Channel Myanmar

Debra Stephenson

Give Them Wings (2021) 6.2
Give Them Wings (2021)      Give them wings မွေးကတည်းက ဦးနှောက်အမြှေးပါးရောင်ကြောင့် မသန်မစွမ်းဖြစ်နေခဲ့ရတဲ့ Paul Hodgson ကိုယ်တိုင်ရေးသားခဲ့တဲ့ သူ့ဘ၀အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Paul ဟာမွေးကတည်းက မသန်မစွမ်းဖြစ်နေရပြီး လမ်း‌မလျှောက်နိုင်သလို စကားကိုလည်းပီသအောင်မပြောနိုင်ပါဘူး။ဒါပေမယ့် ဘ၀ကိုအရှုံးမပေးဘဲ အလုပ်ရအောင်ရှာနိုင်ခဲ့သလို ‌ရူးသွပ်တဲ့ဘောလုံးပရိသတ်တစ်‌ယောက်လည်းဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူက အားပေးသလောက် အဖေကသူ့အပေါ်ယုံကြည်ချက်မရှိပါဘူး။ဒါပေမယ့် သူ့အမေနဲ့သူငယ်ချင်းတို့ရဲ့ အားပေးမှုနဲ့ဘ၀မှာကြုံလာတဲ့အခက်အခဲမျိုးစုံကို လက်မလျှော့ဘဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ Darlington FC ရဲ့အမာခံပရိသတ်ဖြစ်သူ Paul Hodgson ရဲ့ဖြစ်ရပ်မှန်ဘ၀အကြောင်းကို ရိုက်ကူးထားတာပါ။နာမည်ကြီး သရုပ်ဆောင်တွေမပါပေမယ့် ကောင်းမွန်စွာစွမ်းဆောင်ထားနိုင်တဲ့ British ကားလေးပါ။ File size…(1.33GB)/(714MB)/(462MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Give Them Wings (2021)

The Queen’s Corgi (2019) 4.7
The Queen’s Corgi (2019) ဘုရင်မကြီးအဲလိဇဘက်မှာ အချစ်တော်ကော်ဂီခွေးလေးတွေအမြောက်အမြားရှိကြတာ သိကြမှာပါနော်တော်ဝင်ကော်ဂီတွေလို့တောင်ခေါ်ရတဲ့အထိ ဘုရင်မကြီးကသိပ်ချစ်ပြီးတော့အခမ်းအနားတွေမှာတောင် နန်းခမ်းနန်းနားနဲ့ တက်ခွင့်ရတဲ့ ကလေးလေးတွေပါပဲခုကားမှာတော့အဲဒီအကြောင်းလေးကို ကာတွန်းကားအဖြစ်ပုံဖော်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဘုရင်မကြီးဟာ ကော်ဂီလေးတွေအများကြီးရှိတဲ့ထဲကမှ ရက်ဇ်ဆိုတဲ့ ကော်ဂီလေးကို အချစ်ဆုံးပါခေါင်းဆောင်ခွေးလေးအနေနဲ့တောင်သတ်မှတ်ထားပေးတဲ့အထိ ချစ်မြတ်နိုးရတာပါဒါပေမယ့်တစ်နေ့မှာတော့ အမေရိကန်သမ္မတ လာလည်တုန်းရက်ဇ်လေးဟာ မတော်တဆ ပြဿနာရှာလိုက်မိပါတယ်ဘုရင်မကြီးလည်း စိတ်မဆိုးစဖူးဆိုးသွားပါတော့တယ်အဲဒါကိုအခွင့်ကောင်းယူပြီး ရက်ဇ်လေးကို မနာလိုသူချာလီဟာ ရက်ဇ်ကို လက်စဖျောက်ဖို့ ကြံပါတော့တယ်ရုန်းကန်ရင်း လွတ်မြောက်ဖို့ကြိုးစားရင်းနဲ့ သူ့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့သွားချိန်မှာတော့..ချစ်သူကိုကာကွယ်ပေးဖို့ဆိုတဲ့ တာဝန်ကိုပါ ထမ်းဆောင်ရပါတော့တယ်ရက်ဇ်လေး အနေနဲ့ ချာလီ့လက်ထဲက လွတ်မြောက်နိုင်ပါ့မလားသူ့ချစ်သူကိုကာကွယ်နိုင်မှာလား တချိန်မှာရော ပြန်ကလဲ့စားချေနိုင်မှာလားသူချစ်တဲ့ဘုရင်မကြီးရင်ခွင်ထဲပြန်ရောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်ကာတွန်းကားဆိုပေမယ့် အချိတ်အဆက်မိမိသပ်သပ်ရပ်ရပ်နဲ့မို့ စိတ်ကျေနပ်မှုရစေမှာအမှန်ပါပဲ... File Size : (860 ...
movie

The Queen’s Corgi (2019)

2019