Channel Myanmar

David Saracino

Read My Lips (2001) 7.3
Read My Lips (2001) ထောင်ထွက်တစ်ယောက်နှင့် နားမကြားတဲ့သာမာန်ရုံးဝန်ထမ်းကောင်မလေးတို့ နဖူးစာရွာလည်ပြီး ဒေါ်လာခုနှစ်သောင်းကို ခိုးယူဖို့ ကြံစည်ကြတဲ့အခါ???ဇာတ်လမ်းအကျဉ်း......ကာလာဟာ နားမကြားတဲ့အမျိုးသမီးဖြစ်ပြီး လူတွေရဲ့ နှုတ်ခမ်းအမူအရာကိုဖတ်ပြီး ဘာပြောနေလဲဆိုတာကို သိနိုင်တဲ့သူပါ။ သူမဟာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီးတော့ သာမာန်အတိုင်း ပျင်းရိစရာကောင်းတဲ့ ရုံးလုပ်ငန်းမှာ စိတ်လှုပ်ရှားစရာမရှိဘဲ ဘဝကို ဖြတ်သန်းနေသူတစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ တစ်ယောက်တည်း အလုပ်မနိုင်တဲ့အတွက် ရုံးကူအလုပ်သင်ရှာရာကနေ ထောင်က ပူပူနွေးနွေးထွက်လာတဲ့ ပေါလ်အန်ဂျလီကို တွေ့ပြီး ထောင်ထွက်မှန်းသိသိနဲ့ သနားမိပြီး အလုပ်ခန့်လိုက်ပါ‌တော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ရင်းနှီးလာကြပြီးနောက်မှာ ပေါလ်ဟာ မားချန့်ဆိုတဲ့ ကလပ်ပိုင်ရှင်ဆီမှာ ဒေါ်လာ ခုနှစ်သောင်းအကြွေးတင်နေပြီး မားချန့်ရဲ့ ကလပ်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်သွားလုပ်ရပါတော့တယ်။ ပေါလ်က အလုပ်လုပ်ရင်းနဲ့ မားချန့်ဆီမှာ ဒေါ်လာအများကြီးရှိကြောင်း သိလိုက်ရတဲ့အခါ ကာလာကို အကူအညီတောင်းပြီး ငွေခိုးယူနိုင်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီတော့ သူတို့နှစ်ယောက်သား မားချန့်ဆီက ငွေခိုးယူနိုင်ပါ့မလား၊ ကာလာလို့ နားမကြားတဲ့သူက ဘယ်လိုအရေးပါလို့ ...
movie

Read My Lips (2001)

The Da Vinci Code (2006) 6.6
The Da Vinci Code (2006) The Da Vinci Code (2006) ဒီရုပ်ရှင်အကြောင်းပြောဖို့ရာဆိုရင် Dan Brown ကနေစရမှာဘဲ။ သူ့ရဲ့ စာအုပ်တွဲ ကြီးအကြောင်းပေါ့။ အစဉ်လိုက်ပြောရမယ်ဆိုရင် Angels and Demons ကနေစပြီး Deception Point ထိတိုင်း ခြောက်အုပ်တိတိထွက်ရှိခဲ့တယ်။ သူ့ရဲ့ ဒီစိတ်ကူးယဉ်ဝတ္ထုဟာ ကမ္ဘာကိုကိုင်လှုပ်နိုင်ခဲ့တဲ့အထိကို အားပြင်းခဲ့တယ်။ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီးမှ စိတ်ကူးယဉ်ထားလို့ သာမန်လူတွေသာမက သမိုင်းပညာရှင်တွေကိုပါ တွေဝေစေခဲ့တဲ့အထိပါဘဲ။ ဒါပေမယ့် Dan က သူ့ရဲ့ စာအုပ်တွေတိုင်းရဲ့မျက်နှာဖုံးမှာ A Novel ဆိုပြီး စာလုံးကြီးကြီးနဲ့ကြေငြာထားတယ်။ သူ့ရဲ့စိတ်ကူးယဉ် အတွေးစလေးတွေကနေဖြစ်လာတဲ့ အတွေးပေါင်းချုပ်ကြီးသက်သက်မျှသာပေါ့။ ဒီစာအုပ်တွဲကြီးမှာမှ ၂၀၀၃ မှာထွက်ရှိခဲ့တဲ့ ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ The Davinci Code ဟာ စာဖတ်သူတို့သမိုင်းမှာ စံချိန်မျိုးစုံတင်နိုင်ခဲ့တယ်။ စာအုပ်အနေနဲ့သာမက ရုပ်ရှင်အဖြစ်ရိုက်တော့လည်း လူကြိုက်များတယ်။ မြန်မာဘာသာပြန်ကိုတောင် ၂၀၁၇ အစောပိုင်းမှာ ထွက်လာပါသေးတယ်။ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အဓိကပြတိုက်ကြီးဖြစ်တဲ့ လူးဝ်ပြတိုက်မှာ ညကြီးသန်းခေါင် ပြတိုက်မှူးကြီး အသတ်ခံရသတဲ့။ ပြတိုက်မှူးကြီးဟာ သူမသေခင်မှာ ...
movie

