Channel Myanmar

Dave Power

Frailty (2001)
Frailty (2001) ၂၀၀၁ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီ ‘Frailty’ ရုပ်ရှင်ကတော့ မင်းသားကြီး Bill Paxton ရဲ့ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မင်းသားကြီးအပြင် Interstellar, Dallas Buyers Club နဲ့ The Wolf of Wall Street တို့မှာပါဝင်သရုပ်ထားတဲ့ နာမည်ကြီးမင်းသား Matthew McConaughey ကလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။IMDb မှာလည်း 7.2 ရရှိထားတဲ့အပြင် Rotten Tomatoes မှာလည်း 75% ရထားတဲ့အတွက် တော်တော်လေးအဆင်ပြေတဲ့ Rating တွေလို့ပြောရမှာပါ။ဇာတ်လမ်းအကျဥ်း - ထူးထူးဆန်းဆန်းလူတစ်ယောက်က FBI အေးဂျင့်တစ်ယောက်ဆီကို လွန်ခဲ့တဲ့နှစ်၂၀ခန့်ကအမှုရဲ့ လူသတ်သမားနဲ့ သူ့ရဲ့နောက်ကြောင်းကို သိိထားတယ်ဆိုပြီး ရောက်လာတဲ့အခါမှာတော့...လူသတ်သမားရဲ့ မိသားစုနောက်ကြောင်းကရော ဘာလဲ...ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတဲ့ သူတို့ရဲ့မိသားစုဘဝလေးကနေ ဘာတွေဘယ်လိုပြောင်းလဲသွားခဲ့တာလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။File size…(1.8 GB)/(900 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kaung Khant
movie

Frailty (2001)

Red Tails (2012) 5.9
Red Tails (2012) Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie

Red Tails (2012)

2012