Channel Myanmar

Darshan Jariwala

Shubh Yatra (2023) 7.6
Shubh Yatra (2023) Shubh Yatra (2023) IMDb 7.6/10ဒီတစ်ခါမှာတော့ နိုင်ငံရပ်ခြားသွားဖို့စီစဉ်ပြီး တိုင်ပတ်နေတဲ့အဖွဲ့ကိုကြည့်ရှုရမှာပဲဖြစ်ပါတယ် မိုဟန်နဲ့ ဟာရ်ဒစ်ခ်ဆိုတဲ့သူငယ်ချင်း၂ယောက်.. နို့ထွက်ပစ္စည်းအရောင်းဆိုင်ဖွင့်ပြီး စီးပွားရေးလေးစကာမှ အရှုံးပေါ်ပြီးအကြွေးတွေလည်ပင်းရောက်ရုံတင်မက မိုးလင်းတာနဲ့အိမ်ရှေ့မှာ အကြွေးရှင်တွေက လာထိုင်စောင့်နေတာပုံမှန်နေ့ရက်တွေလိုပါပဲ...ဒီလိုနဲ့တစ်နေ့ သူတို့မြို့ထဲက နိုင်ငံခြားထွက်သွားတဲ့ ပြည်တော်ပြန်တစ်ယောက်ပြန်ရောက်လာခဲ့တယ် ပြန်ရောက်လာပုံကလည်းဒေါ်လာတွေလမ်းမှာကြဲချတဲ့ ဘောစိအနေနဲ့ပေါ့ ..ဆိုတော့သူတို့လည်းအားကျပြီး အမေရိကန်ကို အကြွေးရှင်တွေဆီက ပိုက်ဆံထပ်ချေးပြီး သွားဖို့ပြင်ပါတယ် ဒီကြားထဲ ပက်စ်ပို့တွေ ဗီဇာကိစ္စတွေနဲ့ မနူးမနပ်၂ယောက်သား ဘယ်လိုစခန်းသွားကြမလဲ သူတို့ရောက်ချင်တဲ့အမေရိကန်ကိုရော ရောက်နိုင်ကြပါ့မလားဆိုတာကတော့...(အညွန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Moon~V ~Zwe Yan တို့ပဲ ဖြစ်ပါတယ်) File size….1.62GB / 748MB Quality…1080p  WEB DL /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL~Moon~V ~Zwe Yan
movie

Shubh Yatra (2023)

2023
Aum Mangalam Singlem (2022) 7.7
Aum Mangalam Singlem (2022) Aum Mangalam Singlem (2022) ******************************************* IMDb - 7.6/10ငယ်ငယ်ကတည်းကနေ ခင်လာပြီး တတွဲတွဲနေလာခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်။ ချစ်သူတွေဆိုလည်း ဟုတ်။မိဘအသိုင်းအဝိုင်းကလည်း လွပ်လပ်ခွင့် ပေးထားပေမဲ့ နေရင်းနေရင်း ဒီ RS ဆိုတာကြီးကို ငြီးငွေ့လာကြတယ်။မင်္ဂလာဆောင်မယ်လို့ စီစဉ်ထားရင်းကနေ စင်ဂယ်လ်ဘ၀ဆိုတာ ဘာလဲလို့ ချစ်သူက မေးလာတဲ့အခါမှာတော့ အလယ်တန်းကျောင်းတက်ကတည်းက တွဲလာတဲ့ သူတို့နှစ်ယောက် စင်ဂယ်လ်ဆိုတာ ဘာလဲ ရေရေရာရာမသိကြပါဘူး။ဒီတော့ RS ကို Pause လုပ်လိုက်ပြီး စင်ဂယ်လ်လုပ်ကြည့်ကြမယ်ပေါ့။ ဇာတ်လမ်းနာမည်ကကို ငါတို့ရဲ့ စင်ဂယ်လ်ဖြစ်ရင်လုပ်မဲ့စာရင်းတဲ့။ သူတို့တွေ စင်ဂယ်လ်ဘ၀ကိုပဲ တပ်မက်ပြီး စင်ဂယ်လ်ပဲ လုပ်လိုက်ကြမလားတယောက်ကိုတယောက် ပြန်တွယ်တာသွားပြီး အသက်ထက်ဆုံး ပျော်ရွှင်စွာနေသွားကြလေသတည်းဆိုပြီးပဲ ဇာတ်သိမ်းသွားမလားဆိုတာလေးကို RS တွေ ချစ်ကြည်နူးတစ်တီတူးကြပုံ စင်ဂယ်လ်ဘ၀ရဲ့ ငြိမ်းချမ်းသာယာပုံတွေကို နှိုင်းယှဉ်ကြည့်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Sai~Thaik San တို့ပဲ ဖြစ်ပါတယ်) File size…2.64GB / 1.2GB Quality…1080p WEB DL /720p Format…mp4 Duration….2h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  chiclon3~Sai~Thaik San 
movie

