Channel Myanmar

Deepika Amin

Ishq-e-Nadaan (2023) 7.4
Ishq-e-Nadaan (2023) Ishq-e-Nadaan 2023ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့ အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။ - ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး - သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်‌တွေပြန်ပေါက်ဖွားလာသူ - မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်...ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကို သူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်း ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲ သူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။ File size…1.75 GB / 643.3 MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder…YK Translated by Moon~BpL~V~Zwe~Cherry~YH
movie

Ishq-e-Nadaan (2023)

2023
Tara vs Bilal (2022) 6.3
Tara vs Bilal (2022) Tara vs Bilal (2022) Romance IMDb 5.1/10အခုတစ်ခါမှာတော့ Sanam Teri Kasam (ထာဝရထက်နှစ်ဆ) ကားထဲက မင်းသားလေး ဟရှ်ဗရ်ဒန်းရာနေးရဲ့ အချစ်ဟာသကားလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။တာရားနဲ့ ဗီလားတို့ရဲ့ဇာတ်လမ်းလေးပေါ့နော်။ယောက်ျားက လက်ထပ်ပြီး နိုင်ငံခြားမှာအခြေချမယ်ဆိုလို့ ရှိတာလေးတွေ အကုန်ရောင်း အိမ်ကိုပါရောင်းပြီး ယောက်ျားဖြစ်သူကို ပိုက်ဆံအားလုံး ပေးလိုက်တဲ့ တာရား...။ယောက်ျားက နိုင်ငံခြားရောက်တာနဲ့ ရှိသမျှပစ္စည်းအကုန်ဖြုတ်ယူပြီး ထွက်ပြေးသွားပါလေရော...။အမေ အဖွား အဒေါ်တွေနဲ့နိုင်ငံခြားမှာ အခြေချနေပြီး အိမ်ထောင်ပြုတာကို စိတ်ကုန်နေတဲ့ ဗီလား...။သူတို့နှစ်ယောက် တွေ့ဆုံခြင်းဟာလည်း စိုပြေမနေခဲ့ပါဘူး။နောက်တော့ သူတို့နှစ်ယောက်ဟာ မိဘတွေကို နှစ်ကျပ်ကွက်နင်းဖို့ ကြိုးစားလာပါတော့တယ်။အဲ့ဒါက ဘာတွေများ ဖြစ်လာမလဲဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ရှုစားလိုက်ပါနော်...။ File size…2.16GB / 984MB Quality…1080p HD AVC  /720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Cherry
movie

Tara vs Bilal (2022)

2022
Fan (2016) 7.0
Fan (2016) မင်းသားကြီး ရှရွတ်ခန်း နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ Action, Drama, Thriller ဇာတ်ကားလေးပါ။နာမည်ကျော်မင်းသားကြီးတစ်ယောက် နဲ့ အဲဒီမင်းသားကို အသည်းအသန်ကြိုက်တဲ့ Hardcore Fan လူငယ်လေးနေရာ နှစ်နေရာကနေ သရုပ်ဆောင်ထားတာပါ။မင်းသားကို ကြိုက်လွန်းလို့ လုံးဝကို ပုံတူကူးပြီး တစ်ထပ်တည်း သရုပ်ဆောင်ပြနိုင်တဲ့အထိကို ရူးသွပ်တာပါ။သရုပ်ဆောင်ပြိုင်ပွဲတစ်ခုမှာ ပထမဆုရခဲ့ပြီး အဲဒီဆုကို သူ့ရဲ့ မင်းသားမွေးနေ့အမီ ပြနိုင်ဖို့ ကြိုးစားပြီး တွေ့ဖြစ်သွားတဲ့အချိန်မှာတော့Idol တွေနဲ့ Fan တွေနဲ့ တွေ့တဲ့ထုံးစံအတိုင်း သူ့ရဲ့စိတ်ကူးထဲက အတိုင်း ဖြစ်မလာဘူးပေါ့။နောက်ထပ် Action တွေ Thriller တွေဆက်ဖြစ်လာတာကို ဇာတ်ကားထဲမှာ ကြည့်ပါတော့။တစ်ယောက်တည်းက လုံးဝ မတူညီတဲ့ ဇာတ်ရုပ်နှစ်ခုကို လုံးဝ သရုပ်ဆောင်နှစ်ယောက် သရုပ်ဆောင်ထားသလို ပီပြင်အောင် သရုပ်ဆောင်ထားတာပါ။အသက်ချင်းထက်ဝက်လောက်ကွာတဲ့ နေရာနှစ်ခုကနေ ပီပြင်အောင် သရုပ်ဆောင်ထားနိုင်တယ်ဆိုတဲ့ ရှရွတ်ခန်းရဲ့ အရည်အချင်းကတော့ထူးချွန်တယ်ဆိုတာထက် ပိုတော်တယ်လို့ ပြောနိုင်ကောင်းပါရဲ့ဒီဇာတ်ကားရဲ့ IMDb Rating ကတော့ 7/10 ...
movie

