Channel Myanmar

Dave Rose

Family History Mysteries: Buried Past (2023) 6.7
Family History Mysteries: Buried Past (2023) ခရစ္စမတ်အချစ်ဇာတ်လမ်းလေးတွေ ရိုက်ကူးမှုများတဲ့ ဒါရိုက်တာကြီးကနေ ခရစ္စမတ်ကားတွေအများကြီးမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ ကြည်နူးဖွယ် မိသားစုဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေဗျ။ဆိုဖီဆိုတဲ့ အမျိုးသမီးလေးက ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေကို ရှာဖွေပေးတဲ့ အလွတ်စုံထောက်သဘောမျိုးလုပ်ကိုင်နေသူတစ်ဦး။ ဆိုဖီ့မှာ နှစ်အိမ့်တစ်အိမ်လိုနေတဲ့ သိပ်ချစ်ခင်ရတဲ့ သူငယ်ချင်းအမွှာညီကိုနှစ်ယောက်လဲရှိတယ်။ ညီဖြစ်သူက သွေးကင်ဆာဖြစ်ပြီး ရိုးတွင်းခြင်ဆီအစားထိုးဖို့ လိုအပ်လာတဲ့အချိန်မှာတော့ အစ်ကိုဖြစ်သူရော အမေဖြစ်သူနဲ့ပါ ကိုက်ညီမှုမရှိခဲ့ပါဘူး။ ပထွေးအပါအဝင် သူငယ်ချင်းဆိုဖီတို့ပါ ကိုက်ညီမလား စစ်ဆေးကြပေမဲ့လည်း ကိုက်ညီမှုမရှိခဲ့။ ဒီမှာပဲ ညီကိုနှစ်ယောက် မမွေးခင်ကတည်းက သေသွားပြီလို့ ထင်ထားကြတဲ့ အဖေအရင်းကို ရှင်သန်နေမလားဆိုတဲ့ သဲလွန်စ သေးသေးလေးတွေကနေ လိုက်လံရှာဖွေဖို့ ဆိုဖီ့ဆီကို တာဝန်ကျလာပါတော့တယ်။ဇာတ်လမ်းလေးက ရိုးရိုးလေးနဲ့ စိတ်ဝင်စားဖွယ်၊ ကြည်နူးဖွယ် ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(825 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae ...
movie

Family History Mysteries: Buried Past (2023)

Trapped in the Farmhouse (2023) 5.1
Trapped in the Farmhouse (2023) ဒီဇာတ်ကားက 2023 ခုနှစ်​မှာ​ အသစ်​ထွက်ရှိလာတဲ့ သည်း​ထိတ်​ရင်​ဖို​ Horror/Thriller အမျိုးအစားဇာတ်​ကားပါ။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ရည်းစား​ဖြစ်သူ​ရဲ့​ အနိုင်​ကျင့်နှိပ်စက်မှုကြောင့် ထွက်ပြေး​လာတဲ့​ အမ်မာဆိုတဲ့အမျိုး​သမီးတစ်ဦး​ဟာ အိမ်ကိုပြန်လာတဲ့လမ်းခရီးမှာ မုန်တိုင်း​နဲ့တိုးပြီး​ အိမ်​တစ်အိမ်မှာဝင်ရောက်ပြီးခိုလှုံခဲ့ရပါတယ်။ အဲဒီအိမ်က လူသူမနီးတဲ့အရပ်မှာ တည်ရှိနေတာဖြစ်ပြီး အိမ်​ရှင်ဖြစ်သူကလည်း သဘောကောင်းပုံရပါတယ်။ ဒါပေမဲ့​ အမ်မာ​တစ်ယောက်​ တဖြည်း​ဖြည်း​နဲ့သိလာတာက ဒီအိမ်နဲ့အိမ်ရှင်ဖြစ်သူဟာ သူထင်ထားသလိုမရိုးရှင်းဘဲ လျှို့ဝှက်​ချက်​တွေရှိနေတာကိုပါပဲ။မုန်တိုင်း​ကမပြီးသေးတာကြောင့် အဲဒီအိမ်မှာပဲ ခဏဆက်နေဖို့ဆုံးဖြတ်လိုက်မိတဲ့အခါမှာ​ ပိုမို​ဆိုးရွား​တဲ့ကံကြမ္မာတစ်ခုက သူ့ကိုအခန့်သားစောင့်​ကြို​နေပါတော့တယ်။ ဇာတ်လမ်း​က​ Thriller အမျိုးအစား​ဖြစ်တဲ့​အတွက်​ ရင်လှိုက်သည်းဖိုရုပ်ရှင်ဝါသနာပါသူတွေ နှစ်သက်​နိုင်ပါတယ်။ အဓိကဇာတ်ဆောင်ဖြစ်တဲ့ အမ်မာ​နေရာမှာ​ The​ Perfect​Wedding​ Match​ ထဲက​ Jenna​ Michno​ က​ သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​တစ်လျှောက်လုံးမှာ​ မိုးတွေရွာပြီး မိုးကြိုး​မုန်​တိုင်း​တွေ၊ လေဆင်​နှာမောင်းတွေတိုက်ခတ်နေတာဖြစ်တဲ့အတွက်​ ဒီလို​မိုးတွင်းထဲမှာ ကြည့်လို့ပျော်ကောင်းပျော်စေမဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(745 MB) Quality….Webrip  720p Format…mp4 Duration….01:30:00 Genre...Tv Movie, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Trapped in the Farmhouse (2023)