Aum Mangalam Singlem (2022)

2022
Guru (2007) 7.7
Guru (2007) Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Guru (2007)

2007
(18+)Rang Rasiya (2008) 7.0
(18+)Rang Rasiya (2008) Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie

(18+)Rang Rasiya (2008)

2022
Viceroy’s House (2017) 6.7
Viceroy’s House (2017) Viceroy's House Partition (2017)ဒီရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံကို ဗြိတိသျှအင်ပါယာအုပ်ချုပ်မှုလက်အောက်ကနေ လွတ်မြောက်ခွင့်ပေးခဲ့တဲ့အချိန် အိန္ဒိယနဲ့ပါကစ္စတန် ၂နိုင်ငံခွဲခြားလိုက်တဲ့ချိန်ကို အခြေခံရိုက်ကူးထားပြီးတော့ ၂၀၁၇ ခုနှစ်မှာ လွတ်လပ်ရေးနေ့ နှစ်၇၀ပြည့်အထိမ်းအမှတ်အနေနဲ့ အင်္ဂလန်နိုင်ငံမှာတောင် ရုံတင်ပြသခဲ့ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်အိန္ဒိယ ပါကစ္စတန် ခွဲထုတ်လိုက်ခြင်းက လူ့သမိုင်းမှာ အကြီးမားဆုံးပြောင်းရွှေ့မှုဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပြီး လူပေါင်း ၁၄သန်းလောက် အိမ်ခြေယာမဲ့ စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့တဲ့အပြင် ဟိန္ဒူ မူဆလင် ဆီခ် လူမျိူး တစ်သန်းလောက်ကို သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ်ဒီရုပ်ရှင်ကတော့ အဆိုပါ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူရဲ့ မြေးကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူးဇာတ်လမ်းလေးကတော့ မြန်မာပြည်ဘုရင်ခံချုပ်မောင့်ဘက်တန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီး မကြာခင် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့အတွက် အိန္ဒိယကိုစေလွှတ်ခံခဲ့ရပါတယ် အိန္ဒိယလူမျိုးတွေအကုန်တောင်းတနေတဲ့ လွတ်လပ်ရေးက လက်တစ်ကမ်းအလိုမှာရှိနေချိန် မူဆလင် ဆီခ်နဲ့ ဟိန္ဒူဘာသာဝင်တွေကြား ရန်ပွဲတွေကြီးမားလျက်ရှိနေတုန်းပါပဲ လူမျိုးအချင်းချင်း သွေးခွဲပြီး အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေ လွတ်လပ်ရေးပေးရတော့မဲ့အချိန် ဒီလူတွေကိုစည်းလုံးလုံးနဲ့ဖြစ်စေချင်တဲ့အခါ သူတို့လုပ်ခဲ့တဲ့ပြဿနာကို သူတို့ပြန်ရှင်းရပါတော့တယ်...ဒီလိုနဲအိန္ဒိယ ပါကစ္စတန် ဘယ်လိုကြောင့် ကွဲသွားရတာလဲ အဲဒီလိုမျိုး နယ်မြေကွဲသွားရခြင်းအကြောင်းအရင်းအစစ်အမှန်ကရော ဘာကြောင့်လဲ ဒီနိုင်ငံရေးအရှုပ်အထွေးကြားထဲမှာပဲ ဘာသာမတူတဲ့ ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းပါဝင်လို့နေပါသေးတယ် ....ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာ​ကြောင့် အားလုံး ကြည့်ရှုရကျိုးနပ်စေမှာ အမှန်ပါပဲ File size…2.6GB ...
movie

