Channel Myanmar

Dean Scott Vazquez

Theater Camp (2023) 7.2
Theater Camp (2023)  ဇာတ်လမ်းနာမည်လေးအတိုင်းပဲ ပြဇာတ်လေးတစ်ခုကိုစခန်းသွင်းကြည့်ရှုရသလိုခံစားရမယ့်ကားလေးပါ...။ဇာတ်လမ်းအကြောင်းအရာလေးကတော့ နွေရာသီဆိုရင် ပြဇာတ်ဝါသနာ၊အဆိုအကဝါသနာပါတဲ့ ကလေးငယ်လေးတွေ သင်တန်းလာတက်တဲ့ပြဇာတ်စခန်းလေးရှိတယ်ပေါ့....။ဒီစခန်းရဲ့ တည်ထောင်သူဟာ ကိုမာဖြစ်ပြီး အိပ်ယာထဲလဲသွားတော့...သားဖြစ်သူ ထရွိုင်ဟာ မိခင်ရဲ့အမွေအနှစ်ကို ထိန်းသိမ်းဖို့ တာဝန်ကျလာပါပြီ...။သို့ပေမဲ့ ဒီစခန်းလေးဆက်လက်ရပ်တည်နိုင်ဖို့ကလည်း ရံပုံငွေအသည်းအသန်လိုနေခဲ့တာပါ...။ငွေမှရှာမရရင် ဘဏ်က ချိတ်ပိတ်သိမ်းတာခံရမှာဆိုတော့ ထရွိုင်ဟာ ငွေရှာဖို့ကြံရပြန်ပါပြီ...။ထရွိုင်ဟာ ငွေရှာဖို့ စိတ်ကူးယဥ်ရုံကလွဲပြီး အနုပညာအကြောင်းဘာမှမသိ ဘာမှမတတ်သူပါ...။အခြားတစ်ဖက်မှာတော့ ဒီစခန်းလေးရဲ့ အနုပညာအရည်အသွေးကို ထိန်းပေးနေတဲ့ဆရာအေးမိုစ့်နဲ့ ဆရာမ ရေဗက်ကာဒိုင်းယန်းတို့လည်းရှိပါသေးတယ်...။သူတို့က နှစ်စဥ်နှစ်တိုင်း သင်တန်းလာတက်တဲ့ကလေးတွေနဲ့ ပြဇာတ်တစ်ခု လေ့ကျင့်ကပြနေကျပါ...။ဒီတော့ ကလေးတွေကပြမယ့် ပြဇာတ်ကို အသုံးချပြီး ထရွိုင်တစ်ယောက်ငွေဘယ်လိုရှာမလဲ...၊အနုပညာကြောင်းမသိတဲ့ ထရွိုင်နဲ့ အနုပညာသမားတွေကြားဘယ်လို ဒုက္ခသုခတွေကြုံရမလဲ...ပြဇာတ်တစ်ခုကဖို့ ဘယ်လို ကြိုးစား သင်ယူပြင်ဆင်ရတယ်ဆိုတာကို မြင်တွေ့ရမယ့်Musical Comedy movieလေးဖြစ်ပါတယ်...။ File size…3.18 GB / 1.03GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Theater Camp (2023)

You Are So Not Invited to My Bat Mitzvah (2023) 6
You Are So Not Invited to My Bat Mitzvah (2023) You Are So Not Invited to My Bat Mitzvah (2023)ဒီကားလေးကတော့ လတ်တလော Rotten Tomato မှာ Rating 95% ရနေတဲ့ ဟာသကားလေးပါပဲ။ မင်းသားကြီး Adam Sandler နဲ့ သူ့ရဲ့ မိန်းမ၊ သူ့ရဲ့သမီးတွေ မိသားစုလိုက် ပါဝင်သရုပ်ဆောင်ထားတာပါပဲ။ သူ့ရဲ့မိန်းမနဲ့သမီးတွေဆိုပေမဲ့ အကုန်လုံးက အရင်ကတည်းက အောင်မြင်ပြီးသား သရုပ်ဆောင်၊မော်ဒယ်တွေမို့ အခုရုပ်ရှင်မှာမှ ပွဲထုတ်တာမျိုးတော့မဟုတ်ပါဘူး။ ဒီကားက Are You There God? It's Me, Margaret နဲ့အတော်လေးကို ပုံစံဆင်တူပြီး၊ Anne with an E တို့လို ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရိတ်တင် ကောင်းရတဲ့အချက်ကတော့ အဖေလုပ်တဲ့သူနဲ့ သမီးတွေ အရမ်း သဘာဝကျကျ လိုက်ဖက်ညီနေတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ချစ်ဖို့ကောင်းနေတာပါပဲ။ ဒီတော့ မိန်းကလေး အချစ်ဆုံးသူငယ်ချင်းတွေကြားကအဖြစ်အပျက်တွေ မိသားစုကြားကအဖြစ်အပျက် ဒရမာ ...
movie

