Channel Myanmar

Darshan Thoogudeepa

Kaatera (2023) 8.3
Kaatera (2023) Kaatera (2023) (ကာတီရာ - လျှို့ဝှက်ချက်များနဲ့လူတစ်ယောက်) အခုတစ်ခါမှာတော့ ကန်နန်ဒါဘာသာစကားနဲ့ထွက်ရှိလာတဲ့ Action ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးပါဦးမယ်။ လူအယောက် 2.4K က IMDb 8.3 အထိ ပေးထားတာဆိုတော့ ဇာတ်ကားမကောင်းမှာ စိတ်မပူရတော့ဘူးပေါ့နော်။မင်းသားဒါရှန်အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဒီကားလေးကို ဇာတ်လမ်းအစအနေနဲ့ လူအရိုးစု107ခုရှာတွေ့ပုံနဲ့ ဇာတ်အိမ်ပျိုးထားပါတယ်။ ဒီလူအရိုးစုတွေဟာလည်း ထူးထူးဆန်းဆန်းပဲ လူမသိ သူမသိ မြှုပ်နှံခံထားရပါတယ်။ ဘာ့ကြောင့်လဲဆိုတာတော့ ဘယ်သူ့မှလဲ မသိကြပါဘူး။ တစ်ဖက်မှာလည်း မြို့သူ မြို့သားများဟာ ထောင်ကျနေတဲ့လူတစ်ယောက်ကို အသည်းအသန်လွှတ်ပေးကြဖို့ တောင်းဆိုကြိုးစားနေကြပါတယ်။1970ခုနှစ်ကိုနောက်ခံထားပြီး လယ်သမားတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ရိုက်ပြထားတဲ့ဒီကားလေးမှာ ဒီအရိုးစုတွေ ဒီထောင်သားဟာ ဆက်စပ်ပတ်သက်နေလား....။ဒီထောင်သားကို မြို့သူ မြို့သားတွေက ဘာလို့ လွတ်စေချင်နေကြတာလဲ...။ စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ကြောင်းတွေနဲ့ နောက်ကွယ်က ဇာတ်လမ်းတွေကို မြင်တွေ့ရဦးမှာဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။ အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM Bollywood Team ကနေ တင်ဆက်ပေးထားတာဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Kaatera (2023)

2023
Kranti(2023) 7.3
Kranti(2023) Kranti(2023)IMDb 7.4/10ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကားက​တော့ မကြာခင်ကမှ ထွက်ရှိထားတဲ့ "Kranti"ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကား​ကောင်းဖြစ်ပါတယ် ဒီကားကBox Office 33 croresထိ​ရရှိထားပြီးဖြစ်တဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားပါအိန္ဒိယကားတွေဟာဆိုရင်ဖြင့် အားတိုင်းရဲတွေ‌ကိုထေငေါ့လိုက် နိုင်ငံရေးသမားတွေကို တိုက်ခိုက်လိုက် စသဖြင့်သူတို့အစိုးရစနစ် လူတန်းစားခွဲခြားမှု ကျားမခွဲခြားမှုတွေကို ထောက်ပြဝေဖန်နေတာ ယခုအခါအလှည့်ကျလာတဲ့မင်းသားကတော့ ပညာရေးပါ။ဒါပေမဲ့ ဒီကားလေးမှာတော့ အဆန်းပါ အစိုးရကျောင်းတွေရဲ့ပညာရေးစနစ်ကို တိုက်ခိုက်တယ်ဆိုတာထက် ယခုမြန်မာပြည်မှာလဲ ခပ်စိတ်စိတ်တွေ့နေရတဲ့ ကိုယ်ပိုင်ကျောင်းစနစ်တွေကိုဝေဖန်ထားတဲ့ဇာတ်ကားလေးပါဇာတ်လမ်းအစမှာ​တော့ လူတစ်စုကနိုင်ငံ​ရေးဖက်ကလူတစ်​ယောက်နဲ့ ​ ပေါင်းပြီးအစိုးရ​ကျောင်း​တွေကို ပျက်စီးပိတ်သိမ်း​အောင် လုပ်ဖို့အတွက် အစီစဥ်ဆွဲ​​နေကြပြီး အဲ့အချိန်မှာတင်သူတို့လုပ်ရပ်ကြောင့် ​ကျောင်းသား​‌တွေ ဆရာတွေရဲ့ ဘဝများစွာဒုက္ခရောက်နေရပါတယ်သူတို့​တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ​ကျောင်းဆရာ​တွေက​ရော သူတို့ရဲ့ယုတ်မာမှုကို Speak outလုပ်နိုင်ပါ့မလား ဒီအခက်အခဲ​တွေကြားထဲက​နေ သူတို့ကိုကယ်တင်​ပေးမယ့် "ကရန်တီ"က​ရော ဘယ်လိုလူမျိုးဖြစ်ပြီး ဘယ်အ​ကြောင်း​ကြောင့် သူပါဒီကိစ္စ​​တွေထဲပါဝင်လာပြီး​ဖြေရှင်းမလဲဆိုတာ​တွေကို စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါပညာရေးဟာ စီးပွားရေးလား ပညာသင်ကြားဖို့ဆိုတာ ငွေကြေးရှိတဲ့သူတွေပဲရမဲ့အခွင့်အရေးလား စသဖြင့် ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…3.26GB / 1.47GB Quality…1080p HEVC /720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~ Sai Thu Rein~ Yunni ~ BpL
movie

Kranti(2023)

2023