Channel Myanmar

Darcy Roy

Standoff (2016) 6.1
Standoff (2016)  The Matrixထဲက မောဘီးယပ်စ်ကြီး Laurence Fishburneနဲ့ actionမင်းသားကြီးThomas Janeတို့ အဓိကပါဝင်သရုပ်ထားပြီးလူဆိုးနဲ့လူကောင်းနှစ်ဦးသား ထိပ်တိုက်ရင်ဆိုင်တာကိုတွေ့ရမယ်ဇာက်ကားကောင်းလေးပါ...။ ဇာတ်လမ်းအကြောင်းကတော့ လူသူဝေးတဲ့ တောအရပ်ကအိမ်လေးတစ်လုံးမှာပဲဇာတ်လမ်းတည်ထားပါတယ်...။အိမ်အပေါ်ထပ်နဲ့ အောက်ထပ်ကြား၊ သူသေကိုယ်သေ အကုန်ချရင်းပြီး ကစားရတဲ့ပွဲပေါ့...။အောက်ထပ်မှာက ကြေးစားလူသတ်သမား...။ သူ့ရည်ရွယ်ချက်က အိမ်အပေါ်ထပ်ကကောင်မလေးကို သတ်ချင်တာ...သတ်မှဖြစ်မယ့်အကြောင်းအရင်းကလည်း သူ့မျက်နှာကို မြင်သွားလို့...။ဒါပေမဲ့ သူကြမ်းချင်တိုင်း တက်ကြမ်းလို့မရအောင် ကောင်မလေးကိုကာကွယ်ပေးနေတဲ့သူတစ်ယောက်ရှိနေပါတယ်...။သူကတော့ အိမ်အပေါ်ထပ်မှာစောင့်ပြီး ကောင်မလေးကို ကာကွယ်ပေးနေတဲ့ စစ်ပြန်ကြီးပါပဲ....။ဇာတ်လမ်းplotရဲ့ မိုက်တဲ့အချက်က ဒီစစ်ပြန်ကြီးဟာ ကြေးစားလူသတ်သမားကိုကျည်တစ်တောင့်တည်းနဲ့ စိတ်ဓာတ်ဗျူဟာခင်းပြီး တစ်ကားလုံးရင်ဆိုင်တာပါပဲ...။အများကြီးမညွှန်းတော့ပါဘူး...အက်ရှင်ခန်းတွေ၊ cgiတွေ ဘာမှမပါဘဲ သိပ်ကြည့်လို့ကောင်းတဲ့Crimeကားမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ကားပါ...။ File size…933MB / 381MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Standoff (2016)