Channel Myanmar

David Whalen

Jack Reacher (2012) 7.0
Jack Reacher (2012) Jack Reacher (2012)IMdb Rating (7.0)လူတစ်ယောက် Van ကားတစ်စီးစီးပြီး ကားပါကင်ထဲကိုဝင်လာတယ်. တစ်ဖက်မြစ်ကမ်းကိုမြင်ရတဲ့နေရာနားမှာကားကိုရပ်တယ်.ပြီးတော့ သူ့ရဲ့ Rifle ကို ပြင်ဆင်ပြီး မြစ်တစ်ဖက်ကမ်းကိုချိန်တယ်.စိတ်ကိုတည်ငြိမ်အောင်အသက်ကို၀၀ရှူပြီး သူ့ရဲ့ပစ်မှတ်တွေကို rifle နဲ့သေချာချိန်နေတယ်.သူ့ရဲ့ပစ်မှတ်တွေက အခြားမြစ်တစ်ဖက်ကမ်းပေါ်မှာ ပုံမှန်အတိုင်းလမ်းသွားလမ်းလာလုပ်နေတဲ့လူတွေ.စက္ကန့်ဝက်လောက်ချိန်ပြီးတဲ့အခါမှာ သူစပစ်တယ်.လူပေါင်းငါးယောက်သေတယ်.ပစ်မှတ်တွေကိုပစ်ပြီးတဲ့အခါ ထွက်ပြေးသွားတယ်.မကြာခင်ပဲရဲတွေမှူခင်းဖြစ်တဲ့နေရာကိုရောက်လာတယ်.သဲလွန်စတွေလိုက်ရှာတဲ့အခါ ကားပါကင်ဝင်ကြေးအတွက် လူသတ်သမားရှင်းခဲ့တဲ့အကြွေစေ့ကနေ လူသတ်သမားရဲ့လက်ဗွေရာကိုရရှိခဲ့တယ်.လက်ဗွေရာကိုစစ်ဆေးကြည့်တဲ့အခါ လူသတ်သမားဟာ အမေရိကန်စစ်တပ်မှာ sniper အဖြစ်စစ်မှုထမ်းခဲ့တဲ့ James Barrဖြစ်နေကြောင်းသိရတယ်. ရဲတွေ James Barr ရဲ့အိမ်ကို ဝင်စီးတဲ့အခါ Barr ကိုအိပ်ယာပေါ်မှာအိပ်နေရင်းတွေ့တယ်. Barr ကိုဖမ်းပြီး သီးသန့်ခန်းထဲမှာစစ်ဆေးတဲ့အခါ ဘာတစ်ခွန်းမှပြန်မပြောဘဲ Jack Reacher လို့သာရေးပေးတယ်.အဲ့တော့ ရဲတွေက Jack Reacher အကြောင်းကိုစုံစမ်းရတာပေါ့ .Jack Reacher ဆိုတဲ့လူဟာ credit card မရှိ e-mail မရှိ.အိမ်လိပ်စာအတိအကျမရှိတဲ့လူ သူက သရဲလိုပဲ. နှစ်နှစ်လောက်ပျောက်နေတဲ့လူ. အမေရိကန်စစ်တပ်မှာ ...
movie

Jack Reacher (2012)

2012
4K HEVC
The Fault in Our Stars (2014) 7.6
The Fault in Our Stars (2014) IMDb Rating (7.6) / Rotten Tomatoes (81%)ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။"ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ...
movie

The Fault in Our Stars (2014)

2014
American Pastoral (2016) 6.1
American Pastoral (2016) American Pastoral (2016) ================== IMDb Rating - 6.1/10၁၉၈၀၊ ၁၉၉၀ ဖွား‌တွေ အရမ်းသဘောကျခဲ့ကြရတဲ့ အလှဘုရင်မတစ်ပါး (သို့) ဂျန်နီဖာကော်နယ်လီ။ Star Wars ရုပ်ရှင်ကားတွေနဲ့ရုပ်ရှင်ကားပေါင်းများစွာအပြင် Harley Queen 2020 မှာပါ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောကြီး အီဝမ်မက် ဂရက်ဂေါ။ I am Sam 2001၊ Coraline 2009 ရုပ်ရှင်ကားတွေမှာပါဝင်ခဲ့၊ အသံ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ဒါကိုတာဖန်းနင်း။ ဒီတော့ အခုကားဟာ ဒီနာမည်ကျော်သုံးယောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။အမေရိကန်/ ဗီယက်နမ်စစ်ပွဲခေတ်ကို အခြေတည်ထားပြီး အောက်ခြေအမေရိကန် ပြည်သူတွေကို အထက်ကလူတွေက ပြန်ငုံ့မကြည့်တဲ့အခါ အောက်ခြေက အမေ ရိကန်ပြည်သူတွေ ဘယ်လိုတွန်းကန်တော်လှန်ကြလဲဆိုတဲ့ အငွေ့အသက်တွေပါတဲ့ ရုပ်ရှင်ကားပေါ့။ ချောပေ့၊ ခန့်ပေ့ ပျိုတိုင်းကြိုက်ပါပေ့ဆိုတဲ့ ဆွိဒ်ဆိုတဲ့ကောင်လေးနဲ့ နယူးဂျာစီမယ်ဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ဒေါင်းလိုလှတဲ့ ဒေါင်းဆိုတဲ့အမျိုး သမီးလေး။ ဒီလိုနှစ်ယောက်က မွေးဖွားလာတဲ့ မယ်ရီဆိုတဲ့ကလေးမလေး။ ဒီတော့ ဇာတ်လမ်းဟာ ဘယ်လိုကနေ ဘယ်လို ဘယ်ကိုဇာတ်ကွေ့သွားမယ်၊ ဘာတွေဟာ ဇာတ်ရှိန်တတ်တာတေွ ဖြစ်လာမလဲ၊ ဇာတ်ရှုပ်ဇာတ်ထွေးတွေနဲ့ ကြုံတဲ့အခါ ...
movie

