Channel Myanmar

Dee Snider

Ronal the Barbarian (2011) 6.6
Ronal the Barbarian (2011) Ronal the Barbarian (2011) Original title: Ronal Barbaren Genre – Animation, Action, Adventure, Comedy IMDB – 6.6/10 ၂၀၁၁ ခုနှစ်တုန်းက ထွက်ခဲ့ပြီး တော်တော်ရယ်ရတဲ့ဒိန်းမတ် Animation ကားလေးပါ။ Conan the Barbarian ကို မျက်နှာပြောင်ထားတဲ့ Ronal ပေါ့။ တည်ထားတဲ့ကမ္ဘာကိုက Metal ဂီတကို ပြောင်ပြီး ပေးထားတဲ့ မက်တယ်လိုနီးယားတဲ့။ ဒီကမ္ဘာမှာ နတ်ဆိုးကြီး ဇာလ်ကို အနိုင်ယူပြီး ကျဆုံးသွားတဲ့ ခရိန်းဆိုတဲ့ သူရဲကောင်းကြီးရဲ့ သွေးတွေကို သောက်သုံးပြီး ခွန်အားကြီးတဲ့ ဘာဘေးရီးယန်းတွေအဖြစ်နဲ့ မျိုးရိုးအဆက်ဆက် နေထိုင်ခဲ့ကြတာပေါ့။ တစ်မျိုးလုံးက အကိတ်ဖြစ်နေတဲ့အချိန် ကျွန်တော်တို့ ဇာတ်လိုက်ကျော် ရော်နယ်က ဂျပိန်လူဖလံလေး အ ားလည်းမရှိ ပရမ်းပတာလေးပေါ့ဗျာ။ သူတို့ လူမျိုးစုကြား အနှိမ်ခံလေးပေါ့။ တစ်ရက်ကျ အင်အားကြီးတဲ့ မင်းသားမော်ကယ်ဇာဆိုတဲ့ စစ်သည်တော်တစ်ယောက်က အောက်လမ်းဆိုင်ရာ အစီအရင်တွေလုပ်ဖို့ ဒီ ခရိန်းသားတော်တွေဖြစ်တဲ့ ဘာဘေးရီးယန်းတွေရဲ့သွေးကို လိုအပ်တာကြောင့် ညကြီးမှာ ရှောင်တခင် ဝင်တိုက်ပါတယ်။ အကုန်လုံး အဖမ်းခံလိုက်ရပြီး ဆရာကြီး ရော်နယ်တစ်ယောက်ပဲ ...
movie

Ronal the Barbarian (2011)

Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)