Channel Myanmar

Dean Stockwell

Gardens of Stone (1987) 6.4
Gardens of Stone (1987) မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း ...
movie

Gardens of Stone (1987)

The Manchurian Candidate(2004) 7.0
The Manchurian Candidate(2004) The Manchurian Candidate(2004)*******************************နိုင်ငံရေးဆိုင်ရာလှည့်ကွက်တွေနဲ့ စိတ်ပညာလှည့်စားမှုတွေကို တွဲဖက်ဖော်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ မင်းသားကြီး Denzel Washington ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး Liev Schreiber, Meryl Streep, Jon Voight နဲ့ Kimberly Elise တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဗိုလ်မှူးဘန်မာကိုနဲ့ ပထမတန်းဆာဂျင်ရေမွန်ရှောတို့ဟာ ၁၉၉၁ ခုနှစ် ကန္တာရမုန်တိုင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာရဲရဲရင့်ရင့် တိုက်ခိုက်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဆာဂျင်ရေမွန်ရှောဟာ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပြီး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ ဒါပေမယ့်ဘန်အပါအဝင် တိုက်ပွဲအတွင်းရှိနေခဲ့တဲ့တပ်သားတွေဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ထပ်ခါထပ်ခါမက်နေခဲ့ပြီး အိပ်မက်ထဲမှာအမှန်တကယ်ဘန်မာကိုကသာ ဆုတံဆိပ်ရရှိသင့်တဲ့သူဖြစ်ပြီး ရေမွန်ရသင့်တယ်လို့ထင်အောင် နည်းလမ်းတစ်ခုခုနဲ့ စိတ်ထိန်းချုပ်ထားကြောင်းတစ်ပိုင်းတစ်စမြင်နေကြပါတယ်။ ဂုဏ်ထူးဆောင်ဆုတံဆိပ်ရရှိပြီး ဒုတိယသမ္မတအဖြစ်ရွေးကောက်ခံမယ့် ရေမွန်ရှောအနေနဲ့ ဆုတံဆိပ်ရအောင် ဘယ်လိုတွေလုပ်ခဲ့တာလဲ... တကယ့်တိုက်ပွဲထဲမှာရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဘန်မာကိုအနေနဲ့စုံစမ်းကြည့်တဲ့အခါမှာတော့..File Size :(4.8GB) and (1.2GB) Quality : BLU-RAY1080p5.1Ch, 720p Format…mp4 Duration…02:09:00 Genre : Drama, Mystery, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

The Manchurian Candidate(2004)

They Nest (2000) 5.7
They Nest (2000) They Nest (2000)==============ရုပ်ရှင်ပရိသတ်တို့ကို ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Horror သိပ္ပံဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင် ဒေါက်တာဘန်ကေဟေးကခွဲစိတ်ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ အရက်ဖြတ်ထားတဲ့အရှိန်ကြောင့်လူနာကို ခွဲစိတ်မယ်အလုပ်မှာ မခွဲစိတ်နိုင် ဖြစ်သွားရတယ်။ အဲဒီလိုနဲ့ သူကဆေးရုံကနေ ယာယီအနားယူဖို့ ဖိအားပေးခံခဲ့ရပါတယ်။ဆေးရုံကနေ နားတဲ့အချိန်မှာ သူ့ဇနီးနဲ့ ဝယ်ခဲ့တဲ့ အိမ်ရှိရာ ကျွန်းကိုထွက်လာခဲ့တယ်။ ကျွန်းကိုလာတဲ့လမ်းမှာ အိမ်ပိုင်ရှင်မိသားစုဝင်တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်သွားတယ်။ အဲဒီလူကသူ့အိမ်ကို ဝယ်လို့ ကေဟေးကို မကျေနပ်ခဲ့ဘူး။ ကေဟေးကျွန်းပေါ်ရောက်လာချိန်မှာလည်း ကန့်လန့်တွေတိုက်တော့တာပါပဲ။တကယ်တော့ အဲဒီကျွန်းပေါ်မှာ မကြာခဏ ထူးဆန်းတဲ့သေဆုံးမှုတွေဖြစ်နေခဲ့ပေမဲ့ အကြောင်းအရင်းကို မသိရဘူး။ မြို့နဲ့ဝေးတဲ့ နေရာမလို့အလောင်းခွဲစိတ်ပြီး စစ်ဆေးတာမျိုးလည်း မတတ်နိုင်ကြဘူး။တစ်နေ့မှာ ကေဟေးနဲ့ မတည့်တဲ့ အဲဒီအိမ်ပိုင်ရှင်ဟောင်းကသေသွားခဲ့ပါတယ်။ တစ်ကျွန်းလုံးက ကေဟေးသတ်တာလို့ပဲထင်ကြတော့တာပေါ့။ ဒါပေမဲ့ အဲဒီလူကို တကယ်သေစေခဲ့တဲ့အကြောင်းအရင်းက ဘာများဖြစ်နိုင်မလဲ။ အရှေ့က သေဆုံးမှုတွေနဲ့ဆက်စပ်နေမလား။ ကေဟေးကရော သူစွပ်စွဲခံရတာတွေကိုချေပဖို့ ဘယ်လိုဖော်ထုတ်မလဲဆိုတာကို They Nest ဆိုတဲ့ဇာတ်ကားထဲမှာ ...
movie

They Nest (2000)