Viceroy’s House (2017)

Behen Hogi Teri (2017) 5.6
Behen Hogi Teri (2017) တလမ်းထဲအတူနေ အတူတူကစားရင်း အတူတူကြီး​လာတဲ့အိမ်နီးချင်း မိန်းကလေးတယောက်ကို ကြိတ်ကြွေခဲ့ဖူးလား။ရာဂျ်ကူမားရောဝ်နဲ့ ရူရ်သီးဟာစန်ရဲ့ Behen Hogi Teri ရုပ်ရှင်ဟာ မျက်နှာချင်းဆိုင် တလမ်းထဲအတူနေကြတဲ့ Gattu နဲ့Binnyတို့ အိမ်နီးချင်း ငယ်သူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုဟာသနှောပြီး ဖန်တီးထားတာဖြစ်ပါတယ်။Gattu က သူနဲ့ အတူကြီးပြင်းလာတဲ့ Binnyကို ချစ်နေပေမဲ့မပြောရဲလို့ညီမလေးလို စောင့်ရှောက်ပြီး တနေ့ကျရင်တော့Binny ကို ဖွင့်ပြောပြီး လက်ထပ်မယ်လို့ စိတ်ကူးထားတယ်။ဒါမဲ့ Binny နဲ့ Gattu ရဲ့ မိဘအသိုင်းအဝန်းကတော့ သူတို့ကိုမောင်နှမလိုပဲ သတ်မှတ်ထားကြပြီး အသီးသီးအိမ်ထောင်ပြုကြဖို့ တိုက်တွန်းကြတယ်။တနေ့ Gattu အရဲစွန့်ပြီးBinny ကို ဖွင့်ပြောလိုက်ပေမဲ့ Binny မိဘတွေက တခြားကောင်လေးတယောက်နဲ့ စေ့စပ်ပြီး လက်ထပ်ဖို့စီစဉ်နေကြပါပြီ။ဒီလိုအခြေအနေမှာ Binny ကိုရဖို့Gattu ဘယ်လို ကြံစည်မှာလဲ။Binny ကကော Gattu ကို အကိုတယောက်လိုပဲ သဘောထားတာလား။တသက်လုံး သူတိူ့ကို မောင်နှတွေလို မြင်လာတဲ့ မိဘအသိုင်းအဝန်းကကော လက်ခံပါ့မလားဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ...
movie

Behen Hogi Teri (2017)

2017
Ajab Prem Ki Ghazab Kahani (2009) 6.4
Ajab Prem Ki Ghazab Kahani (2009) Ajab Prem Ki Ghazab Kahani ဆိုတာ ထူးဆန်းတဲ့အချစ်ရဲ့ ဟာသ story လေးပါတဲ့နာမည်နဲ့လိုက်အောင်ပဲ ရိုလည်းရို ငိုလည်းငိုရတဲ့အပြင် ရယ်စရာလည်းကောင်းတဲ့ romantic comedy film လေးဖြစ်ပါတယ် Cast တွေကလည်း အိန္ဒိယမှာ ခန်းသုံးခန်းအပြီး တက်လာတဲ့ မင်းသားတွေထဲမှာ အလားအလာအရှိဆုံးဖြစ်တဲ့ Ranbir Kapoor နဲ့ Bollywood နာမည်ကြီးမင်းသမီး Katrina Kaif တို့က ခေါင်းဆောင်အနေနဲ့ ပါဝင်ထားပါတယ် သုံးသပ်သူတွေဆီကလည်း Positive reviews တွေရခဲ့ပြီး 3 Idiots နဲ့ Love Aaj Kal ပြီးရင် 2009 ခုနှစ်ရဲ့ တတိယဝင်ငွေအကောင်းဆုံးကားလေး ဖြစ်ခဲ့ပါတယ် 2009 ခုနှစ်ရဲ့ ဝက်ဝက်ကွဲလူကြိုက်များတဲ့ရုပ်ရှင်တစ်ကား blockbuster လို့လည်း ပြောကြပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါပရမ်ဟာ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပြီး သူတစ်ပါးကို ကူညီတတ်တဲ့ လူငယ်လေးတစ်ယောက်ပေါ့ ပေါ့ပေါ့နေ ...
movie

