Channel Myanmar

David Lam Wai

Twinkle, Twinkle, Lucky Stars (1985) 6.2
Twinkle, Twinkle, Lucky Stars (1985)    ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie

Twinkle, Twinkle, Lucky Stars (1985)

Spoony Woman ( 2023 ) 5.9
Spoony Woman ( 2023 ) အခုတစ်ခေါက် ဘာသာပြန် တင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကတော့ တရုတ်ဒဏ္ဍာရီပုံပြင်လေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မြေခွေး မိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာ အပူအပင်ကင်းစွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူ့ပြည်က ရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့ လမ်းမှာ ဝမ်းကျီဖူဆိုတဲ့ ပညာရှိနဲ့ ဆုံတွေခဲ့ပါတယ်။ဝမ်ကျီဖူဟာ ယင်းနင်အပေါ် မြင်မြင်ချင်း ချစ်မိသွားပြီး မစားနိုင် မသောက်နိုင် ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယင်းနင်ရဲ့ နေထိုင်ရာ နေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ပညာတတ်မိသားစုဖြစ်တဲ့အတွက် ဝမ်ကျီဖူရဲ့ အမေဖြစ်သူ သခင်မဝမ်ဟာ လွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို ကြည့်မရ ဖြစ်နေပါတယ်။ ယင်းနင်ဟာ မြေခွေးမိစ္ဆာဖြစ်ကြောင်း သိပြီးနောက်မှာတော့ သူ့သားနဲ့ ယင်းနင်နဲ့ကို ရအောင် ခွဲပါတော့တယ်။ယင်းနင်တစ်ယောက် သူ့အပေါ် အထင်အမြင်လွှဲမှား မှုတွေကို ဘယ်လို ဖြေရှင်းမလဲ ...... သူမရဲ့ မိဘအရင်းကရော ဘယ်သူတွေ ဖြစ်မလဲ..... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : ...
movie

Spoony Woman ( 2023 )

(18+) A Chinese Torture Chamber Story II (1998)
(18+) A Chinese Torture Chamber Story II (1998) ပထမကားထဲမှာ မင်းသမီးက ဂေါ်ဖီထုပ်လေး ဖြစ်နေပေမဲ့ ဒီကားလေးထဲမှာတော့ မင်းသမီးလေးက ကြာပန်းလေး ဖြစ်နေတာပါ လေပေါ်ပျံသိုင်းကွက်အပြီး မှာတော့ အငြိမ့်သိုင်းကွက်လေးတွေ ဆက်ကျင့်ကြတာပေါ့ အဲဒါအပြင် ပရိသတ်တွေရဲ့ အသည်းစွဲ Chinese Ghost Story ထဲက မင်းသမီးကြီး ဖန်ယန်း လည်းပါဝင်နေတော့ ကြည့်ကောင်းမယ်ဆိုတာ ပြောစရာတောင် မလိုလောက်တော့ပါဘူး ဒီကားထဲမှာတော့ ရိုးရိုးသားသားလယ်သမားလေးနှစ်ယောက်က အခွန်တွေအရမ်းတိုးတာကို မပေးနိုင်ဘဲ လယ်တွေအသိမ်းခံလိုက်ရလို့ ဓားပြတွေဖြစ်သွားတာကနေ သူတို့ ဓားပြတိုက်မိတဲ့ သူက နေပြည်တော်သွားပြီး စစ်သူကြီးစာမေးပွဲဖြေမဲ့သူ ဖြစ်နေတော့တာပါပဲ ကံကောင်းတာနဲ့ ကံဆိုးတာကဒွန်တွဲနေပါတယ်လို့ လူတွေပြောကြသလိုပဲ နေပြည်တော်သွားမဲ့သူကြီးက သူတို့နဲ့ ခင်မင်ရင်းနှီးသွားတာပါ အဲဒီလိုနဲ့ အိမ်ခေါ်လည်ပြီးစားကြ သောက်ကြတာပေါ့ နောက်တနေ့ စာမေးပွဲဖြေဖို့ ထွက်သွားရင်းမှာပဲ ဓားပြနှစ်ယောက်ထဲက တစ်ယောက်ရဲ့ သတို့သမီးလောင်း ကြာပန်းလေးဆီ သူက ခိုးပြန်လာပြီး ချစ်ကြောင်းကြိုက်ကြောင်းနဲ့ သူ့ကိုစောင့်နေပါလို့ ပြောသွားပါသေးတယ် နှစ်ဝက်လောက်လည်းကြာရော သူလည်း ...
movie

(18+) A Chinese Torture Chamber Story II (1998)

