Channel Myanmar

Darien Martin

Love on your Doorstep (2023) 5.3
Love on your Doorstep (2023) ဒီတစ်ခေါက်တော့ ပရိတ်သတ်ကြီးတို့အတွက် romance ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်ဆက်ဆံရေးတစ်ခုမှာ ကိုယ်လိုချင်တဲ့အခြေအနေမဟုတ်တော့ရင် နှစ်ဘက်စလုံးကလည်းမညှိနှိုင်းပေးနိုင်တော့ရင် ပြေပြေလည်လည်နဲ့ လမ်းခွဲပြီး healthy relationship တစ်ခုကိုတည်ဆောက်လို့ရတယ်ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ အဓိကပုံဖော်ထားပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့....ရုပ်သံလှိုင်းတစ်ခုမှာ အရည်အချင်းရှိပြီး အလုပ်ကိုစိတ်အားထက်သန်တဲ့ မေစီကတော့ သူ့ရဲ့ရှိုးအစီအစဉ်အသစ်ကိုရဖို့ အသည်းအသန်ကြိုးစားနေပါတယ်။အဲဒီအချိန်မှာပဲ ဂုဏ်ပြုဖို့အတွက်ပန်းခြင်းလာပို့ပေးတဲ့ Bloom app ကိုတည်ထောင်ထားတဲ့ ဝါရန်တို့လုပ်နေတဲ့ ပန်းပို့ပေးတဲ့စီးပွားရေးကို မေစီတစ်ယောက် သိပ်ကိုစိတ်ဝင်စားသွားပါတယ်။ဒါပေမဲ့ မေစီနောက်ကနေလိုက်စည်းရုံးပေမဲ့ ဝါရန်တစ်ယောက်သဘောမတူတဲ့အခါမှာတော့ မေစီတစ်ယောက် ဝါရန်ကို ဘယ်လိုသဘောတူအောင်သိမ်းသွင်းမှာလဲ သူ့ရဲ့အလုပ်မှာနစ်မြောနေတဲ့ ရည်းစားလေးနဲ့ပဲရေရှည်လက်တွဲသွားမလားဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(853 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee
movie

Love on your Doorstep (2023)

Come Fly with Me (2023) 6.8
Come Fly with Me (2023)  IMDb Rating 6.8 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Come Fly With Me ဖြစ်ပြီး Ratingကောင်းကောင်း ဇာတ်ညွှန်းကောင်းကောင်း ဒရာမာကားလေးတွေကိုကြည့်ချင်တဲ့လူတွေအတွက်တော့ အံကိုက်ဖြစ်စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ သမီးတစ်ယောက် အဖေမုဆိုးဖိုပေါလ်နဲ့သမီးတစ်ယောက် အမေမုဆိုးမအမ်မာတို့ရဲ့ ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးကိုအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ပေါလ်က သူ့မိန်းမဆုံးပါးသွားပြီးကတည်းက ကျန်ခဲ့တဲ့တစ်ဦးတည်းသောမိသားစုဝင်ဖြစ်တဲ့ သမီးလေးအဲလစ်ကိုသေသေချာချာ ပြုစုပျိုးထောင်လာပေးတဲ့ Single Dad တစ်ယောက်ဖြစ်ပြီးစခန်းချတာတို့ တောင်တက်တာတို့လို အပြင်သွားပစ္စည်းတွေရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။အမ်မာကလည်းလူစီ့ရဲ့အမေဖြစ်တဲ့Single Mom တစ်ယောက်ဖြစ်ပြီး လေတပ်မှာတာဝန်ထမ်းဆောင်တဲ့ဂျက်လေယာဉ်မောင်းတဲ့  ပိုင်းလော့တစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်စတွေ့ဖြစ်ခဲ့ပုံက သမီးနှစ်ယောက်ဖြစ်တဲ့ လူစီနဲ့အဲလစ်တို့က အကြိုက်ချင်းတူကြပြီးအချစ်ဆုံး သူငယ်ချင်းတွေဖြစ်သွားရာကနေ စပါတယ်။နှစ်ယောက်စလုံးကလည်းအလုပ်ကိုယ်စီ ရှုပ်နေတဲ့လူတွေဆိုတော့ ကလေးတွေကို   တစ်ယောက်တစ်လှည့်ထိန်းပေးကြရင်းနဲ့ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိဆိုသလိုသမီးတော်နှစ်ယောက်ရဲ့ မြှောက်ပင့်ပေးမှုတွေနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် စိတ်ဝင်စားခဲ့ကြပါတော့တယ်။ဒါပေမယ့်ကံကြမ္မာဆိုတာက အမြဲတမ်းချိုမြိန်မနေဘဲ ခါးသီးတဲ့အခိုက်အတန့်တွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ပေါလ်နဲ့ အမ်မာတို့ အဲ့ဒီအခက်အခဲတွေကို အတူတူကျော်လွှားပြီး ပျော်ရွှင်တဲ့ဆက်ဆံရေးတစ်ခု မိသားစုတစ်ခုကိုပိုင်ဆိုင်နိုင်သွားမလား ဇာတ်ကားနာမည်အတိုင်းအတူတူပျံသန်းနိုင်ပါ့မလားဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ်။  File size…1.48GB ...
movie