The Da Vinci Code (2006)

2006
1080p HEVC
Frontier(s) (2007) 6.3
Frontier(s) (2007)  Ultra-violet လို့တင်စားခံထားရတဲ့ အရမ်းသည်းထိတ်ရင်ဖိုကြည့်ရမည့်Slasher ကားတစ်ကား ကို Saw, Texas Chainsaw, Wrong Turn,The Hill Have Eyes စသည့် စူပါအကြမ်းဇာတ်ကားမှ ကြိုက်ပါတယ်ဆိုတဲ့ပရိတ်သတ်ကြီး အတွက် ရွေးခြယ်ဘာသာပြန်ပေးလိုက်ပါတယ်။ဒီဇာတ်လမ်းက စထွက်ခြင်းမှာပဲ ဝေဖန်အကြံပေးသူတွေရဲ့အားပေးမှု့ကို တစ်ခဲနက် ရရှိထားပါတယ်။ IMDb 6.5 ရရှိထားပါတယ်။International film festival ပွဲတွေမှာလည်း ပွဲထုတ်ပြသခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်ကလည်းသမရိုးကျ လူသတ်ကားတွေနဲ့မတူပဲ ထူးထူးခြားခြားလေး တည်ထားပါတယ်။ပဲရစ်မှာ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲကြီးစတင်ပါပြီ။အဲဒီအချိန်မှာပဲ ပြည်သူတွေမုန်းတီးမလိုလားတဲ့ အမတ်တစ်ယောက်ကစပြီးအာဏာကိုအလွဲသုံးစားလုပ်ကာ မဲတွေကိုကလိန်ကျပါတယ်။ဒါကိုပြည်သူတွေက သိရှိသွားပြီး အပြင်းအထန်ကန့်ကွတ်ဆန္ဒပြလာကြပါတယ်။ပြည်သူတွေ တစ်ခဲနက် အုံကြွမှု့ကြီးဖြစ်ပေါ်လာပြီး ရဲတွေနဲ့ တိုက်ခိုက်မှု့တွေအထိရှိလာပါတယ်။မြို့ကြီးက ပရမ်းပတာအခြေနေကို ရောက်ရှိလာပါတယ်.. ဒါကို အခွင့်ကောင်းယူပြီး ပွဲလန့်တုန်းဖျာခင်းတဲ့သူခိုးတစ်စုကတော့ ခိုးရာပါပစ္စည်းတွေနဲ့ အထိကရုန်းကြားမှာ သက်စွန့်ဆံဖျား ပြေးလွှားနေပါတယ်။တစ်နေရာအရောက်မှာတော့ ထိုသူခိုးထဲမှ တစ်ယောက်ကိုသေနတ်ထိမှန်သွားပြီး လူစုကွဲသွားပါတယ်။ပြန်ဆုံပေမဲ့လည်း သေနတ်ဒဏ်ရာကအခြေနေက ဆိုးနေပြီဖြစ်ဖို့ ဆေးရုံကို လူစုခွဲပြီး ...
movie

Frontier(s) (2007)

2007