You Are So Not Invited to My Bat Mitzvah (2023)

2023
Transformers: Rise of the Beasts (2023) 6.5
Transformers: Rise of the Beasts (2023) Transformers: Rise of the Beasts (2023) ============================= IMDb Rating - 6.5/107 ကားမြောက် ထရန်စဖော်မာရုပ်ရှင်လာပါပြီ။ Creed 3 ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Steven Caple Jr. ရဲ့လက်ရာပါပဲ။ ဒီတစ်ခေါက်မှာတော့ အော်တိုဘော့တွေနဲ့ ဒီဆက်တီကွန်တွေ ချတာမဟုတ်တော့ပါဘူး။ မက်စီမယ်ဆိုတဲ့ သားရဲပုံအများဆုံးပြောင်းတဲ့ ထရန်စဖော်မာ မျိုးနွယ် စုတွေ ပါလာပါပြီ။ အဓိကရန်သူကတော့ ယူနီခရွန်ဆိုတဲ့ ဂြိုလ်တွေကို အလုံးလိုက်စားပစ်တတ်တဲ့ နတ်ဘုရားလယ်ဗယ် အကောင်ကြီးတစ် ကောင်ပါပဲ။အဲဒီအကောင်ကြီးဟာ မက်ဆီမယ်တွေရဲ့ ဂြိုလ်ကို ဖျက်ဆီးပြီး မက်ဆီ မယ်တွေဆီက ထရန်စဝါ့သော့လို့ခေါ်တဲ့ စကြဝဠာတွေထဲကို ခရီးသွားဖို့ ပေါ်တယ်တံခါးဖွင့်ပေးတဲ့သော့ကို လာလုပါတယ်။ အဲဒီသော့နဲ့ ဂြိုလ်ဘူ ဖေးစားဖို့ပါ။ ယူနီခရွန်နဲ့ သူ့တပည့် တယ်ရာကွန်တွေရယ် တယ်ရာကွန် ခေါင်းဆောင် စကာ့ဂျ်ရယ်ကို မနိုင်တော့လို့ မက်စီမယ်တွေ သော့ကိုယူပြီး ကမ္ဘာပေါ်မှာ ပုန်းနေကြရပါတယ်။ ဒါပေမဲ့ စကာ့ဂျ်က ခြေရာခံလိုက်လာပြီး သော့ကိုလုဖို့ကြိုးစားတဲ့အချိန်မှာတော့ ဆိုက်ဘာထရွန်စစ်ပွဲကနေ ရှောင် တိမ်းလာတဲ့ အော့တိမတ်ပရိုင်းရဲ့ အော်တိုဘော့တွေနဲ့ အော့တိမတ်ပရိုင် မယ်ရဲ့ မက်ဆီမယ်တွေပူးပေါင်းပြီး ယူနီခရွန်ရဲ့ တပ်ဖွဲ့တွေကို ...
movie

Transformers: Rise of the Beasts (2023)

2023
4K HEVC
9 Bullets (2022)
9 Bullets (2022) 9 Bullets (2022) ရုပ်ရှင်အညွှန်း ======================= လူရယ်လို ဖြစ်လာရင် မိသားစုကောင်း၊ အိမ်နီးချင်းကောင်းရှိဖို လိုအပ်ပါတယ်။ဒါမှ အန္တရာယ်တစ်ခုခု ကြုံလာရတိုင်းမှာ ကိုယ့်ကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ အဖော်အချွတ် အကမယ်လေးက အိမ်နီးနားချင်းဖြစ်တဲ့၁၁ နှစ် အရွယ်ကောင်လေးကို ကယ်တင်ဖို့ အသက်လုပြေးရင် ကာကွယ်ရတဲ့Thriller ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းရဲ့ အစမှာ ဆမ် ဆိုတဲ့ကောင်လေးရဲ့ မိဘတွေ အသတ်ခံရပြီး လူသတ်သမားတွေက ဆမ်ကိုပါ သတ်ဖို မြေလှန်ရှာတဲ့အခါမှာတော့...- ဘာအတွက်ကြောင့် ဆမ် ကို လိုချင်ကြတာလဲ...?- အိမ်နီးချင်း ဂျစ်ပစီဆိုတဲ့ ကောင်မလေးက ဘယ်လို ကယ်တင်သွားမလဲ...?- လွတ်မြောက်သွားနိုင်ပါ့မလား...?Game of Thrones မင်းသမီး Lena Headey အဓိက ပါဝင်သရုပ်ဆောင်ထားပြီးကလေးသရုပ်ဆောင် Dean Scott ရဲ့ acting တွေကလည်း မခေတာမိုThriller ဆန်ဆန် ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။(ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thura Hein ...
movie

9 Bullets (2022)

2022