Channel Myanmar

Darren W. Marynuk

Delia’s Gone (2022) 4.4
Delia’s Gone (2022) Delia's Gone (2022)ငယ်စဉ်က မြစ်ထဲပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ဦးနှောက်ထိခိုက်ခဲ့ရတဲ့လူးဝစ်စ်တစ်ယောက်မှာ ခင်တွယ်စရာဆိုလို့ အစ်မဖြစ်သူဒေလီယာတစ်ယောက်ပဲရှိပါတယ်။ပြောင်းလဲမှုကိုမနှစ်သက်တဲ့လူးဝစ်စ်ကို ဒေလီယာက အလုပ်အတွက် အိမ်ပြောင်းမယ့်အကြောင်းကို ထုတ်ပြောလာချိန်မှာတော့ မောင်နှမနှစ်ယောက် ကတောက်ကဆဖြစ်ပြီး ဒေလီယာတစ်ယောက် လူးဝစ်စ်ကို လှည့်ပတ်ပြောဆိုလို့ အိမ်ကနေခိုးထွက်သွားပါတယ် ။ အဲဒီညက လူးဝစ်စ်လည်း မူးရင်သွေးဆိုးတတ်တာကိုမေ့ပြီး အရက်သောက်မိသွားပါတယ်။ ပြောင်းလဲမှုကို မနှစ်သက်တဲ့ လူးဝစ်စ်အတွက်တော့ အဲဒီညလေးက ကြမ္မာဆိုးငင်တဲ့ညလေးဖြစ်ခဲ့တဲ့အခါ...နောက်တစ်ရက်နိုးလာချိန်မှာ အစ်မဖြစ်သူအလောင်းနဲ့အတူ လက်မှာသွေးတွေပေကျံရင်း နိုးထလာတဲ့လူးဝစ်စ်တစ်ယောက် အစ်မကိုသတ်တဲ့လူအဖြစ် ထောင်ကျသွားတဲ့အချိန်မှာ လူသတ်သမားအဖြစ်ခံယူရင်း ကိုယ့်ကိုယ်ကို ပိတ်‌လှောင်ပြီး ၇ နှစ်တာကြာမြင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ စတက်ကာကိုးလ်ဆိုတဲ့ဧည့်သည်နဲ့ သူနဲ့အတူပါလာတဲ့ ဒေလီယာသေဆုံးမှုနဲ့ပတ်သတ်တဲ့သဲလွန်စ ပေါ်ထွက်လာချိန်မှာတော့ ဒေလီယာရဲ့‌ သေဆုံးမှုနောက်ကွယ်က ခါးသီးတဲ့အမှန်တရားကို လူးဝစ်စ်တစ်ယောက် ဘယ်လိုရှာဖွေမလဲဆိုတာ ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါစို့လား။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Chirst ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | 720p | 480p File size…1.16GB | 633MB | 284MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle ...
movie

Delia’s Gone (2022)

2022
Resident Evil: Welcome to Raccoon City (2021) 5.6
Resident Evil: Welcome to Raccoon City (2021) ဒီရုပ်ရှင်ကတော့ အရင်ထွက်ခဲ့တဲ့ ရက်စီဒန့်အီဗယ် ရုပ်ရှင်တွေနဲ့ သိပ်မဆက်စပ်ထားဘဲနဲ့ဒါရိုက်တာက မူရင်း ဟော်ရာဗီဒီယိုဂိမ်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ငယ်ငယ်က ဂိမ်းကစားခဲ့ဖူးတဲ့လူတွေတော့ ရင်းနှီးနေမှာပါ။ ဇာတ်ကောင်တွေကလည်းလီရွန်၊ ကလယ်ရာတို့ကိုပဲ ပြန်သုံးထားတာပါ။ ဒီတော့ ဟော်ရာအရသာနဲ့ ဇွန်ဘီးဆိုတာဘာလည်းမသိသေးခင် အချိန်ကို ကြည့်ရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ရက်ကွန်းမြို့ကမိဘမဲ့ဂေဟာတစ်ခုမှာ ခရစ် နဲ့ ကလယ်ရာ ဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။ကလယ်ရာက ဂေဟာကနေ ထွက်ပြေးသွားခဲ့ပြီး ခရစ်ကတော့ ရက်ကွန်းမြို့မှာကျန်ခဲ့တာပေါ့။ ရက်ကွန်းမြို့ဟာ ကမ္ဘာအကြီးဆုံးဆေးဝါးကုမ္ပဏီကြီး အမ်ဘရဲလားအခြေစိုက်ခဲ့တဲ့နေရာဖြစ်ပေမဲ့ အခုတော့ အမ်ဘရဲလားက ပြောင်းရွှေ့သွားပြီဖြစ်လို့လူနည်းစုလေးပဲ ကျန်ခဲ့တဲ့ စွန့်ပစ်မြို့ဖြစ်နေပါပြီ။ တစ်နေ့တော့ အိမ်ပြေးဖြစ်နေတဲ့ကလယ်ရာဟာ အမ်ဘရဲလားရဲ့မူမမှန်တဲ့စမ်းသပ်ချက်တွေနဲ့ ပတ်သတ်တဲ့ကိစ္စတစ်ခုကြောင့်သူ့အစ်ကိုဆီကို ပြန်လာချိန်မှာ ဇွန်ဘီးတွေပေါ်ထွက်လာလို့ မြို့ထဲမှာ ပိတ်မိသွားပြီးဇွန်ဘီးတွေလက်ထဲကနေ လွတ်အောင်ရုန်းရတော့မယ်အခြေအနေ ဖြစ်လာတဲ့အခါ...  File size… 250MB / 1Gb / 1.3GB Quality…720p HEVC Small Size / 720p WEB RIP ...
movie

Resident Evil: Welcome to Raccoon City (2021)

2021
4K HEVC Web-DL