Come Fly with Me (2023)

Hypnotic (2021) 5.3
Hypnotic (2021) Hypnotic (2021)ခင်ဗျားမြင်နေရတာက အမှန်တရားလား.... ခုခင်ဗျား ဒီ Review ကို ဖတ်နေတယ်။ ဒါက အိပ်မက်လား... ခင်ဗျား အိပ်မက်တွေဟာ တကယ်များဖြစ်နေမလား....Jennifer Thompson ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားဖြစ်သူ Brian နဲ့ ပြတ်စဲပြီးနောက် အစစအရာရာ စိတ်ဓာတ်ကျကာ ဘဝကိုအလွဲလွဲအချော်ချော်နဲ့ စိတ်ပျက်စွာဖြတ်သန်းနေသူပေါ့။ သူငယ်ချင်းဖြစ်တဲ့ Gina Kelman ကတော့ သူ့ကို သူတို့ရဲ့အိမ်တက်ပွဲမှာ Dr. Collin Meade ဆိုတဲ့ Hypnotherapist တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့ဘဝဟာ ဒီဆရာဝန်ကြောင့်ပြောင်းလဲခဲ့ကြောင်းပေါ့။ ဒီဆရာဝန်နဲ့ ပြကြည့်ဖို့လည်း ဆိုပါတယ်။ Jen ဟာ သူငယ်ချင်းဖြစ်သူရဲ့ စိတ်အလိုကျ ဒါကိုလက်ခံလိုက်ပြီး Dr. Meade နဲ့ သွားပြရင်း Jen နဲ့ ဒီဆရာဝန်တို့ သိကျွမ်းခဲ့ကြကာ Hypnosis session တစ်ခုကို လုပ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ Jen ရဲ့ ဘဝဟာလည်း ...
movie

Hypnotic (2021)