Abducted on Prom Night (2023) 5.2
Abducted on Prom Night (2023) =======================အနောက်နိုင်ငံတွေမှာတော့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ ကျောင်း ကပွဲညဆိုတာ အမှတ်တရအဖြစ်ဆုံး ညတစ်ညပါ။ တစ်သက်မမေ့ နိုင်စရာ ပျော်ရွှင်မှုတွေနဲ့ ညလေးတစ်ညဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အဲဒီညက ကင်ဘာတို့ ဆယ်ကျော်သက်သူငယ်ချင်းလေး ယောက်အတွက်တော့ ထိတ်လန့်ဖွယ် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ညတစ် ည ဖြစ်လို့လာခဲ့ပါတယ်။ကင်ဘာက ကျောင်းကပွဲညမတိုင်ခင် လပိုင်းအလိုမှာ ပြန်ပေးဆွဲခံရ ပြီး ကံသီလို့ လွတ်မြောက်လာခဲ့တဲ့သူတစ်ဦးပါ။ အဲဒီအတွက်ကြောင့် မိခင်ဖြစ်သူရဲ့ မျက်စိဒေါက်ထောက်ကြည့်မှုကို ခံနေရပြီး နေအိမ်အ ကျယ်ချုပ်သဘောမျိုးနဲ့ နေလာခဲ့ရပါတယ်။ ကျောင်းကပွဲနေ့ရောက်တဲ့ အချိန်မှာတော့ ကင်ဘာ့ရဲ့ချစ်သူ အော်စတင်ရဲ့ စည်းရုံးရေးကောင်းမှု ကြောင့် ကင်ဘာတစ်ယောက် ကပွဲကို သွားခွင့်ရခဲ့ပါတယ်။ကင်ဘာနဲ့အတူ အော်စတင်၊ ဂျိုအန်၊ အဲဗာလီ၊ လုခ် တို့ သူငယ်ချင်း လေးယောက် ဇိမ်ခံကားကြီးနဲ့ ကျောင်းကပွဲညကို သွားကြတဲ့အချိန်မှာ တစ်ကျော့ပြန် ပြန်ပေးဆွဲမှုကြီး ပေါ်လာခဲ့ပြီး သူတို့ရဲ့ အမှတ်တရည လေး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို မြှုပ်ကွက်များစွာနဲ့ ကြည့် ရှု့ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.46 GB) / (492 MB) Quality............WEB-RIP ...
movie

Abducted on Prom Night (2023)