Fan (2016)

2016
Ramprasad Ki Tehrvi (2021) 7.5
Ramprasad Ki Tehrvi (2021) IMDb Rating (7.5)Rotten Tomatoes (86%)ဒီဇာတ်ကားက ၂၀၁၉ မွမ်ဘိုင်းဖလင်ပွဲတော်မှာ ပြသခဲ့ပေမယ့်တကယ်ရုံတင်တာကတော့ ၂၀၂၁ ဇန်နဝါရီကမှ ရုံတင်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။Family Drama အမျိုးအစားဖြစ်ပြီး မင်းသား၊မင်းသမီးတွေရော ဇာတ်လမ်းနဲ့တင်ပြမှုပုံစံရောအဖက်ဖက်က ပြည့်စုံတာကြောင့် ဝေဖန်ရေးဆရာတွေရဲ့ချီးကျူးမှုရရှိခဲ့သလို နိုင်ငံတကာ Rating တွေလဲ ကောင်းပါတယ်။ဇာတ်လမ်းကတော့...ဖခင်ကြီး Ramprasad သေဆုံးသွားတဲ့အချိန်မှာ ဟိန္ဒူရိုးရာအခမ်းအနားနဲ့ ကောင်းမွန်စွာဆောင်ရွက်ကြဖို့မိသားစုတွေ ပြန်လည်တွေ့ဆုံကြပါတယ်...မိသားစုညီကိုမောင်နှမဆိုတာမျိုးက တစ်ခါတစ်လေ အဝေးကြီးနေပေမယ့် နီးစပ်နေသလိုတခါတလေလဲ အခန့်မသင့်တာနဲ့ မခေါ်မပြောနိုင်ဖြစ်တတ်ကြတာမျိုးပဲ...အရှေ့တိုင်းလို အိန္ဒိယလိုနိုင်ငံမျိုးမှာတော့ ပိုရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေရှိတာပေါ့...မိသားစုကြီးကနေ ပညာစုံကြင်ယာစုံလို့ သီးသန့်အိမ်ထောင်ခွဲသွားကြပေမယ့်ကိုယ်ပိုင်မိသားစုတစ်ခုစီတိုင်းမှာလဲ ကိုယ်ပိုင်ဝေဒနာတွေက အသီးသီးရှိနေကြတာပဲ..။ဒီလို မိသားစုတွေကြားက ပြသနာလေးတွေကို အချိတ်အဆက်မိမိ တင်ပြထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်များစွာ သရုပ်ဆောင်သစ်များစွာပါဝင်ထားတဲ့အပြင်Haseen Dillruba ထဲက မင်းသား Vikrant Massey လဲပါဝင်ထားပါသေးတယ်။မိသားစုနဲ့အေးဆေးကြည့်ရှုဖို့သင့်တော်မယ့်ဇာတ်ကားပါ။  File size…(1.9 GB) / (999 MB) / (500 MB) Quality…WEB-DL 1080p / 720p / ...
movie

Ramprasad Ki Tehrvi (2021)