Ajab Prem Ki Ghazab Kahani (2009)

Hello Charlie (2021) 5.6
Hello Charlie (2021) "ဘာမှမလုပ်တဲ့လူက မလုပ်ရင်လည်းမလုပ်ဘူး လုပ်ပြီဟေ့ဆိုရင်လည်း အချီကြီးမှ"ဒီဇာတ်ကားလေးကတော့ ဟာသဇာတ်မြူးကားလေး..ချာလီဆိုတဲ့ကောင်လေးဟာ အဖေ့အကြွေးကို ဆပ်ဖို့ဆိုပြီး မြို့တက်အလုပ်လာရှာတဲ့ကောင်လေးပေါ့ဗျာ..ဘာလုပ်လုပ်တလွဲလုပ်တတ်လွန်းလို့ အလုပ်တိုင်းကနေ အထုတ်ခံရတယ်..ဦးလေးဖြစ်သူအိမ်မှာ ကပ်နေတယ်ဦးလေးက ကုန်ကားမောင်းတယ်ဆိုပါတော့..တစ်ရက်ဦးလေးက ရွာကပွဲလေးတစ်ခုကို သွားတက်ရင်း အိမ်မှာတစ်ယောက်တည်း ကျန်ခဲ့တဲ့ ချာလီအဖို့ မက်လောက်စရာအလုပ်တစ်ခုရောက်လာခဲ့ပါတယ်..ဘာလုပ်လုပ်တလွဲဖြစ်နေတဲ့ ကိုယ့်အတွက် အပ်လာတဲ့အလုပ်ကလည်း ဦးလေးမသိအောင် ခိုးလုပ်ရမှာဖြစ်တဲ့အတွက် သိုသိုသိပ်သိပ်လုပ်ရင်းနဲ့မှ အရှုပ်ထုပ်တွေနဲ့ တိုင်ပတ်လာတဲ့အခါတော့... ချာလီတစ်ယောက် ဘယ်လိုတွေနှစ်ပါးသွားကမလဲဆိုတာ....။မင်းသမီးလေးလဲ အလန်းလေးမို့ ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ကြည့်ရှုဖို့ သင့်တော်တဲ့ဇာတ်ကားလေးပါ။  File size…(1.7 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p /720p/ 480p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thuya
movie

Hello Charlie (2021)

Radhe: Your Most Wanted Bhai (2021)
Radhe: Your Most Wanted Bhai (2021) Radhe (2021)၂၀၂၁မှာ မင်းသားကြီးတွေ ပျောက်နေကြပေမဲ့ မင်းသားကြီး ဆယ်လ်မန်ခန်းကတော့ တစ်ကားထွက်လာခဲ့ပါပြီ။၂၀၂၀၊၂၀၂၁ခုနှစ်တွေဟာ ကိုဗစ်ကြောင့် အားလုံးအတွက် အဆိုးဆုံးနှစ်တွေ ဖြစ်မှာပါ။ရုပ်ရှင်လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းလုနည်းပါးဖြစ်နေပေမဲ့ Digital Platformပေါ်က ထုတ်လွှင့်ပြသပေးနေတော့ တကမ္ဘာလုံးနဲ့ တန်းတူကြည့်နိုင်ဖို့ အဆင်ပြေပေမဲ့ တကယ်တော့ ထုတ်လုပ်သူတွေအနေနဲ့ ရုံတင်ရတာလောက် အဆင်ပြေမယ် မထင်ပါဘူး။ဒါပေမဲ့ ဆယ်လ်မန်ကတော့ ပရိသတ်တွေအတွက် Radheကို ထုတ်လွှင့်ခဲ့ပါပြီ။ဒီကားထဲမှာတော့ ဆယ်လ်မန်ကို ရဲအရာရှိတစ်ယောက် အနေနဲ့ မြင်ရမှာဖြစ်ပြီး ကြမ်းလွန်းလို့ ရာထူးက ပြောင်းရွှေ့ခံ၊ ရပ်နားခံနေရတဲ့ ရဲအရာရှိတစ်ယောက်ပါ။ဇာတ်လမ်းအစမှာတော့ မွန်ဘိုင်းတစ်မြို့လုံးမှာ မူးယစ်ဆေးတွေ သုံးစွဲပြီးသတ်သေမှု မြင့်တက်လာတာကြောင့် ရောင်းဝယ်ဖောက်ကားသူတွေကို ဖမ်းဆီးနိုင်ဖို့ ရာထူးက ရပ်နားခံထားရတဲ့ Radheကို အလုပ်ထဲ ပြန်ဝင်ဖို့နဲ့ ဒီအမှုကို လိုက်ဖို့ တာဝန်ပေးအပ်ခြင်းခံရတာက အစပြုထားပါတယ်။အပျော်တမ်းကြည့်ဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ သတ်မှတ်လို့ရမယ်ထင်ပါတယ်။ အိုဗာအက်ရှင်တွေ ပါနေတော့ တချို့အတွက်တော့ လုံးဝအဆင်ပြေမယ် မထင်ပါဘူးဗျာ။ဒါပေမဲ့ မင်းသမီးလေး ဒီရှားက သင့်ကို ဆွဲဆောင်နေမှာပါ။ဇာတ်လမ်းအညွှန်းကို Nyi Nyi Koe က ရေးသားပေးထားပြီးတော့ဘာသာပြန်ကတော့ Nyi Nyi Koe and Myint Thu ပဲ ဖြစ်ပါတယ်။Enocder - AugustFile ...
movie

