Channel Myanmar

Deborah Van Valkenburgh

The Devil’s Rejects (2005) 6.7
The Devil’s Rejects (2005)  Horror ဇာတ်ကားအဟောင်းလေးတွေထဲက ကောင်းတာလေးတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် The Devils Rejects လို့ခေါ်တဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့နာမည်အတိုင်းပဲ နတ်ဆိုးကတောင်ငြင်းပယ်ရတဲ့အပယ်ခံတွေလို့တင်စားခံထားရလောက်တဲ့အထိ ဆိုးသွမ်းတဲ့ရာဇဝတ်သားတွေအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ရဲမှူးဝိုင်ဒဲလ်က အိမ်တစ်အိမ်ကရာဇဝတ်သားတွေကို လာရောက်ဖမ်းဆီးတဲ့မြင်ကွင်းကိုတွေ့ရမှာပါ။ဒါပေမယ့်အဲ့ဒီရာဇဝတ်သားတွေက ရိုးရိုးတန်းတန်းရာဇဝတ်သားတွေမဟုတ်ဘဲ အရမ်းကိုရက်စက်ယုတ်မာရိုင်းစိုင်းပြီး လူမဆန်တဲ့ရာဇဝတ်သားတွေဖြစ်ပါတယ်။ဒီလိုနဲ့ရဲတွေနဲ့လူဆိုးတွေကြား အပြန်အလှန်ပစ်ခတ်ကြရင်းနဲ့ တော်တော်များများကိုဖမ်းမိပြီး နှစ်ယောက်တော့ လွတ်သွားပါတော့တယ်။ရဲမှူးဝိုင်ဒဲလ်လဲ သူတို့နောက်ကိုလိုက်ဖမ်းရင်းနဲ့ သူ့အစ်ကိုသေရတာ သူတို့ကြောင့်ဆိုတာကိုသိလာခဲ့ပြီးအလုပ်ကိစ္စဆိုတာထက် ကိုယ်ရေးကိုယ်တာတွေပါပါလာတဲ့အခါ ရဲတစ်ယောက်လည်းနတ်ဆိုးထက်ပိုကြမ်းလာနိုင်တယ်ဆိုတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.42GB / 1.24GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Devil’s Rejects (2005)

The Trials of Cate McCall(2013) 6.2
The Trials of Cate McCall(2013)  Genre – Crime, Drama IMDB – 6.2/10ဇာတ်ကားအကြောင်းမပြောခင် မမ ကိတ်ဘက်ကင်ဆေးရဲ့အလှတော်လေး ချီးမွမ်းခန်းဖွင့်ချင်လို့ပါ။ သူဟာ အင်္ဂလိပ်မဆိုပေမဲ့အဖေရဲ့အဖွားက မြန်မာမစစ်စစ် မနှင်းဖြစ်လို့ မြန်မာသွေးကို ၈ ပုံ၁ ပုံလောက် ပါလာလို့လားမသိ အတော်ချောမောလှပတဲ့မင်းသမီးဖြစ်ပါတယ် ဒီကားထဲမှာဆို ဖွာလန်ကျဲနေရာတွေပါတာတောင်သူ့အလှကို ခံစားကြရဦးမှာပါ အသက်ငယ်လို့ ငယ်ဂုဏ်မောက်တာမျိုးလည်းမဟုတ်ပါဘူး ကြီးတဲ့ထိ ကျက်သရေရှိရှိ လှနေတာမျိုးပါ။သူ့ရဲ့နာမည်ကြီးကားတွေဆို Underworld ကားတွေတို့ Van Helsing တို့ရှိကြပါတယ် ကြည့်ဖူးကြမှာပါ အားလုံးလည်း။ ကဲ ဒီတော့ ဇာတ်လမ်းအကြောင်း ဆက်လိုက်ရအောင် “အသက်တစ်ရာမနေရ အမှုတစ်ရာပွေရ” ဆိုသလို ဇာတ်ကားနာမည်က ကိတ်မက်ကောရဲ့တရားခွင်များတဲ့ ပြောရမယ်ဆို မမရဲ့ ရှုပ်ထွေးပွေလီ ပြဿနာများပေါ့။ရှေ့နေဖြစ်တဲ့မမဟာ အရက်စွဲနေတဲ့ပြဿနာရှိပြီး ရှေ့နေရုံးကနေလည်းဆိုင်းငံ့ခံထားရတယ် နောက်ပြီး ခံဝန်နဲ့ နေနေရတယ်။ မိသားစုရေးမှာလည်းသမီးဖြစ်သူကို ဂရုစိုက်မပေးနိုင်လို့ ဖခင်ဖြစ်သူက အုပ်ထိန်းခွင့်ရဖို့အမှုစွဲထားတာမျိုး ကြုံနေရပါတယ် ဒါက သူ့ ကိုယ်ရေးကိုယ်တာအမှုတစ်ခုပေါ့လေ။ အဲဒီမှာ ...
movie

The Trials of Cate McCall(2013)