ့ ခင်ပွန်းသည်က မိဘမဲ့တစ်ကောင်ကြွက်...နည်းနည်းလည်း ဆိုက်ကိုဆန်တယ်...သူမရဲ့အလှက လုံးကြီးပေါက်လှဆိုတော့ ခင်ပွန်းသည်ရဲ့အထက်အရာရှိက သူမကိုတွေ့သွားတဲ့အခါ...ခင်ပွန်းသည်ကပါ သူမကို အဲ့ဒီအထက်အရာရှိဆီ ရောင်းစားပစ်ဖို့ ကြံလာတဲ့အခါ...အမျိုးသမီးတွေအတွက် အိမ်ထောင်ရေးအကြမ်းဖက်မှု ပညာပေးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File Size : [1.7 GB] / [999 MB] / [500 MB] Quality : WEB-DL 1080p / 720p / 480p Running Time : 01:52:00 Format : Mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Thuya Encoded by RGB
movie
Sundari [2021]
5.6
Akshara(2021)
Akshara 2021 --------------------------"စာသင်ခန်းဆိုတာ တိုင်းပြည်ရဲ့အနာဂတ်တွေကိုထုတ်လုပ်ပေးတဲ့မြင့်မြတ်တဲ့နေရာ၊စာသင်ခန်းဆိုတာ ထောင်မဟုတ်ဘူး" တဲ့ဇာတ်ကားထဲက ဒိုင်ယာလော့လေးတစ်ခုပါ..... ဒီဇာတ်လေးကိုတော့ အက်ရှာရာဆိုတဲ့အမျိုးသမီးလေးတစ်ဦးအပေါ် အခြေခံဇာတ်အိမ်တည်ထားပါတယ်.အက်ရှာရာက ဆင်းရဲပြီး အမေတစ်ယောက်တည်းကသာပြုစုပျိုးထောင်ပေးခဲ့တဲ့ ထက်မြတ်တဲ့ ကောင်မလေးပေါ့.သူ့ရဲ့ထက်မြက်မှုကြောင့် သူက 10တန်းမှာလဲ ဂုဏ်ထူးဆောင်ကျောင်းသူတဦးဖြစ်ခဲ့ပါတယ်. သူ့ရဲ့ရည်ရွယ်ချက်လေးကလဲ ကောင်းပါတယ်.နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးချင်တဲ့ဆရာမလေးတဦးဖြစ်ချင်တာပါ. သူမက ဆရာတဦးမှာရှိသင့်တဲ့ နာသုံးနာလဲပြည့်စုံပြီး ကျောင်းသားတွေရဲ့ ရင်ထဲက ဆန္ဒကပါ မြင်နိုင်တဲ့ထိ တော်တာကြောင့်အိန္ဒိယရဲ့ထိပ်တန်းကောလိပ်တခုမှာ ရူပဗေဒဆရာမအဖြစ်အလုပ်ရခဲ့ပါတယ်.သူမရဲ့ဘဝလေး ပြီးပြည့်စုံနေခဲ့ပေမယ့် ဆိုးဝါးတဲ့ကိစ္စတစ်ခုကြောင့် သူမဟာကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တဦးကို သတ်မိခဲ့ပြီး ဇာတ်လမ်းအချိုးအကွေ့နဲ့ဇာတ်ရှိန်ဟာပြောင်းလဲသွားခဲ့ပါတယ်.......သူမဘာလို့ သူ့ကိုသတ်ခဲ့ရတာလဲ...ဒီကောလိပ်ကတကယ်ပဲ ထိပ်တန်းအဆင့်မှီရဲ့လား...ဆရာမတဦးရဲ့အရည်အချင်းကဘာလဲ....တကယ်ကို ပညာရေးစနစ်နဲ့ ဆရာတစ်ယောက်ရဲ့အရည်အချင်းကို ပြန်မေးခွန်းထုတ်စေမယ့် ရုပ်ရှင်ပါပဲ...သရုပ်ဆောင်ပိုင်းမှာလဲ အက်ရှရာနေရာသရုပ်ဆောင်ထားတဲ့ မင်းသမီးကသူ့ရဲ့ဇာတ်ရုပ်ကို အတော်လေး ပိုင်နိုင်တာတွေ့ရပါတယ်... File size…2.1GB and 1.1Gb and 501MB Quality…1080p WEB DL DD+5.1 and 720p and 480p Format…Mp4 Duration….2h 16min Subtitle….Myanmar Subtile(Hard Sub) Encoder…. YK Translated ...