Paris, Texas (1984) 8.1
Paris, Texas (1984) Paris, Texas (1984)~ IMDb - 8.1/10, Rotten Tomatoes - 94% ~ပဲရစ်လို့ကြားလိုက်ရင် ဥရောပတိုက်က အီဖယ်တာဝါကြီးနဲ့ တခမ်းတနားရှိလှတဲ့ ပဲရစ်မြို့ကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ လူမသိသူမသိ မြို့သေးသေးလေးရဲ့ နာမည်ဟာလည်း ပဲရစ်ပါပဲ...သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်းမသိ၊ ကန္တာရထဲမှာ ဦးတည်ရာမဲ့လျှောက်သွားနေတဲ့ လူတစ်ယောက်ကို တစ်ရက်မှာ သူစိမ်းတစ်ယောက်က တွေ့လို့ ကယ်တင်ခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူနဲ့ ပြန်လည် ဆုံစည်းစေခဲ့ပါတယ်။ ၄နှစ်တာလုံးလုံး သတင်းမကြားဘာမကြားနဲ့ လုံးလုံးပျောက်သွားခဲ့ပြီး လတ်တလောဘဝနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေလည်း ပျောက်သွားတဲ့ ထရာ့ဗစ်ကို သူ့ညီဖြစ်သူက လူ့အသိုက်အဝန်းထဲကို ပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ ပြန်ရောက်လာမှုက သူ့ညီရဲ့ မိသားစုဘဝကို မငြိမ်မသက်ဖြစ်လာစေပါတယ်။ သူ့ညီရဲ့ မိသားစုလို့ ဆိုရာမှာ သူတစ်ချိန်က ထားခဲ့တဲ့ သူ့ရဲ့သားငယ်လေးလည်းပါတယ်။ သူထွက်သွားတဲ့ ၄နှစ်ဆိုတဲ့အချိန်ဟာ သူ့သားငယ်အတွက်တော့ ...
movie

Paris, Texas (1984)

1984
Blue Velvet (1986) 7.7
Blue Velvet (1986) Blue Velvet (1986)==================‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါကအရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိကနေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေးဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင်အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင်“Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာကသိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေအတွက်လည်း အံကိုက်ပါပဲ။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက်လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေးတစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်းလိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူမမြင်ယောင်ကြည့်ဖူးတဲ့ ...
movie

Blue Velvet (1986)

The Rainmaker(1997) 7.2
The Rainmaker(1997) The Rainmaker(1997) အညွှန်း**************************IMDb...7.2Rating တွေကောင်းသလို ဆုကြီး ၂ ဆုနဲ့အခြားဆု (၁၀) ဆုလည်းဆန်ကာတင်စာရင်း ဝင်ခဲ့လို့ ဒီကားက ကောင်းမှာတော့မပူနဲ့ဗျို့...ခြူးတပြားမရှိလို့ နာမည်ရ ဥပဒေအကျိုးဆောင်ရုံးတစ်ခုမှာ ရရာအလုပ်ဝင်လုပ်ခဲ့ရတဲ့ကျောင်းပြီးခါစ လိုင်စင်တောင်မရှိသေးတဲ့ရှေ့နေပေါက်စလေး ရူဒီဘေလာနဲ့ရှေ့နေစာမေးပွဲကို ခြောက်ကြိမ်တိတိ ကျရှုံးထားတဲ့ ဒက်ရှစ်ဖလက်တို့ တွဲဖက်ပြီးအကျင့်ပုတ်ပြီး ရိုက်စားလုပ်သွားတဲ့ အာမခံကုမ္ပဏီကြီးတစ်ခုကို အပီဗျင်းဖို့ အကြောင်းဖန်လာပေမယ့်ဟိုဘက်မှာက နာမည်ကျော် အတွေ့အကြုံရှိရှေ့နေကြီးလီယိုတို့အဖွဲ့က အမှုလိုက်ပေးကြတဲ့အခါ သူတို့နှစ်ယောက်အဲဒီအဖွဲ့ကို ဘယ်လိုရင်ဆိုင်ကြမလဲ အမှုက နိုင်ရောနိုင်ပါ့မလားဆိုတာ….  File Size : (2.05GB) (726MB) and (200MB) Quality : Blu-Ray 720p Format…mp4 Duration…02:15:00 Genre : Crime ,Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

The Rainmaker(1997)

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)

Air Force One (1997) 6.5
Air Force One (1997) Air Force One (1997) IMDb - 6.5/10_____Rotten - 76%    1997ခုနှစ်မှာထွက်ရှိခဲ့တဲ့Air Force One ဇာတ်ကားကတော့ မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ရယ်လို့ လူသိများလာခဲ့တဲ့ ကားတွေထဲမှာ တစ်ကားအပါအဝင်ပါပဲ။ ဟယ်ရီဆင်ဖို့ဒ် fan တွေအဖို့တော့ အကြိုက်တွေ့မှာသေချာပါပဲ။ ဇာတ်လမ်း အကျဉ်းလေးကတော့ သမ္မတကြီးဂျိန်းမာရှယ်လ် နဲ့မိသားစု ဟာ မော်စကိုကနေ USကို air force one လေယာဉ်နဲ့ ပြန်လာခဲ့တာပါ။ ပျံသန်းနေစဉ်အတွင်းမှာပဲ အကြမ်းဖက်သမားတစ်စုက လေယာဉ်ကိုပြန်ပေးဆွဲလိုက်ပါတော့တယ်။သမ္မတဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရမှာပါ Imdb 6.5 ရထားတာမို့ အထွေအထူးမညွှန်းတော့ပါဘူး။ငယ်ဘဝတုန်းကအကြိုက်တွေ့ခဲ့ရတဲ့ အက်ရှင်ကားတွေကို တစ်ခေါက်လောက်ပြန်လည်မြည်းစမ်းကြည့်ချင်သူတွေအတွက်တော့ လက်လွတ်မခံသင့် တဲ့ ကားလေးပါပဲ     File Size - 892 MB File Type - Mp4 Qty - 720p Bluray Duration - 2hr 4min Gern - Action/Drama/Thrill Subtitle - Myanmar Hardsub Translator - ...
movie

Air Force One (1997)

1997