Channel Myanmar

David M Sandoval Jr.

Midnight in the Switchgrass (2021)
Midnight in the Switchgrass (2021)  Midnight in the Switchgrass(2021) ======================= No Rating Yetတာရာမင်းဝေ ၀တ္တုတိုတစ်ခုထဲ ဖတ်ဖူးတဲ့ဟာပေါ့။ သေချာတော့မမှတ်မိတော့ဘူး။သဘောကတော့ဒီလို အကြီးကျယ်ဆုံး၀တ္တုတွေမှာ အရာသုံးမျိုးပါရတယ်တဲ့။ ခမ်းနားကြီးကျယ်မှု၊ လိင်စေ့ဆော်မှု၊ နောက် သဲထိတ်ရင်ဖိုတဲ့။ ဒီရုပ်ရှင်ဟာ ပထမအချက် က ယွန်းပြီး ကျန်တဲ့နှစ်ချက်ပါတယ်။ဘရုစ်ဝီလ်ကိုလည်း ပြထားပေမယ့် အဓိကဇာတ်ကောင်ကတော့ မီဂန်ဖောက်စ်ပဲ။ မိန်းကလေးလှလှလေးတွေကို ဖမ်းပြီး လှောင်ပိတ်ကစားပြီး လိင်စိတ်ဖြေတဲ့ ကွင်းဆက်လူသတ်သမား မုဒိန်းကောင်ကို လိုက်နေတဲ့ စုံထောက်မလေးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒုတိယအချက်ကို အမိအရသုံးထားတယ်။မှုခင်းရုပ်ရှင် စုံထောက်ရုပ်ရှင်ကြိုက်တဲ့သူတွေ ကြိုက်မယ့်ကားမျိုးပဲ။ တရားခံကိုတော့ ကားအစမှာကတည်းက ဖော်ပြထားလို့ သိပ်ပြီးမထူးပေမဲ့ သူပေးတဲ့ သဲထိတ်ရင်ဖိုက တရားခံကို မိ မမိ အပေါ်မှာတော့ မမူတည်ဘူး။ ဒါကမြင်နေကြဇာတ်ကွက်ဆိုတော့ သိပ်တော့ရင်ဖိုလှစရာမရှိဘူး။တရားခံဟာ လှလွန်းတဲ့ အသွင်ယူရဲမေ မီဂန်ဖောက်စ်ကို ဖမ်းပြီး ခူးဆွတ်ခြွေမွဖို့ ကြံတယ်။ ဒီမှာ ဓားစာခံတွေ သေမလားရှင်မလား ဘာဆက်ဖြစ်မလဲက တဖြည်းဖြည်းနဲ့ ရင်ဖိုစရာတော့ကောင်းတယ်။ အတိုင်းအတာတစ်ခုအထိ သဲထိတ်ရင်ဖို ရသ ပေးနိုင်တယ်ပေါ့။ ဒီနှစ်ချက်နဲ့တင် ဒီရုပ်ရှင်ဟာ စုံထောက်ရုပ်ရှင် မှုခင်းရုပ်ရှင် ကြိုက်တဲ့သူတွေ အတွက် စိတ်ကျေနပ်မှုတစ်ခုတော့ ပေးနိုင်မှာပဲ။အထူးသဖြင့် ကြည့်ပျော်တဲ့ကားတောင် အရမ်းရှားနေတဲ့ ဒီကာလထဲမှာပေါ့။တရား၀င်ထွက်ရက်က ဇူလိုင်၂၃ဆိုတော့ Rating မရှိသေးဘူး။ ဒါရိုက်တာRandall Emmett ကတော့ The Irishmanကားအပါအ၀င် ဘရုစ်ဝီလ်ကား ဆယ်ကားကျော်ကို ပရိုဂျူဆာ လုပ်ဖူးတဲ့သူ။ဒါရိုက်တာက ပရိုဂျူဆာလောက ကနေ ဒါရိုက်တာဘက် ပထမဆုံးကူးလာတဲ့ကား။ သို့ပေမဲ့ ...
movie

Midnight in the Switchgrass (2021)

