Channel Myanmar

David James Lewis

Man of Steel (2013) 7.1
Man of Steel (2013) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Man of Steel (2013)

2013
4K HEVC
The Marine 4: Moving Target (2015) 5.2
The Marine 4: Moving Target (2015) IMDb rating 5.3/10 ရရှိထားပြီး နာမည်ကြီးWWE Fighter The Miz ကိုယ်တိုင်ခေါင်းဆောင်ပါဝင်ထားတဲ့The Marine 4 ဇာတ်ကားကောင်းလေးကိုCM ကနေတင်ဆက်ပေးလိုက်ပါပြီ။ မရိန်းတပ်သားတစ်ယောက်ရဲ့အရည်အချင်းတွေကိုအသားပေးရိုက်ကူးထားတာမလို့အက်ရှင်ကားချစ်သူတွေအကြိုက်တွေ့စေမယ့်ဇာတ်လမ်းကောင်းလေးတစ်ခုဖြစ်မှာပါ။ ဂျိတ်ခ်ကာတာ ဟာ မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီးတော့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ခဲ့ပါတယ်။ စစချင်းရက်မှာပဲ ကုမ္ပဏီက လူတစ်ယောက်ကိုကာကွယ်ဖို့အတွက်သူ့တို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ ဂျိတ်ခ်တို့အဖွဲ့ကာကွယ်ရမယ့်သူက အိုလီဗီယာတန်းနစ်စ် ဆိုတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး သူမက ကာကွယ်ရေးလုပ်ငန်းစုကြီးတစ်ခုရဲ့လျှို့ဝှက်ချက်တွေကို ဖွင့်ချဖို့ကြိုးစားနေသူပါ။ အဲဒီနောက်မှာတော့ သူမကို ခေါ်ဆောင်လာတဲ့ အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ယောက် ဆိုင်မွန်ဗိုဂဲလ်ဦးဆောင်တဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့က ဂျိတ်ခ် တို့ရဲ့ ယဉ်တန်းကို ခြုံခိုတိုက်ခိုက်ချိန်မှာတော့နှစ်ဖက်အဖွဲ့သားတွေ ကြမ်းကြမ်းရမ်းရမ်းဘယ်လိုတိုက်ခိုက်ပြီး အနိုင်ယူကြမလဲဆိုတာကိုဇာတ်လမ်းလေးထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size…      1.1 GB /   757  MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

The Marine 4: Moving Target (2015)

The Butterfly Effect 2 (2006)
The Butterfly Effect 2 (2006)  နစ် လာဆင်ဟာ သူ့ရဲ့ကောင်မလေး ဂျူလီ မီလာကို မတော်တဆမှုတစ်ခုမှာ ဆုံးရှုံးခဲ့ရပြီး သူ့ရဲ့ အောင်မြင်နေတဲ့ အလုပ်အကိုင်တွေနဲ့ ပျော်ရွှင်ဖွယ်ရာ ဘဝတစ်ခုဟာ ကွဲကြေပျက်ဆီးခဲ့ရပါတယ်.အဲဒီလိုနဲ့ သူ့ကိုယ်သူအပြစ်ရှိတဲ့ စိတ်နဲ့ရှင်သန်နေပြီး တစ်နှစ်လောက်အကြာမှာတော့ နစ်ဟာ သူ အချိန်နောက်ပြန်သွားနိုင်တယ်ဆိုတာကို မထင်မှတ်ပဲ သိသွားခဲ့ပါတယ်. သူက အဲဒီ့အစွမ်းကိုသုံးပြီးတော့ သူ့ကောင်မလေးဂျူလီ မသေဆုံးရအောင် ကာကွယ်ပါတော့တယ်.ကံမကောင်းစွာနဲ့ နစ်ရဲ့ အဲဒီလို အချိန်နောက်ပြန်သွားခြင်းဟာ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေကိုပါ ထိခိုက်လာပါတော့တယ်.နစ် တစ်ယောက် ဘာမှဆိုးဆိုးရွားရွားမဖြစ်ပဲ သူချစ်ရတဲ့ ဂျူလီကို ကယ်နိုင်မလား.... ဒါမှမဟုတ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းတစ်ခုလုံးကို စီးမျောပြီး အချိန် တစ်နာရီခွဲလောက် ကုန်လို့ကုန်သွားမှန်းမသိအောင်ကို ဆွဲဆောင်ထားနိုင်တဲ့ Mystery Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်.နာမည်ကျော် The Mask ရုပ်ရှင်, Child's Play 3 ရုပ်ရှင်တွေအပြင် အခြားနာမည်ကြီး Horror ကားတွေဖြစ်တဲ့ Insidious, The Conjuring ...
movie

The Butterfly Effect 2 (2006)

