Channel Myanmar

Dari Lynn Griffin

No One Will Save You (2023) 6.5
No One Will Save You (2023)     ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလိုအတုလိုလို စဉ်းစားရခက်နေတာပါ။ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရောဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့The Divergent Series: Insurgent တို့ Love and Monsters တို့ကိုဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable  ဆိုတဲ့စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။သူနာမည်ကြီးခဲ့တဲ့ Unbelievable  စီးရီးကိုလည်းချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲသူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ကြည့်လိုက်ကြပါဦး။  File size…  3 GB / 1 GB ...
movie

No One Will Save You (2023)

2023
4K HEVC