Channel Myanmar

David Simeon

A Fish Called Wanda (1988) 7.5
A Fish Called Wanda (1988) ဒါကတော့ 1988 တုန်းကရိုက်ကူးထားတဲ့အမေရိကန်-ဗြိတိသျှ မှုခင်းဟာသဇာတ်ကားဖြစ်ပြီး IMDB 7.5 ရရှိထားပါတယ်။သမီးရည်းစားနှစ်ယောက်ဖြစ်ကြတဲ့ ဂျော့ဂျ်တွမ်မဆန်နဲ့ဝန်ဒါဂတ်ရှဝတ်ဇ်တို့ဟာ ဝန်ဒါရဲ့အစ်ကိုဖြစ်သူ အော်တိုဝက်စ်နဲ့စကားထစ်တဲ့ သူငယ်ချင်းဖြစ်သူ ခန်ပိုင်းလ်နဲ့အတူရတနာဆိုင်တစ်ဆိုင်ကို ဓားပြတိုက်ကြတယ်။အောင်မြင်သွားပြီး စိန်တွေရသွားခဲ့ပေမဲ့ သူတို့အဖွဲ့က စိန်တွေကိုလေးပုံပုံပြီးခွဲမယူချင်ကြဘဲ အပြန်အလှန်သစ္စာဖောက်ဖို့ ကြိုးစားကြတယ်။အဲဒီအချိန်မှာ ခေါင်းဆောင်ဖြစ်တဲ့ ဂျော့ဂျ်ကအဖမ်းခံလိုက်ရပြီး ပြဿနာကပိုဆိုးသွားတယ်။ဝန်ဒါက သက်သေအဖြစ် တရားရင်ဆိုင်ပေးရမှာဆိုပေမဲ့သူကဉာဏ်နီဉာဏ်နက်များတယ်။တကယ်တော့ အော်တိုကသူ့အစ်ကိုမဟုတ်ဘဲ ရည်းစားဖြစ်နေတယ်။သူတို့နှစ်ယောက်တည်း စိန်တွေကို အပိုင်လိုချင်တော့ဂျော့ဂျ်ကိုသစ္စာဖောက်ဖို့လုပ်တယ်။ဒါပေမဲ့ ဝန်ဒါကလည်း အော်တိုကိုသစ္စာထပ်ဖောက်ဖို့လုပ်နေတာကို ဘယ်သူမှမသိခဲ့ဘူး... သရုပ်ဆောင်တွေလည်း ကောင်းသလို မှုခင်းနဲ့ဟာသကိုအရမ်းမပေါသွားစေသလို အရမ်းလေးမသွားအောင် ပြသသွားတဲ့ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…    2.9 GB /  1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie

A Fish Called Wanda (1988)

1988