Channel Myanmar

David Kohlsmith

Shazam! (2019) 7.5
Shazam! (2019) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Shazam! (2019)

2019
4K HEVC
The Prodigy (2019) 6.0
The Prodigy (2019) မွေးကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ရိုးအေးတဲ့ ကလေးတစ်ယောက် ဖြစ်တဲ့ Miles ဆိုတဲ့ ကောင်လေး၊မွေးရာပါ မျက်လုံးတွေကလည်း တဖက်ကို တရောင်စီနဲ့ ဖြစ်နေခဲ့တဲ့ Miles ဟာ အရွယ်ရောက်လာပြီး မူမမှန်တဲ့ ဆိုးသွမ်းရက်စက်တဲ့ အပြုအမူတွေ ပြု မူလာပါတယ်။စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာအာသာကတော့ Miles ဟာ တယောက်ယောက်က လူဝင်စားအနေနဲ့ ဝင်စားတာဖြစ်ပြီးကိုယ့်ရဲ့အတိတ်ဘဝကိုမှတ်မိနေရခြင်းက အရင်ဘဝတုန်းက မပြီးပြတ်သေးတဲ့ကိစ္စတွေကို ဒီဘဝမှာအဆုံးသတ်ချင်လို့ဖြစ်ကြောင်းရှင်းပြပါတယ်။ဒါပေမယ့် Miles ကိုဝင်စားတဲ့သူက သာမန်လူမဟုတ်ပဲ လူသတ်သမားတစ်ဦးဖြစ်နေတဲ့အခါမှာတော့........အဲဒီလူရဲ့ ရက်စက်တဲ့ အကျင့်စရိုက်တွေ၊ ဆိုးဝါးတဲ့ လက္ခဏာတွေ ပြလာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ၊မိခင်ဖြစ်တဲ့သူကရော ထိန်းချုပ်နိုင်ပါ့မလား၊ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာပါ။ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် ...
movie

The Prodigy (2019)

2019
The Christmas Chronicles (2018) 7.6
The Christmas Chronicles (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့"The Christmas Chronicles" ဆိုတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကိုတော့ Nextflix မှဖြန့်ချီထားပြီးRating 7.6 ရရှိထားကာကြည့်ရှုသူများရဲ့ positive feedback များစွာကို ပိုင်ဆိုင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..အညွှန်း- မက်ချူးဆက်မှာ နေထိုင်တဲ့ ပီယာစ်မိသားစုတစ်ခု...ဒီမိသားစုမှာ ဖေဖေ ဒေါ့ပီယာစ် မေမေ ကလဲယာပီယာစ်ကိုကြီး တက်ဒီပီယာစ်နဲ့ ညီမလေး ကိတ်တီပီယာစ်ဆိုပြီး မိသားစုလေးယောက်ရှိပါတယ်..သူတို့မိသားစုဟာ ခရစ်စမတ်ရောက်တိုင်း နှစ်တိုင်း မိသားစုဗီဒီယိုလေးတွေရိုက်ရင်းခရစ်စမတ်ကိုကြိုဆိုတတ်ကြပါတယ်...ဒေါ့ပီယာစ်ဟာ မီးသတ်သမားတစ်ယောက်ဖြစ်ပါတယ်...ဒီမိသားစုအတွက် ကံဆိုးခဲ့တာကတော့ ဒေါ့ပီယာစ် မီးလောင်သူတွေကိုကယ်ရင်း မီးလောင်သေဆုံးခဲ့တာပါ..တက်ဒီဟာ အဖေမရှိတော့တဲ့နောက်ဂျစ်ကန်ကန်ပဲ နေထိုင်ခဲ့ပါတယ်...ညီမဖြစ်သူ ကိတ်တီနဲ့လည်း မကြာခဏရန်ဖြစ်တတ်ပါတယ်...တစ်နေ့ မထင်မှတ်တာတစ်ခု ဖြစ်လာခဲ့တယ်...ဒါကတော့ ကိတ်တီဟာ အဖေနဲ့အတူရိုက်ကူးထားတဲ့ ခရစ်စမတ်အမှတ်တရဗီဒီယိုတွေကိုကြည့်ရင်း စန်တာကလော့စ်ကို တွေ့ခဲ့တာပါ...သူဟာ စန်တာကလော့စ်ကို အပြင်မှာတွေ့ချင်တဲ့ ရည်ရွယ်ချက်နဲ့အကိုဖြစ်သူတက်ဒီနဲ့ တိုင်ပင်ခဲ့ပါတယ်...သူတို့ရဲ့ စန်တာနဲ့ တွေ့ချင်တဲ့စိတ်ကူးက အမှန်တကယ်ဖြစ်ခဲ့ပါတယ်...ကောင်းသောတွေ့ခြင်းတော့ မဟုတ်ပါဘူး...စန်တာကလော့စ်ရဲ့ စွတ်ဖားလှည်းနောက် သူတို့နှစ်ယောက်ခိုးလိုက်ခဲ့တာပါ...စန်တာတစ်ယောက် သူတို့နှစ်ယောက်ကို တွေ့ပြီးအလန့်တကြားနဲ့ လက်ဆောင်ထုပ်တွေ ...
movie

The Christmas Chronicles (2018)

2018