Channel Myanmar

David Shih

Saving Face (2004) 7.4
Saving Face (2004) Saving Face (2004) =============== IMDb Rating - 7.4/10အက်ရှင်ခန်းတွေမပါပေမဲ့ အေးအေးလေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားပေးမဲ့ IMDb rating 7.4/10 နဲ့ Rotten Tomatoes 88% ထိရရှိထားတဲ့ တရုတ်ဒရာမာတစ်ကားကို CM ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။ The Last Emperor ထဲက မိဘုရားWan Jung အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Joan Chen လည်းပါဝင်ထားပြီး ဒါရိုက်တာ Alice Wuရဲ့လက်ရာဖြစ်ပါတယ်။အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၊ ဖလက်ရှင်းရပ်ကွက်က တရုတ်- အမေရိကန်လူမှုအသိုင်းအဝိုင်းကို အခြေတည်ပြီး အဲ့မှာနေတဲ့ တရုတ် မိသားစုတစ်စုအကြောင်းကို ရိုက်ပြထားတာပါ။ အဲ့ခေတ်တုန်းက အမေရိကန်မှာနေတဲ့ တရုတ်လူမျိုးတွေဟာ လူဖြူချွေးမ မလိုချင်ကြ သလို၊ တစ်ခုလပ်အမျိုးသမီးတွေကလည်း နောက်အိမ်ထောင်ထပ်မ ပြုကြဘူး။ သေချာပေါက် လိင်တူချစ်တာမျိုးကိုလည်း အားမပေးကြ ဘူးပေါ့။ရှောင်ဝေဟာ အလားအလာကောင်းတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီး သူ့အမေကတော့ ငယ်ငယ်က မိဘပေးစားတဲ့သူနဲ့ပဲ အိမ်ထောက်ကျပြီး တဲ့နောက် ခင်ပွန်းကွယ်လွန်သွားတော့ ၄၈နှစ်အရွယ်ထိ မုဆိုးမဘဝနဲ့ပဲ နေလာခဲ့တဲ့သူပေါ့။ ငယ်ငယ်တုန်းကလည်း မိဘအရိပ်အောက်၊ ယောက်ျား ရတော့လည်း ယောက်ျားအရိပ်အောက်၊ ယောက်ျားသေတော့လည်း မိဘ အရိပ်အောက်မှာပဲ ...
movie

Saving Face (2004)

2004
The Amazing Spider-Man 2 (2014) 6.7
The Amazing Spider-Man 2 (2014) ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie

The Amazing Spider-Man 2 (2014)

2014
4K HEVC