Channel Myanmar

David Cameron

A Tribute to Her Majesty – the Queen (2022) 5.3
A Tribute to Her Majesty – the Queen (2022) A Tribute to Her Majesty - The Queen (2022)ဒီ Documentary လေးကိုထွေထွေထူးထူးညွှန်းနေစရာတော့လိုမယ်မထင်ပါဘူး။ မကြာသေးခင်ကမှ နတ်ရွာစံသွားတဲ့ အင်္ဂလန်ပြည့်ရှင် ဘုရင်မကြီး အဲလိဇဘက် ၂ အကြောင်း BBC ကနေ ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ပါ။ဘုရင်မကြီးရဲ့ ကလေးဘဝ၊ ဒုတိယကမ္ဘာစစ်ကို ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးအနေနဲ့ ဖြတ်သန်းခဲ့ပုံတွေ၊ ထီးနန်းဆက်ခံရမယ့် မျိုးဆက်မဟုတ်ပေမယ့် ကံကြမ္မာကြောင့် ထီးနန်းဆက်ခံဖို့ဖြစ်လာတာတွေ၊ မိသားစုကိုချစ်ခင်ပုံတွေ၊ ထီးနန်းဆက်ခံပြီးနောက်မှာ တာဝန်နဲ့မိသားစုကို ဦးထိပ်ပဓာနထားခဲ့တာတွေကို ဒီ မှတ်တမ်းရုပ်ရှင်လေးမှာတွေ့နိုင်ပါတယ်။ရှေးခေတ်ဗီဒီယိုမှတ်တမ်းတွေ အများအပြားထည့်သွင်းရိုက်ကူးထားတဲ့အပြင် ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ၊ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတွေ၊ မင်းမှုထမ်းတွေလည်း ပါဝင်အားဖြည့်ပေးထားလို့ ကြည့်ရအဆင်ပြေတဲ့ Documentary လေးပါပဲ။တော်ဝင်မိသားစုဖက်အမြင်ကနေပဲရိုက်ကူးထားပြီး သွားလေသူကိုအမှတ်တရဖြစ်အောင် တင်ပြထားတဲ့အတွက် တစ်ချို့တစ်ချို့သော ကိစ္စလေးတွေမှာ အငြင်းပွါးစရာလေးတွေတော့ရှိနိုင်ပါတယ်။ ဒါလေးကို သည်းခံနိုင်ရင်တော့ ကြည့်ရတာတန်တဲ့ Documentary လေးပါပဲလို့ တတ်နိုင်သလောက်လေး ညွှန်းခဲ့ပါရစေခင်ဗျား...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw ...
movie

A Tribute to Her Majesty – the Queen (2022)

2022
Brexit: The Uncivil War(2019) 7.0
Brexit: The Uncivil War(2019) Brexit: The Uncivil War(2019)IMDb...7.0,,,,,,Rotten...79%(unicode)2019 ဒီဇင်ဘာထဲမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ Brexit: The Uncivil War ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Benedict Cumberbatch ကိုဒီဇာတ်ကားထဲမှာ နိုင်ငံရေးပါတီတွေကို လူထုစည်းရုံးရေးဗျူဟာတွေ ချမှတ်ပေးတဲ့ ထိပ်ပြောင်ပြောင် နိုင်ငံရေးသမားအသွင်မြင်ရမှာဖြစ်ပါတယ် ဗြိတိန်နိုင်ငံရေးဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ လများက Channel Myanmar မှာတင်ခဲ့တဲ့ the Great Hack ဇာတ်ကားမှာပါဝင်တဲ့ အချက်အလက်များနဲ့ဆက်စပ်မှုတွေရှိပါတယ် … ၂၀၁၆ ခုနှစ်မှာ ပွဲဆူစေခဲ့တဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ငှားရမ်းခဲ့တဲ့ နည်းပညာကုမ္ပဏီ Cambridge Analytica နဲ့ ဆက်စပ်ပတ်သက်မှုတွေ Brexit ဖြစ်လာအောင် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်ပေးမှုတွေ ကနေ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေ အသတ်ခံရတဲ့အထိဖြစ်လာတဲ့အကြောင်းတွေကို ဖော်ပြရိုက်ကူးထားပါတယ် … ဒီဇာတ်ကားကို နိုင်ငံရေးစိတ်ဝင်စားသူတွေ နည်းပညာစိတ်ဝင်စားသူတွေ နဲ့ လူမှုကွန်ယက် အသုံးပြုသူတွေ ကြည့်သင့်ပါတယ်…မိမိတို့နိုင်ငံလည်း မကြာခင် ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် ...
movie

Brexit: The Uncivil War(2019)