Channel Myanmar

David Ramírez

The Occupant (2020) 6.4
The Occupant (2020)  လူတစ်ယောက်ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ရောက်နိုင်ဖို့ဘယ်လောက်ထိ လုပ်မယ်လို့ စဉ်းစားတွေးကြည့်ဖူးလဲ…?အိမ်ထောင်ဦးစီးတစ်ယောက် ဇနီးရှိတယ် သားရှိတယ် ဒါပေမဲ့အလုပ်အကိုင် အဆင်မပြေတော့ နေနေတဲ့ တိုက်ခန်းအကောင်းကိုရောင်းပြီး သာမန်တိုက်ခန်းလေးကို ပြောင်းခဲ့ရပြီး အလုပ်ပေါင်းစုံပြန်လျှောက်နေရတယ်။ အရင်တုန်းက နေခဲ့တဲ့ တိုက်ခန်း အပိုသော့လေးကအိမ်အကူဆီကနေ ရထားတော့ အလွမ်းပြေအနေနဲ့ လက်ရှိနေထိုင်သူတွေမရှိတော့တဲ့အချိန်ဆို သော့ပိုလေးနဲ့ သွားပြီး ပြန်နေကြည့်တယ် ပြီးရင်ပြန်လာတယ် ဒီလိုနဲ့ပဲ… သူ အရင်တုန်းက ဆုံးရှုံးခဲ့ရတဲ့ ဒီတိုက်ခန်းလေးနဲ့အဆင်ပြေကြောင့်ကြတဲ့ဘဝကို ပြန်ရဖို့အတွက် ကိုယ်ကျင့်တရားတွေအမှန်အမှားတွေ အားလုံးကို ခဝါချ လွှင့်ပစ်လိုက်ပြီး လက်ရှိနေထိုင်နေတဲ့မိသားစုကမ္ဘာထဲကို မုသာဝါဒတွေ ဥပါယ်တံမျဉ်တွေ သုံးပြီး ချည်းနင်းဝင်ရောက်ခဲ့တဲ့ အခါမှာတော့…..။လူသားတွေ လောဘဇော တက်လာတဲ့အခါ ဘာကိုမှ မမြင်နိုင်အောင်မျက်လုံးစုံကန်းမှုကို နှလုံးသွင်းစရာအနေနဲ့ ရိုက်ပြထားတဲ့ စပိန်စကားပြောစိတ်လှုပ်ရှားဖွယ် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။Rotten Tomatoes 61% နဲ့ IMDB 6.4 ရရှိထားပါတယ်။  File size…1.04GB / 442MB Quality…WEB-Rip ...
movie

The Occupant (2020)

REC 3 Genesis(2012) 7.0
REC 3 Genesis(2012) REC 3 Genesis(2012)******************လူကြိုက်များတဲ့ Rec ရုပ်ရှင်စီးရီးရဲ့ သုံးကားမြောက်ဇာတ်ကားပဲဖြစ်ပါတယ်။ ​ရှေ့နှစ်ကားနဲ့မတူတဲ့ နေရာတစ်ခါမှာ အ​ခြေတည်ထားပြီး ​ရှေ့နှစ်ကားထက်ပိုပြီးလေးနက်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် ဇာတ်ကားဖြစ်တဲ့အတွက်Horror ချစ်ပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ရှေ့နှစ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ Paco Plaza မှရိုက်ကူးထားပြီးDiego Martin, Leticia Dolera, Javier Botet နဲ့ Alex Monner တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မင်္ဂလာမောင်နှံဖြစ်တဲ့ ကိုဒိုနဲ့ကလာရာတို့ဟာ သူတို့နှစ်ဦးနဲ့ အချစ်ကိုပိုပြီးခိုင်မြဲစေဖို့အတွက်မင်္ဂလာပွဲကြီးကို မိသားစုမိတ်ဆွေ စုံစုံလင်လင်နဲ့ ကျင်းပနေပြီး တစ်ဦးနဲ့တစ်ဦးချစ်ခြင်းမေတ္တာအပြည့်နဲ့ ဘဝခရီးကိုလျှောက်လှမ်းဖို့ အဆင်သင့်ဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။သူတို့ရဲ့ပျော်ရွှင်မှုတွေကို ဖျက်စီးမယ့်အကြောင်းအရာတစ်ခုကတော့ကိုဒိုရဲ့ဦးလေးဖြစ်သူ ပဲပဲဗီတာဟာ တိရိစ္ဆာန်ဆေးကုခန်းကနေခွေးကိုက်ဒဏ်ရာတစ်ခုရလာခဲ့ပြီး တူဖြစ်သူရဲ့မင်္ဂလာဆောင်ကို ချီးမြှောက်ဖို့ ရောက်လာပါတော့တယ်။ ​ရှေ့ဇာတ်ကားနှစ်ကားကို ကြည့်ဖူးခဲ့ရင်တော့ ဒီခွေးကိုက်ဒဏ်ရာဟာဘယ်လောက်အထိ ဆိုးဝါးတဲ့အဖြစ်ဆိုးတွေဖြစ်စေလဲဆိုတာကို ကြိုတင်မှန်းဆနိုင်မှာဖြစ်တဲ့အတွက် ​ရှေ့နှစ်ကားကိုအရင်ဆုံးကြည့်ဖို့ အကြံပေးပါရစေ။မင်္ဂစုံတွဲနှစ်တွဲကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာတွေ တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ သစ္စာတရားတွေကိုသွေးသံတရဲရဲကို ကြည့်ရှုရမှာဖြစ်တဲ့အတွက် ...
movie

REC 3 Genesis(2012)