Haymaker (2021) 4.0
Haymaker (2021) Haymaker (2021)=============IMDb Rating - 4.0/10ပြိုင်ပွဲတစ်ပွဲမှာရှုံးနိမ့်ပြီးတဲ့နောက်ပိုင်း အနားယူသွားခဲ့တဲ့မွေထိုင်းဖိုက်တာနစ်တစ်ယောက်transgenderမလေး နော်မီကို စော်ကားဖို့လုပ်တဲ့လူကို ထိုးကြိတ်ဆုံးမခဲ့ရာကနေဇာတ်လမ်းစတာပဲ။ အဲ့ဒီမှာပဲ နော်မီက နစ်ခ်ကိုကိုယ်ရံတော်အနေ နဲ့အလုပ်ခန့်လိုက်ပြီး သူ့ဖျော်ဖြေပွဲတွေနောက်ကိုခေါ်သွားတာပေါ့။ နော်မီကလည်းအဆိုတော်ဆိုပေမဲ့ စပွန်ဆာတွေနဲ့ အရက်သောက်လိုက်စကားပြောလိုက်လုပ်ပြီး အဆိုတော်အဖြစ်နဲ့ရပ်တည်နေရတဲ့လူ…………နစ်ခ်ကျတော့ ပြိုင်ပွဲမှာရှုံးပြီး နောက်ပိုင်း ကြိုးဝိုင်းထဲကိုပြန်ဝင်ဖို့မဝံ့ရဲတော့တဲ့လူ…………ဒီလိုလူနှစ်ယောက်ဆုံစည်းပြီးတဲ့နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမှာလဲဆိုတော့ကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 23minSubtitle – Myanmar HardsubFormat – Mp4Genre : Action, DramaSource : 1080p.WebRipTranslator – Chit TeeEncoder – SWM
movie

Haymaker (2021)

Us (2019) 7.3
Us (2019) UsAdelaide ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဇာတ်လမ်းစပါတယ်။ သူငယ်ငယ်က မိဘတွေနဲ့ Santa Cruz ကမ်းခြေမှာ အပန်းဖြေထွက်ရင်တစ်ယောက်ထဲ လျှောက်သွားရာက လမ်းပျောက်သွားတယ်။ Hall of Mirrors ထဲရောက်သွားပြီး အထဲမှာ သူနဲ့ တစ်ထေရာထဲတူတဲ့ ကလေးမလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတယ်။အဲအတွက် Adelaide ဟာ စိတ်ဒဏ်ရာတွေရပြီး တော်တော်ကြာစကားမပြောတတ်တော့ပါဘူး။ မိဘတွေက ဆရာဝန်တွေနဲ့ပြပြီး သူ့စိတ်ပုံမှန်ပြန်ဖြစ်အောင် ဝိုင်းကြိုးစားခဲ့ရတယ်။အခုလက်ရှိအချိန်ရောက်လာတော့ လင်နဲ့ သားနဲ့ဖြစ်နေပါပြီ။ကလေး ၂ ယောက်ရနေတဲ့အထိ Adelaide က traumatic ဖြစ်နေတုန်းပါ။သားဖြစ်သူ Jason က ကမ်းခြေသွားချင်တယ်ဆိုလို့မသွားချင်သွားချင်နဲ့ လိုက်သွားခဲ့တယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာကြောက်နေတုန်း။ညကျတော့ သူ့ယောကျင်္ားကိုသူငယ်ငယ်ကအကြောင်း ပြောပြတယ်။ အဲဒီ သူနဲ့တစ်ပုံတည်းဖြစ်နေတဲ့ ကောင်မလေးက သူ့ကိုဒုက္ခပေးဖို့ ရောက်လာတော့မယ်လို့ ခံစားနေရတယ်ဆိုပြီး။မကြာပါဘူး သူတို့မိသားစုနဲ့ တစ်ပုံထဲတူတဲ့ လူတစ်အုပ်ရောက်လာ ခဲ့သောအခါမှာတော့.... (ရုပ်ရှင်အညွှန်းအား DatShin Page မှ ကူးယူဖော်ပြပါသည်။ )(စပွိုင်လာဖြစ်မှာစိုး၍ ...
movie

Us (2019)

2019