Dragon and Tiger ( 2022 ) 6.1
Dragon and Tiger ( 2022 ) ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ခပ်မိုက်မိုက်သရုပ်ဆောင်မှုတွေနဲ့ ကြည့်ချင်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ် The Oath of loveထဲကမင်းသား Xu Fangzhouနဲ့ Ashes of loveမင်းသားZhang JunRanတို့သရုပ်ဆောင်တာကြောင့် အလွန်ကိုကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲကျိုးဖန်ကအိမ်ကစီးပွါးရေးကိုသိပ်စိတ်မဝင်စားဘဲ အပြင်မှာ အေးအေးဆေးဆေးလျှောက်လည်ရတာကြိုက်တဲ့သူတစ်ယောက် ကျိုးဖန့်အစ်မ ကျိုးယွဲ့ကတော့ မိသားစုနဲ့မောင်လေးကို စောင့်ရှောက်ဖို့အတွက် ဘာကိုမမူဘဲ အသက်ကိုစွန့်ရဲပြီးကာကွယ်ပေးမဲ့သူမူးယစ်ဆေးဝါးရောင်းဝယ်မှုကိုတားဆီးဖို့လုပ်နေရင်းနဲ့ကျိုးဖန့်ရဲ့အဖေကသေဆုံးခဲ့တယ် ကျိုးဖန့်ကအဖေသေဆုံးပြီးတော့ အေးအေးဆေးဆေးနေတတ်တဲ့ဘဝကနေ အဖေ့ကိုသတ်တဲ့ရန်သူကိုရှာတဲ့လမ်းကိုလျှောက်လမ်းခဲ့တယ် ကျိန့်ယွီရန်ဆိုတဲ့သူက ဖခင်ရဲ့အတည်အမှတ်ပြုတာကိုမရရှိတဲ့အခါမှာ ရူးသွပ်ပြီးတော့ ဖခင်ကိုသတ်ဖို့လုပ်ခဲ့တယ် အဲ့အချိန်မှာဇာတ်ကောင်ကိုရိုက်ထားတဲ့ရိုက်ကွက်နဲ့ မင်းသားရဲ့သရုပ်ဆောင်မှုကတော့ အတော်လေးကိုကြည့်လို့ကောင်းလှပါတယ်ဒီကားမှာတော့ ရှန်ဟဲရဲ့စျေးကွက်မှာ ဘယ်လိုမျိုးစည်းမျည်းတွေရှိလဲ အဲ့ဒီစဉ်းမျဉ်းတွေကိုလိုက်နာဖို့ ဘယ်လိုအာဏာမျိုးနဲ့ လုပ်ဆောင်နေရလဲဆိုတာရယ် တခြားဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ခံစားကြည့်ရှုပေးကြပါဦး [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Dragon and Tiger ( 2022 )

Royal Warriors (1986) In the Line of Duty-1 6.9
Royal Warriors (1986) In the Line of Duty-1 မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ…ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခုဒုတိယကားအနေနဲ့တင်ဆက်လိုက်တဲ့ Royal Warriors (1986) ဇာတ်ကားကတော့ In The Line of Duty-1 လို့လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုအဓိကပါဝင်ထားပြီး IMDb Rating(6.9) ထိ ရရှိထားမလို့Action ပရိတ်သတ်တွေ ...
movie

Royal Warriors (1986) In the Line of Duty-1

Yes, Madam! (1985) In the Line of Duty-2 6.6
Yes, Madam! (1985) In the Line of Duty-2  မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie

Yes, Madam! (1985) In the Line of Duty-2

The Curse of Turandot (2021) 6.5
The Curse of Turandot (2021) ဒီဇာတ်ကားက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို အခြေခံပြီးရိုက်ကူးထားတာပါ။မင်းသမီး ထူလန်တော်ဟာ သူ့မွေးနေ့မှာ ခမည်းတော်ဘုရင်က ထူးဆန်းတဲ့လက်ကောက်သုံးခု အပါအဝင် လက်ဆောင်အများအပြားပေးလိုက်ပါတယ်.. ဒါပေမယ့် အဲဒီလက်ကောက်သုံးခုမှာပါဝင်တဲ့ မမြင်နိုင်တဲ့စွမ်းအားတွေကြောင့် မင်းသမီးဟာ အရောင်တွေကိုမခွဲခြားနိုင်တော့ဘဲ ထူးဆန်းတဲ့အပြုအမူတွေနဲ့ သီးသန့်ဆန်လာပါတော့တယ်။သူ၁၈ နှစ် မပြည့်ခင်မှာ ဒီလက်ကောက်သုံးခုရဲ့ ပဟေဠိသုံးခုကို မဖြေရှင်းနိုင်ရင် သူဟာနတ်ဆိုးဝင်စားသူအဖြစ် သတ်မှတ်ခံရပြီး သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် ဘုရင်ကြီးက သူ့သမီးအတွက် အဖြေရှာနိုင်တဲ့သူကို မင်းသမီးနဲ့လက်ထပ်ခွင့်ပေးမယ်လို့ တစ်နိုင်ငံလုံးကိုကြေငြာခဲ့တယ်။ဒီအချိန်မှာ မျက်လုံးအပြာရောင်ရှိတဲ့ မင်းသား ခါရာဖူဟာ မင်းသမီးထူလန်တော်ရဲ့ အလှအပမှာနှစ်မြောသွားတာကြောင့် မင်းသမီးလေးရဲ့အခက်အခဲတွေကို ဖြေရှင်းတိုက်ခိုက်ဖို့ စွန့်စားပါတော့တယ်။ဒဏ္ဍာရီပုံပြင်ကို အခြေခံရိုက်ကူးထားတာကြောင့် သဘာဝလွန်စွမ်းအားတွေနဲ့ Fantasy Romance အမျိုးအစားဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB) / (950 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

The Curse of Turandot (2021)