2021
Love Hard (2021) 6.6
Love Hard (2021) CM ပရိသတ်ကြီးရေ Christmas ကလည်း နီးလာပြီဆိုတော့ Christmas နောက်ခံ အချစ်ဇာတ်လမ်းလေးတွေနဲ့ အပန်းဖြေလိုက်ကြရအောင်ပါ ၂၁ ရာစု အင်တာနက်ခေတ်ကြီးမှာ ခေတ်ထလာတာ တစ်ခုကို ပြောရရင် Online Dating App တွေလို့ ဆိုရပါမယ်။ နှစ်သက်ရာ app တစ်ခုမှာ အကောင့်တစ်ခုဖွင့်ပြီး ချစ်သူရှာကြသည်ပေါ့။ FA တွေအတွက်တော့ အတော်လေး နပ်တဲ့ app တွေပေါ့ဗျာ အလားတူ ဒီဇာတ်လမ်းထဲက အပျိုဟိုင်းကြီး နာတာလီကလည်း dating app တွေက စားစော်ကြီးပေါ့။ တစ်ခုပဲ ဒီစော်ကြီးက စားတိုင်း အစားမကြေလေဘူး။ တွဲသမျှ ပြတ်၊ ချိန်သမျှ ပါလိုက်နဲ့ ငှက်ပျောတုံး ဖက်ရလုနီးပါးပေါ့။ တစ်ခုတော့ အကောင်းသားဗျ။ အချစ်ကံခေပေမဲ့ ဒီကံခေမှုတွေကို သူက ဇာတ်လမ်းတွေဖန်တီးပစ်တော့ စားစော်ကြီးက အလုပ်အကိုင်အတည်တကျနဲ့ ရှုးဂါးမာမီစတိုင်ပါပဲ။ ဒါပေမဲ့ အပျိုကြီးက လက်မလျှော့သေးပါဘူး။ တစ်နေ့မှာ ဒီ dating app ကနေပဲ ဂျော့ရှ်ဆိုတဲ့ ခပ်ချောချော ဘဲတစ်ပွေနဲ့ သူ အီစီကလီတွေလုပ်ရင်း သံယောဇဉ်က ပိုမိသွားပါတယ်။ ဒီလိုနဲ့ ခရစ်စမတ်မှာ သူနဲ့ ...
movie

Love Hard (2021)

Flora & Ulysses (2021) 6.5
Flora & Ulysses (2021) Flora & Ulysses (2021)=================IMDb Rating - 6.5/10ဒီတစ်ခေါက်မှာတော့ IMDb 6.5/10 ရထားတဲ့ Disney Movies အလန်းစား ComedySuperHero ဇာတ်ကားလေး ဖြစ်တဲ့  Flora and Ulysses ဆိုတဲ့ မိသားစုဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။အသက် ဆယ်နှစ်အရွယ် ဖလော်ရာဆိုတဲ့ကောင်မလေးဟာ  သူမအဖေရေးထားတဲ့ ကောမစ်စာအုပ်တွေဖတ်ရတာကြိုက်ပြီး စိတ်ကူးစိတ်သန်းများစွာရှိတဲ့ ကလေးမလေးဖြစ်ပါတယ်။တစ်နေ့မှာ ယူလစ်စီဆိုတဲ့ ရှဉ့်လေးတစ်ကောင်ကို မထင်မှတ်ထားဘဲ ကယ်တင်လိုက်ပြီးတဲ့နောက်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုအနေနဲ့ အဲ့ရှဉ့်ကလေးဟာ အစွမ်းသတိတွေရှိနေပါတယ်၊ တစ်နေ့မှာတော့ ရှဥ့်လေးကို တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲက လိုက်လံဖမ်းစီးတာကြောင့် အဲ့ ရှဥ့်ကလေးနဲ့အတူထွက်ပြေးရပါတော့တယ်၊ ဒီကားလေးထဲမှာ ရှဥ့်ကလေးရဲ့ အစွမ်းနဲ့  ပေါင်းပြီး ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ဆိုတာကို အသည်းတယားယားနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်၊  ရှဉ့်ကလေး ယူလစ်စီရဲ့ ချစ်ဖို့ကောင်းတဲ့အပြုအမူတွေအပြင်  ကလေးလေးတွေရဲ့ လောကကြီးအပေါ်ထားတဲ့ အပြစ်ကင်းတဲ့ အမြင်ချစ်ခြင်းမေတ္တာရဲ့ အရေးကြီးတဲ့အချက် စတာလေးတွေကိုပါ ပေါ့ပေါ့ပါးပါး ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်၊(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ...
movie

Flora & Ulysses (2021)

2021