Channel Myanmar

Dawn Butler

Typist Artist Pirate King (2022) 5.8
Typist Artist Pirate King (2022)  ကိုယ့်ကိုကိုယ် လက်နှိပ်စက်စာရေးမ ပန်းချီဆရာမ ပင်လယ်ဓားပြဘုရင်ရယ်ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖွားအိုအော်ဒရီအေမစ်က သံသယလွန်ကဲစိတ်ရောဂါဝေဒနာသည်တစ်ယောက်ဖြစ်တယ်... တစ်နေ့မှာ အော်ဒရီက ဆန်ဒါလန်မှာရှိတဲ့ပန်းချီပြခန်းကို သွားချင်ခဲ့ပြီး သူနာပြုဆန်ဒရာကိုဖိအားပေးပို့ခိုင်းခဲ့တယ်။ လန်ဒန်ကနေ ဆန်ဒါလန်အထိက မိုင်၂၈၀ကွာဝေးတဲ့ခရီးပါ။ ဒီလိုနဲ့ ပန်းချီပြခန်းအထိအတူသွားကြရင်း လမ်းမှာကြုံရတဲ့သူတွေအပြင် တစ်ကားလုံးမှာ အော်ဒရီရဲ့စိတ်ဖောက်ပြန်တဲ့လက္ခဏာတွေကို အဓိကတွေ့ရမှာပါ။စိတ်ရောဂါသည်တွေရဲ့စိတ်က သာမန်လူတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာအဓိကကြည့်ရမှာဖြစ်ပြီး ရောဂါသည်အော်ဒရီက ညီမဖြစ်တဲ့ဒိုရိုသီကို နှစ်ပေါင်းများစွာ အဆက်သွယ်မလုပ်တာက ဘာကြောင့်ဆိုတာနဲ့... အဆုံးမှာသူတို့ညီအစ်မရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မယ်၊ ဆန်ဒါလန်ခရီးစဥ်ကြောင့် အော်ဒရီနဲ့ သူနာပြုဆန်ဒရာကရောပိုပြီးရင်းနှီးလာမလားဆိုတာကိုကြည့်ရမှာပါ။ဇာတ်ကားကပေးချင်တဲ့အဓိကမက်ဆေ့က စိတ်ဝေဒနာသည်တွေကိုပိုပြီးနားလည်လာစေဖို့ပါပဲ။ ထင်ယောင်ထင်မှားဖြစ်တာ သံသယလွန်ကဲတာတွေက ဆက်ဆံရေးကိုပျက်ပြားစေတယ်ဆိုတာအပြင် သံသယလွန်ကဲတတ်တဲ့ဝေဒနာသည်အော်ဒရီအေမစ်ကရော ဒီမကောင်းတဲ့သံသယစိတ်တွေနဲ့ ဘယ်လိုနေနေရတယ်ဆိုတာကို စိတ်ရောဂါသည်တွေရဲ့ပင်ကိုယ်သဘာဝစရိုက်ဗဟုသုတအနေနဲ့ ပိုပြီးသိလာရတဲ့ဇာတ်ကားမျိုးပါ။ File size…(2.3 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra 
movie

Typist Artist Pirate King (2022)

Ripper Untold (2021) 4.4
Ripper Untold (2021) Ripper Untold (2021) ================ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်....သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr ...
movie

Ripper Untold (2021)

2021