American Pastoral (2016)

2016
The Last Witch Hunter (2015) 7.3
The Last Witch Hunter (2015) The Last Witch Hunter ================== လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀၀ လောက်က လူသား တွေ ကသူတို့ဖာသာ အိုးအိမ်တွေမြို့သစ် တွေတည်ပြီး စည်ပင်ထွန်းကားခဲ့ကြတယ် တန်ခိုးသြဇာ ကြီးမားခဲ့ကြတယ် ဒါပေမယ့် သူတို့ မေ့လျော့နေခဲ့တာက မွေးရာပါပါရမီ ထူးပါလာပြီး ဆရာ မလို လမ်းကြောင်းမယ့် သူမလိုပဲအောက်လမ်းပညာတွေမှော်အတတ် အစီမံတွေ ကျွမ်းကျင်နေတဲ့ လူတစ်စုပဲ တစ်နည်းအားဖြင့် စုန်းတွေပေါ့ စုန်းတွေနဲ့ လူ တွေကြားက ပဋိပက္ခတွေဟာအချိန်နဲ့အမျှ လှိုက်စားကြီးထွားလာတယ် အမုန်းအာဃာ တတွေကလဲ လမ်းဆုံးမရှိတဲ့ခရီးလမ်းလို များပြားထွေလီရှည်လျားခဲ့တယ် ဒီလိုနဲ့ သေမြေကြီးရှင်ရွှေထီးဆိုပြီး ထင်ရာစိုင်း တဲ့ဗိုက်ကင်းတွေ မိမိတိုင်းပြည်လူမျိုးအတွက် အသက်စွန့်တိုက်ခိုက်မယ့်ရဲရဲတောက် သူရဲကောင်းတွေ သူတို့ အသက်ကအရေး မပါဘူူး သူတို့မှာဖက်တွယ်စရာအိုးအိမ် တွေလဲ မရှိရှာတော့ဘူူး ဒီကြမ္မာငင်ဇာတ် လမ်းဆိုးကို ပြန်နားထောင်ပေးမယ့်သားမြေး မြစ်တွေလဲ မရှိတော့တဲ့အချိန် ရော်ရင့်နေတဲ့ သစ်ပင်အိုကြီး မကောင်းမှုတို့ အလုံးစုံအတိ ပြီးတဲ့ စုန်းအသိုက်မြုံထဲ ချဉ်းနင်းဝင်ရောက် ကြတယ် ဗင်ဒီဇယ် တဖြစ်လဲ ကော်ဒါ ဦး ဆောင်တဲ့ တပ်စုလေး အောက်လမ်းစုန်း တွေရဲ့ ခြောက်ခြားမှုတွေအောက်မှာသွေး မပျက်အောင်ကြိုးစားထိန်းနေရတယ် တစ်ယောက်ပြီးတစ်ယောက် တစ်သက်ပြီး တစ်သက်ပေးဆပ်လိုက်ရတဲ့ သွေးသောက် ညီကိုတွေကိုကြည့်ပြီး သံထည်နဲ့မီးတောက် အားကို ပြု ပီး ကော်ဒါတစ်ယောက် မိစ္ဆာမရင်ဝကို ဒီလူမျိုးတုန်းသတ်ဖြတ်တဲ့ ပုလိပ်ရောဂါကပ်ဆိုးကြီးဖန်တီးရှင်ရဲ့ အသဲ အူတည့်တည့်ကို အမုန်းဓားတစ်ဆင်းထိုး စိုက်လိုက်နိုင်ခဲ့တယ် စုန်းဘုရင်မကြီး နိဌိတံပြီး ပုလိပ်ရောဂါဆိုး ကြီးလဲ ချုပ်ငြိမ်းပြီ ဒါပေမယ့် ...
movie

The Last Witch Hunter (2015)