Heatwave (2022) 5.1
Heatwave (2022) Heatwave (2022) =============ကလဲရ်ဆိုတဲ့ကောင်မလေးဟာ ငယ်စဉ်က အိမ်ရှင်ရဲ့ပေါ့ဆမှုကြောင့် တစ်မိသားစုလုံးမီးလောင်သေဆုံးခဲ့တဲ့အဖြစ်ကိုအခုချိန်ထိမမေ့နိုင် သေးတဲ့သူပါ။ လက်ရှိအချိန်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင် စကော့ရဲ့ လက်အောက်မှာလက်ထောက်အဖြစ်အလုပ်လုပ်နေပြီး ရည်မှန်းချက်လည်းကြီးကြီးမားမားရှိထားပါတယ်။သူတို့နေထိုင်ရာ မြို့ကိုအပူလှိုင်းရိုက်ခတ်နေပြီးမခံနိုင်လောက်အောင်ဖြစ်လာတဲ့အ ခါမှာ သူငယ်ချင်းဖြစ်သူအလုပ်လုပ်နေတဲ့ ကွန်ဒိုတစ်ခုက ရေကူးကန် မှာခိုးပြီးသွားအပန်းဖြေလေ့ရှိပါတယ်။ တစ်နေ့တော့ အဲ့ဒီရေကူးကန် ဘေးမှာ အိဗ်ဆိုတဲ့မိန်းမလှလေးတစ်ယောက်နဲ့ဆုံတွေ့ရာကနေချစ် ဇာတ်လမ်းစခဲ့ကြပါတယ်။သူ့အလုပ်ရှင် စကော့က အိမ်ကိုညစာဖိတ်ကျွေးတဲ့ညတစ်ညမှာတော့ သူ့ချစ်သူအိဗ်နဲ့အလုပ်ရှင်ရဲ့ဇနီးဂျနဗီးတို့ဟာ တစ်ဦးတည်းဖြစ်တယ်ဆို တာသိသွားတဲ့နောက် သူ့ဘက်က အိဗ်ကို အဆက်ဖြတ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲ့ဒီလိုရှုပ်ထွေးနေတဲ့အခြေအနေတွေကြားမှာမှ စကော့တစ်ယောက် ရုံးကနေဒေါသူပုန်ထအိမ်ပြန်သွားတဲ့နေ့ကစပြီး ပျောက်ကွယ်နေတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေရှိလာပြီး အခြေအနေ တွေက သူ့ကိုပဲ တရားခံအဖြစ်ညွှန်ပြနေတဲ့အခါမှာတော့ ကလဲရ်တစ် ယောက်သူ့မှာအပြစ်မရှိဘူးဆိုတာသက်သေပြနိုင်ဖို့ ပြေးရင်းလွှားရင်း စုံစမ်းရပါတော့တယ်။ Thriller ကြိုက်ပရိသတ်တွေအတွက် ဇာတ်ကား ကောင်းတစ်ကားပါ။ plot hole တစ်ချို့ရှိနေပေမယ့် သရုပ်ဆောင်တွေရဲ့ သေသပ်မှုနဲ့တင်ဆက်ပုံတို့ကြောင့် လှည့်ကွက်တွေနဲ့အဆုံးထိဆွဲခေါ်သွား မယ့် ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.1 GB) / (570 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 40Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Alias Encoder..........SWM
movie

Heatwave (2022)

2022
The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

Trapped in the Cabin (2023)
Trapped in the Cabin (2023) ရုပ်ရှင်ကားနာမည်အတိုင်း ရေဘတ်ကာကိုးလင်းဆိုတဲ့ စာရေးဆရာမဟာ စိတ်အပန်းဖြေအနားယူဖို့ရာ သူ့အက်ဒီတာကြီး ငှါးပေးထားတဲ့ မြို့ပြင်ကလူရှင်းတိတ်ဆိတ်တဲ့ အပန်းဖြေအိမ်လေးမှာခေတ္တနေဖို့ဖြစ်လာပါတယ်၊ အခန်းရောက်တဲ့ချိန်မှာတော့ ပုံမှန်လိုပဲထင်နေရာက ရေဘတ်ကာကို CCTV စောင့်ကြည့်ကင်မရာရှုထောင့်တွေကနေပြနေတာကိုသတိထားမိမှာပါ၊ အဲလိုနဲ့ ရေဘတ်ကာလည်းအပြင်ထွက်လမ်းလျှောက်ရင်း နေသန်ဆိုတဲ့ယောကျာ်းတစ်ယောက်ကိုတွေ့တော့ နှစ်ယောက်သားဘာလိုလိုနဲ့ အတူတူညကျော်ပြီးမနက်ရောက်သွားကြပါတယ်။ ရေဘတ်ကာမနက်နိုးလာတော့ နေသန်မရှိတော့ပဲသူ့အခန်းမှာရှုပ်ပွပြီးဗရမ်းဗတာတွေဖြစ်နေတာတွေ့၊ သူ့လက်ပ်တော့ထဲလည်းဝင်မွှေသွားတာတွေတွေ့လိုက်ရတော့ ဒါနေသန့်လက်ချက်ပဲသေချာတယ်လို့ပြောလ်ို့ရပါတယ် ၊ ဒါပေမဲ့ဘာလို့နေသန်ကဒါတွေလုပ်သွားရတာလဲ၊ ဘာလိုချင်လို့ဒါတွေလုပ်ရတာလဲ ဆိုတာအဆုံးထိကြည့်မှဇာတ်ရည်လည်သွားမယ့်ကားမျိူးမို့ကြည့်ကြည့်ပါဦးလို့။ File size…(1.76 GB)/(740 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia 
movie

Trapped in the Cabin (2023)