Channel Myanmar

Deimon Slagg

Round and Round (2023) 7.2
Round and Round (2023)  ဇာတ်လမ်းလေးကိုတော့ ရေချယ်က မိဘဖြစ်သူတွေရဲ့ပထမဦးဆုံးတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့နှစ်ပတ်လည်ဖြစ်တဲ့ ဟာနူကာပွဲတော် ခုနစ်ရက်မြောက်နေ့ကို သွားရောက်ဆင်နွှဲတာကို အစပြုထားပါတယ်။ ရေချယ်တစ်ယောက် သူတန်ဖိုးထားတဲ့ မိဘများရဲ့တွေ့ဆုံမှု အထိမ်းအမှတ်ဖြစ်တဲ့ ဂျယ်လီဒိုးနပ်တွေကို သွားယူပြီးနောက်မှာ ဆက်တိုက်ဆိုသလို တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့သာ ကြုံနေရပါတော့တယ်။နောက်တော့ သူမကို အဘွားဖြစ်သူက ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းဒရေတယ်ကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။ ရေချယ်တစ်ယောက် မောင်နှမတွေရဲ့တိုက်တွန်းမှုကြောင့် ဒရေတယ်ကစားနည်းကို အဘွားဖြစ်သူပေးထားတဲ့ ဒရေတယ်ဖြင့် ဝင်ရောက်ကစားရာမှ တူညီတဲ့တစ်ရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းနေရတဲ့ ထူးဆန်းဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ကျော်လွှားဖို့ သူ ဘယ်လိုအဖြေရှာမလဲ။ ဒီအဖြစ်အပျက်ရော ဘာကြောင့်ဖြစ်လာတာလဲ။တရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းပြီးနောက်မှာ ရေချယ်တစ်ယောက် သူမရဲ့အခက်အခဲတွေကိုရော ဖြေရှင်းနိုင်ပါ့မလား စသဖြင့် အရွယ်ရောက်ပြီးသူတိုင်းတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို အံ့ဖွယ်ဖြစ်ရပ်နဲ့ အချစ်ဟာသရောပြိီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူးလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဟာနူကာပွဲတော်ဓလေ့ကိုလည်း တစေ့တစောင်းလေ့လာခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.5 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Fantasy Subtitle….Myanmar ...
movie

Round and Round (2023)

John, 316 (2021) 5
John, 316 (2021) ယောကျာ်းဖြစ်သူနဲ့ကွဲကွာပြီးခါစ အက်ဘ်ဘီနဲ့ အမြဲပျော်ရွှင်စနောက်နေတတ်တဲ့ နိုက်တမ် သူတို့နှစ်ယောက် သူနာပြုဆရာဝန်အဖြစ်အလုပ်လုပ်နေတဲ့ စိတ္တဇဆေးရုံကို ဂျွန်ဒိုးလို့ခေါ်တဲ့ စိတ်ဝေဒနာသည်တစ်ယောက်ရောက်လာတဲ့အခါ.... ထူးဆန်းအံသြဖွယ်ရာတွေလုပ်ပြနိုင်တဲ့အတွက် တခြားစိတ်ဝေဒနာသည်များက ဂျွန်ဒိုးကို ယေရှုခရစ်လို့ထင်သွားကြပါတော့တယ်။ ဂျွန်ဒိုးရဲ့ဆုံးမသြဝါဒတွေကို နာခံကြတဲ့လူနာတွေဟာ ဆေးသောက်စရာမလိုတဲ့အထိ ရောဂါသက်သာလာကြပါတယ်။အဲဒါကြောင့်မို့ ဆေးရုံကိုထောက်ပံ့ပေးနေတဲ့ဆေးကုမ္ပဏီနဲ့ဂျွန်ဒိုးတို့ကြား ပြဿနာဖြစ်လာပါတော့တယ်။ဒါ​ကြောင့် လူနာတွေကို ဆေးအတင်းအကြပ်တိုက်ခိုင်းဖို့ ဆေးရုံဘုတ်အဖွဲ့က ခရစ်စတာဒါနဲ့ ဒေါက်တာလူးကပ်ကို ခန့်အပ်လိုက်တဲ့အခါ ဂျွန်နဲ့တခြားဝေဒနာသည်တွေ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။အက်ဘ်ဘီနဲ့နိုက်တမ်တို့ရဲ့အချစ်ဇာတ်လမ်းအပြင် စိတ်ဝေဒနာသည်တွေရဲ့ ရယ်စရာအဖြစ်အပျက်လေးတွေပါ ပေါင်းစပ်ထားတဲ့အတွက် ကြည့်ပျော်တဲ့ ဇာတ်ကားလေးဖြစ်မယ်ဆိုတာ သေချာပါတယ်ဗျာ။ File size…(1.6 GB) / (900 Mb) / (500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Seiji
movie

John, 316 (2021)