Radhe: Your Most Wanted Bhai (2021)

2021
Kahaani (2012) 8.1
Kahaani (2012) Kahaani (2012)IMDb Rating (8.1)၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Kahaani ဆိုတဲ့ အိန္ဒိယဇာတ်လမ်းလေးကတော့ သည်းထိတ်ရင်ဖိုဇာတ်လမ်းမျိုးဖြစ်ပေမဲ့ မင်းသားဟီးရိုးလုပ်လေ့ရှိတဲ့ တခြား အိန္ဒိယဇာတ်လမ်းတွေနဲ့ ကွာပါတယ်။ဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်က မင်းသမီးပါ၊ မင်းသမီးဇာတ်ပေါ့။ ပိုထူးခြားတာက အဲဒီအဓိကဇာတ်ကောင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။Kahaani ဇာတ်လမ်းကို ရုံတင်ပြသချိန်က ရက် ၅၀ အတွင်းမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်း ၀င်ငွေရရှိခဲ့ပါတယ်။ ပြီးတော့ အကောင်းဆုံးမင်းသမီးဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေအပါအ၀င် အိန္ဒိယပြည်တွင်းကပေးတဲ့ ဆုပေါင်းများစွာကိုလည်း ရရှိထားပါတယ်။ဇာတ်လမ်းထဲမှာတော့ ခင်ပွန်းသည်ပျောက်ဆုံးမှုကြောင့် လန်ဒန်ကနေ အိန္ဒိယနိုင်ငံ ကောကတ်တာမြို့အထိ ရောက်လာတဲ့ မတ်မတ်ဗိုက်တစ်ယောက် ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ၊ဘယ်သူကရန်သူ ဘယ်သူက မိတ်ဆွေဖြစ်လာမလဲ၊လူပေါင်းများစွာကို သေစေခဲ့တဲ့ အဆိပ်ငွေ့တိုက်ခိုက်မှုကြီးနဲ့ ဘယ်လိုဆက်နွယ်ပတ်သက်နေသလဲဆိုတာတွေကိုစိတ်ဝင်စားဖွယ်ရာ ကြည့်ရူရမှာပါ။အဲဒီထက်စိတ်ဝင်စားစရာကောင်းတာက မတ်မတ်ဗိုက်မှာရော ဘယ်လိုလှည့်ကွက်လေးတွေရှိနေမလဲဆိုတဲ့အချက်ပါ။အဲဒါကိုသိရဖို့တော့ ကိုယ့်ဘာသာကိုယ်ပဲ ရင်တထိတ်ထိတ်ကြည့်ရှုလိုက်ပါနော်အိန္ဒိယကားတွေရဲ့ထုံးစံအတိုင်း ဒရမ်မာလေးနည်းနည်းပါပေမဲ့ အရမ်းကြီးဒရမ်မာချိုးတာမျိုး မရှိပါဘူး။သည်းထိတ်ရင်ဖို ...
movie

Kahaani (2012)

2012