movie
Akshara(2021)
2021
8.6
Agent Sai Srinivasa Athreya (2019)
ဒီကားလေးကတော့ စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ကားပါ သာမာန်စုံထောက်ကားတွေနဲ့မတူပဲထူးခြားတဲ့ရသကိုခံစားရတဲ့ကားလေးတစ်ကားပါ ဇာတ်လမ်းမှာတော့ မင်းသားကစုံထောက်ရူး တပည့်မလေးတစ်ယောက်နဲ့ စျေးထဲမှာ ဆိုင်ခန်းငှားပြီးရုံးဖွင့်ထားတယ် သူ့သူတော့ FBI စုံထောက်ပေါ့ တစ်နေ့ သူအမှုတစ်ခုအကြာင်းသတင်းကြားလို့ အမှုဖြစ်တဲ့နေရာလည်းအရောက် သူ့ကိုရဲတွေက တရားခံဆိုပြီးဖမ်းသွားကြတယ် ပြန်လွတ်လာတာနဲ့ သူဒီအမှုကိုသူဆက်စုံစမ်းရင်းအမှုရဲ့နောက်ကွယ်က ဖြစ်ရပ်ကြီးကြီးတစ်ခုကို သိသွားတဲ့အခါမှာတော့.... ဇာတ်လမ်းက ကြည့်လေ ဇာတ်ရှိန်တက်လေပါပဲ မင်းသားရဲ့ ဆက်စပ်တွေးခေါ်မှုတွေကတော်လွန်းတာကို အခုပဲ down ပြီးကြည့်လိုက်တော့နော် ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Dolly Dolly ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
movie
Agent Sai Srinivasa Athreya (2019)
2019
6.4
Padi Padi Leche Manasu(2018)
Padi Padi Leche Manasu(2018)အသစ်ထွက် Telugu ဇာတ်ကားလေးဖြစ်ပါတယ်။ Romance/Dramaဇာတ်ကားလေးဖြစ်ပြီး ဟာသနှောရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Castတွေကတော့ ဆူရီရာအဖြစ် Sharvanand ၊ ဗေရှာလီအဖြစ် မင်းသမီးချော Sai Pallavi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 6.5 ထိရထားပါတယ်။ဇာတ်လမ်းလေးကတော့ ဘဝနောက်ခံအခြေအနေမတူ၊ စရိုက်ချင်းမတူ၊ တွေးခေါ်ပုံချင်းမတူတဲ့ လူနှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊အဆင်မပြေမှု၊ သဘောထားကွဲလွဲမှုတွေကိုပြသွားပြီး အပြင်လက်တွေ့သမီးရည်စားအတွဲကြားဖြစ်တတ်တဲ့အခြေအနေတွေ၊အိမ်ထောင်ရေးပြသနာတွေကို ရိုက်ကူးပြသွားတာပဲဖြစ်ပါတယ်။ ဟာသနှောပြီး အလွမ်းအဆွေးတွေကိုရိုက်ကူးပြထားတဲ့အတွက်အရသာတစ်မျိုးတော့ရမှာပါ။ ဇာတ်ဆောင်မင်းသားရဲ့ ဂျစ်ကန်ကန်သရုပ်ဆောင်ပုံစံ၊ ပေါ့ပေါ့ပါးပါးနေဟန်တွေကိုလည်းတွေ့မြင်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (1GB) and (440 MB) Quality : WEB-DL 720p, Format…mp4 Duration…02:38:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo ...
movie
Padi Padi Leche Manasu(2018)
2018