Channel Myanmar

Debbon Ayer

Eternal Sunshine of the Spotless Mind (2004) 8.3
Eternal Sunshine of the Spotless Mind (2004) Eternal Sunshine of The Spotless Mind (2004)IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့....မင်းသားကြီး ဂျင်မီကာရေး  မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal ...
movie

Eternal Sunshine of the Spotless Mind (2004)

2004
4K HEVC
Addicted to Love (1997) 6.1
Addicted to Love (1997)  Addicted to Love ဇာတ်ကားလေးဟာဆိုရင် ၁၉၉၇ ခုနှစ်မှာထွက်ရှိခဲ့ပြီး ဒါရိုက်တာ Griffin Dunne က ရိုက်ကူးထားတဲ့ရိုမန်းတစ်ဟာသ အချစ်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဒီကားထဲမှာနာမည်ကျော်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Matthew Broderick၊Kelly Preston၊ Linda တို့က အဓိကပါဝင်ထားပြီး လူသားတယောက်ရဲ့အချစ်ပုံသဏ္ဍန်ကို အဓိပ္ပာယ်များစွာနဲ့ ဖော်ကျူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း***************Sam က နက္ခတ္တ‌ဗေဒပညာရှင်တယောက်ဖြစ်ပြီးတော့ သူ့ရဲ့စေ့စပ်ထားတဲ့ချစ်သူ Linda ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပါတယ်။Linda ကတော့ ကျောင်းဆရာမအလုပ်ကို ပျော်မွေ့တဲ့သူဖြစ်ပါတယ်။နယူးယောက်မြို့မှာ ကျောင်းဆရာမအလုပ်ကို သွားလုပ်တဲ့ Linda ရဲ့လမ်းခွဲနှုတ်ဆက်စာကို ဖတ်ပြီးချိန်မှာ Sam တယောက် ရတက်ပွေပြီးသူ့ချစ်သူနောက်ကို ခြေရာခံလိုက်ပါတော့တယ်။Linda က နယူးယောက် စားသောက်ဆိုင်ပိုင်ရှင်သူဌေး Anton နဲ့အချစ်သစ်ရှာတွေ့သွားခဲ့တာဖြစ်ပြီး Sam က သူတို့နှစ်ယောက်ကိုလျှို့ဝှက်စောင့်ကြည့်ဖို့ စက်ကိရိယာအသစ်တခုတီထွင်လိုက်ပါတော့တယ်။ဒီအခါမှာ Anton ရဲ့ရည်းစားဟောင်း Maggie ကလည်း သူ့ဘဝကိုအသုံးချပြီးသစ္စာဖောက်သွားတဲ့ Anton ကို လက်စားချေဖို့ ကြံစည်နေတာပါ။အဲဒီမှာပဲ Sam ...
movie

Addicted to Love (1997)

Accepted (2006) 6.4
Accepted (2006) 2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့​ကျောင်းသားကား​လေးကိုခံစားကြည့်ကြရ​အောင်ပါ။​ကောလိပ်​ကျောင်းတွေဟာ အထက်တန်း​ကျောင်းသားဘဝ က​နေအမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ​တွေဆီ​ရောက်​အောင်သွားကြရာမှာမဖြစ်မ​နေဖြတ်​ကျော်ကြရတဲ့အရာပါ။ ဒါ​​တွေကြောင့်ပဲ ​ကောလိပ်ဝင်ခွင့်​တွေဟာ နိုင်ငံ​တော်​တော်များများမှာ​တော့လူငယ်​တွေအတွက်အိပ်မက်ဆိုးလိုဖြစ်​​နေတာပါပဲ။society က သတ်မှတ်ထားတဲ့စံညွှန်း​တွေ​ကလည်း​ကောလိပ်​​ကျောင်း​ကောင်း​ကောင်းတက်​ရောက်​ရေးဖိအား​တွေ​ပေးကြပါတယ်။ဒီဇာတ်ကားထဲမှာလည်း ​ကျောင်းဝင်ခွင့်​တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့လူငယ်​လေး​တွေ ဟာ ကြံမိကြံရာကြံကြရင်းသတ်မှတ်ချက်​ဘောင်​တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။လူငယ်​တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်​ပေးလိုက်ရင်အံ့အားသင့်စရာ​တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ​ပညာ​ရေးစနစ်ကြီးရဲ့အလွဲ​တွေကို​ထောက်ပြထားပြီးမူဝါဒ​တွေကိုလည်းသ​ရော်ထားပါ​သေးတယ်။ဒါ့အပြင် ​နောက်ခံသီချင်း​လေး​တွေကလည်း အမိုက်စား​လေး​တွေဖြစ်တဲ့အတွက်အဲ့ဒီခုနှစ်ဝန်းကျင်က ​ကျောင်းတက်ကြသူ​တွေဆို အတိတ်ကိုပြန်လွမ်းမိသွားနိုင်သလို Gossip girls တို့ Age of Adaline တို့ထဲကမင်းသမီး​ချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့အလှ​ကိုလည်းခံစားနိုင်ပါတယ်။ဒါ​​ကြောင့် ကြည့်သင့်တဲ့ကား​လေးဖြစ်လို့ ခံစားကြည့်ကြပါဦး။ File size…  2.1 GB /  840 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre .....  Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Accepted (2006)

2006
Garden State(2004) 7.4
Garden State(2004) Garden State(2004)================ ဒီဇာတ်ကားလေးကတော့ 2004 ခုနှစ်မှာထွက်ရှိထားပြီးActor ကတော့ Director Zach Braff ကိုယ်တိုင်ပဲဖြစ်ပါတယ်ဒီဇာတ်ကားလေးနဲ့ပက်သက်ပြီး Director Zach Braff ကIndependent spirit award for best features ဆုရရှိခဲ့ပါတယ်Braff က ဒီဇာတ်ကားလေးက သူ့ရဲ့ တကယ့်ဘဝအတွေ့အကြုံကိုအခြေခံပြီးတော့ ရိုက်ကူးထားတယ်လို့သိရပါတယ်ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင် 26 နှစ်အရွယ်မင်းသားရော waiter ရောလုပ်ပြီး ဘဝကိုရုန်းကန်နေရတဲ့Andrew Largeman ဆိုတဲ့ကောင်လေးက သူ့အမေသေသွားလို့သူ့ရဲ့ ဇာတိမြို့ New Jersey ကိုပြန်လာခဲ့တယ် ဇာတိမြို့ကိုပြန်လာအပြီးမှာ Andrew ရဲ့ဘဝထဲကို Samantha ဆိုတဲ့ကောင်မလေးရောက်လာပြီးတော့ Andrew ရဲ့ အဓိပ္ပာယ်မရှိတဲ့ဘဝအတွက် ဘယ်လိုအပြောင်းအလဲလေးတွေ ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားလေးကိုဆက်ပြီး ကြည့်ရှူပေးပါဦးနော်..(အညွှန်းနဲ့ ဘာသာပြန်ဆိုထားတာကတော့ Duckkie ဖြစ်ပါတယ်) File size…988MB / 375MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ...
movie

Garden State(2004)

The Devil’s Own (1997) 6.2
The Devil’s Own (1997) အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie

The Devil’s Own (1997)