Channel Myanmar

Dave Attell

Trainwreck (2015) 6.2
Trainwreck (2015) စိတ်ပိုင်းဆိုင်ရာအရ ငယ်စဉ်မှာ မိသားစုနဲ့ပတ်သက်ပြီး စိတ်ဒဏ်ရာခံစားခဲ့ရတဲ့ကလေးတွေဟာ သူတို့စိတ်ထဲမှာ ဒဏ်ရာ ရခဲ့တာကို စွဲလမ်းနေတတ်ပြီး အသက်ကြီးလို့ လက်တွဲဖော်ရွေးတဲ့အခါမှာလည်း ကိုယ့်အပေါ် မကောင်းတဲ့လူ၊ နာကျင်စေတတ်တဲ့လူတွေကပဲ ရွေးချယ်နေတတ်ကြတယ်လို့ ဆိုကြပါတယ်။ Amy Townsend ကတော့ အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးအကွဲအပြဲကြား“တစ်လင်တစ်မယား စနစ်ဆိုတာ လက်တွေ့မဆန်ဘူး”ဆိုတဲ့စကားနဲ့ ကြီးပြင်းလာရတဲ့ ကောင်မလေးပါ။ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲတတ်ပေမဲ့ဘယ်သူ့ကိုမှ အတည်မတွဲဘဲ အပေါ်ယံပေါ့ပျက်ပျက်ပဲ ဆက်ဆံတတ်ပါတယ်။ S’nuff မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်နေတဲ့Amy တစ်ယောက် အားကစားသမားတွေကို ခွဲစိတ်ပေးနေတဲ့နာမည်ကြီးဆရာဝန် ဒေါက်တာ Aaron ကိုအင်တာဗျူးလုပ်ဖို့ တာဝန်ပေးခံရတဲ့အခါမှာတော့….. ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်ကို Amy Schumer ရေးထားပြီးAmy Townsend အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် Dr. Aaron အဖြစ်Bill Hader က သရုပ်ဆောင်ထားပါတယ်။ Action မင်းသားကြီး John Cena လဲ ရည်းစားတွေထဲကတစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်ကွက်အနေနဲ့ မထူးဆန်းပေမဲ့ ပေါ့ပေါ့ပါးပါး ရယ်‌မောပြီးဘဝအမောတွေ ပြေစေမယ့် Rom-Com ...
movie

Trainwreck (2015)

2015
Funny People(2009) 7.0
Funny People(2009) Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie

Funny People(2009)

Scary Movie 4 (2006) 5.1
Scary Movie 4 (2006) Scary Movie ဆိုတာကတော့ သူ့ခေတ်အခါက နာမည်ကြီးမှန်သမျှတွေကို ဟာသသက်သက် လှောင်ပြောင်ထားသော ဇာတ်ကားများဖြစ်ပါတယ်။ အထူးသဖြင့်တော့ နာမည်ကြီး ဇာတ်ကားတွေ သရုပ်ဆောင်တွေကို လှောင်ပြောင်ထားတာပါ။ မူရင်းဇာတ်ကားတွေကို ကြည့်ဖူးထားရင် Scary Movie ရဲ့ လှောင်ပြောင်ချက်တွေက အတော်လေး ခွီနေရပါတယ်။ (Scary Movie စုစုပေါင်း ၅ ကားထွက်ထားပါတယ်။ အခုကတော့ နံပါတ် ၄ ဇာတ်ကားကိုတင်ပေးလိုက်တာပါ။ နောက်ဇာတ်ကားတွေကိုလဲ အဆင်ချောသလို တင်ဆက်သွားပါ့မယ်။ တစ်ကားနဲ့တစ်ကား အဆက်အစပ်မရှိတဲ့အတွက်ဘယ်ကကြည့်ကြည့်အဆင်ပြေပါတယ်။) ဒီနံပါတ် ၄ ဇာတ်ကားထဲမှာ.... Arachnophobia (1990)...Final Destination (2000)...Thir13en Ghosts (2001).... R. Kelly: Bump and Grind - You Be the Judge (2002)....Saw (2004).... Scooby Doo 2: Monsters Unleashed (2004) ....Shaun of the Dead (2004).... Kill Bill: Vol. 2 (2004) ...
movie

Scary Movie 4 (2006)

2006