Channel Myanmar

Dawn Bradfield

Irish Wish (2024) 5.5
Irish Wish (2024)  ၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohanဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။Kirsten Hansen ရေးသားပြီး Janeen Damianရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာအိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီးLindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာသူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကိုမြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာအိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကိုလိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါမတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။  File size…1.96GB / 949MB Quality…NF. WEB-DL 1080p 5.1CH /  720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Irish Wish (2024)

King Arthur (2004) 6.3
King Arthur (2004) [Unicode]IMDb Rating - 6.3/10ဗြိတိန်ပြည်ရဲ့နန်းတည်ဘုရင် အာသာ.. စားပွဲဝိုင်းက သူရဲကောင်းများ.. သူတို့အကြောင်းကို ကျွန်တော်တို့ ကလေးဘဝကတည်းက ဇာတ်လမ်းအမျိုးမျိုးမှာ ပုံစံအမျိူးမျိုးနဲ့ မြင်ခဲ့သိခဲ့ ရပြီးပါပြီ။ သမိုင်းသုတေသီတွေက ၁၅ရာစုက ဘုရင်အာသာနဲ့ သူ့ရဲ့ သူရဲကောင်းတွေအကြောင်း ဂန္တဝင်ဇာတ်လမ်းဟာ အမှောင်ခေတ်လို့ခေါ်ကြတဲ့ ၅ရာစုဝန်းကျင်ကာလမှာ တကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကနေ ပေါ်ပေါက်လာတယ်လို့ လက်ခံထားကြပါတယ်။ အထောက်အထားတစ်ချိူ့လည်းတွေ့ထားတယ် ဆိုပါတယ်။ တကယ့်အာသာဟာ ဒဏ္ဍာရီထဲက အာသာထက် ဆယ်ရာစုစောပေါ်ခဲ့တာပါတဲ့။ ဒီတစ်ခါဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနနဲ့ သမိုင်းတွေ့ရှိချက်တွေအရ အာသာရဲ့ ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးလို့ဆိုရပါမယ်။အာသာကို လွတ်လပ်မှုနဲ့ သာတူညီမျှ ဝါဒကိုလက်ကိုင်ထားတဲ့ ရောမသူရဲကောင်းအနေနဲ့ ပုံဖော်ထားပါတယ်။ သူရဲ့သူရဲကောင်းတွေကိုတော့ ရောမကို ကျေးဇူးကြွေးဆပ်နေရတဲ့ ဆာမားတီးယန်း မြင်းသည်တော်တွေအနေနဲ့ပုံဖော်ထားပါတယ်။ သူရဲကောင်းတွေကို တာဝန်မှကင်းလွတ်ခွင့်ပေးရမဲ့ အချိန်မှာ ရောမပြည်က နောက်ဆုံးတာဝန်တစ်ခု ပေးအပ်ခဲ့ပါတယ်....။ လွတ်လပ်မှုကိုရဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ရတဲ့ အာသာနဲ့ သူရဲကောင်းတွေရဲ့ ခရီးနဲ့ တိုက်ပွဲကို ဇာတ်အိမ်တည်ထားပါတယ်။Clive Owen, Keira Knightley Mads Mikkelsen,Ioan Gruffudd လို နာမည်ကျော်သရုပ်ဆောင်တွေပါပါတယ်။ ရိုက်ချက်တွေ Battle Sceneတွေလှပါတယ်။ Rating ...
movie

King Arthur (2004)

2004
HEVC 1080p 5.1